၂၀၂၂ ခုနှစ်အတွက် ဖုန်းရွှေယတြာအစီအမံများ

၂၀၂၂-ခုနှစ်သည် တရုတ်ရိုးရာဗေဒင်ပညာအရ ကျားနှစ်ဖြစ်သည်။ Flaying Star-8 အရ ချမ်းသာကြွယ်ဝမှုကို အနောက်မြောက် အရပ်မှ လွှမ်းမိုးသောနှစ်ဖြစ်သည်။ ၎င်းအရပ်မျက်နှာမှ ချမ်းသာကြွယ်ဝမှုနှင့် အောင်မြင်မှုစွမ်းအားကို ယူဆောင်ပေးမည်ဖြစ်သည်။

– ဒင်္ဂါးပြားပေါ်တွင် ထိုင်နေသော ကျားရုပ်သည် ကံကောင်းချမ်းသာခြင်း၏ နိမိတ်ကို ဖော်ကြူးပေရာ လုပ်ငန်းနေရာ၊ နေအိမ်နေရာများ၏ အနောက်မြောက်အရပ်တွင် ၎င်းအရုပ်ကို ထားရှိခြင်းဖြင့် ငွေကြေးဓန ပေါကြွယ်ဝလာစေပါမည်။

– အပိုဝင်ငွေနှင့် ကံကောင်းခြင်းများအတွက်  အနီရောင်ဖဲကြိုးဖြင့် ချည်ထားသော I-Ching ဒင်္ဂါးသုံးပြားကို ချိတ်ဆွဲထားပါ။

– စားဝတ်နေရေးအခက်ခဲများ ပြေပျောက်စေရန် တံမြက်စည်းများနှင့် ခြေသုတ်ဝတ်များကို လူမြင်ကွင်းတွင် ထားခြင်းမှ ရှောင်ပါ။

– ငွေကြေးကုန်ကျမှု လေလွင့်မှုမရှိစေရန် အိမ်သာအဖုံးကို လူမသုံးချိန်တွင် ဖုံးအုပ်ထားပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

-နေအိမ်တွင် ကံကောင်းခြင်းများ ရရှိစေရန် ကြေးဝါ၊ သစ်သား (သို့) ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ခြေသုံးချာင်းပါသည့် ဖားရုပ်ကို နေအိမ်တွင် ထားရှိပါ။

-ဘဏ္ဍာရေး ကံကောင်းစေရန် မီးဖိုခန်းနောက်ဖက်နံရံတွင် မှန်တစ်ချပ် တပ်ဆင်ထားပါ။

– မကောင်းသောအတိုက်အခိုက်များ ကာကွယ်ရန် နေအိမ် (သို့) အလုပ်ခန်း၏ အရှေ့ဘက်တွင် နဂါးရုပ်ထု၊ နဂါးပါသောပုံကို ထားရှိပါ။ (အိပ်ခန်းတွင်း နဂါးမထားရပါ။)

– မိသားစုကံကောင်းစေရန် သစ်ချောင်း ၆ ချောင်း (သို့) ၈ချောင်းပါသော လေတိုက်လျှင်  လှုပ်ခတ် အသံမြည်သော ခေါင်းလောင်းကို အရှေ့အရပ်တွင် တပ်ဆင်ထားပါ။

ဤကား ၂၀၂၂-ခုနှစ် ကျားနှစ်အတွက် လူတိုင်းအသုံးချနိုင်သော ဖုန်းရွှေယတြာအစီအမံများ ဖြစ်ပေသည်။ လက်တွေ့အသုံးချပြီး ကောင်းကျိုးဖြစ်ထွန်းကြပါစေသတည်း…

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့်ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)