၂၀၂၂ ခုနှစ်အတွက် ဘာဘာဗန်ဂါရဲ့ ဟောကိန်း (၆) ခု

ကမ္ဘာသိ အကြားအမြင်ရ အတပ်ဟောပညာရှင်တွေထဲမှာ နော်စရာဒေးမတ်စ်လိုပဲ မျက်မမြင် အဘွားအိုကြီး ဘာဘာဗန်ဂါကလည်း သူ့နည်းသူ့ဟန်နဲ့ နာမည်ကျော်လူသိများပါတယ်။ ၁၉၁၁ ခုမှာ မွေးပြီး ၁၉၉၆ ခုနှစ်မှာ ကွယ်လွန်ခဲ့ပေမဲ့ ဘူလ်ဂေးရီးယားနိုင်ငံသူ ဘာဘာဗန်ဂါရဲ့ ဟောကိန်းတွေက အတိုင်းအတာတစ်ခုအထိကို မှန်ကန်နေပါတယ်။

ဥပမာ 9/11 လို အကြမ်းဖက်တိုက်ခိုက်မှုကိစ္စ၊ ၂၀၀၄ အင်ဒိုနီးရှားဆူနာမီ ၊ ISIS အစွန်းရောက်တွေပေါ်မယ့် ဟောချက်စတဲ့ ကမ္ဘာကျော်အဖြစ်အပျက်တွေကို ကြိုတင် ဟောပြောနိုင်ခဲ့တယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အခု လာမယ့် ၂၀၂၂ ခုနှစ်မှာရော ဘာဘာဗန်ဂါက ဘာတွေ ဟောထားသလဲ၊ ဘာတွေ ဖြစ်ပျက်လာနိုင်လဲ ဆိုရင် သူက အဓိကအချက် (၆) ချက်ကို ဟောကိန်းထုတ်ထားတယ်လို့ သူ့ဟောဆိုချက်တွေကို သိမ်းဆည်း မှတ်တမ်းပြု ဖော်ထုတ်နေသူတွေက မီဒီယာတွေကနေတစ်ဆင့် တင်ပြလာပါတယ်။ ဒါတွေကတော့..

(၁) ငလျင်နဲ့ ဆူနာမီ အပါအဝင် ၂၀၂၂ ခုနှစ်မှာ ကမ္ဘာကြီးဟာ ဆိုးရွားပြင်းထန်တဲ့ သဘာဝကပ်ဘေးတွေနဲ့ ရင်ဆိုင်ရလိမ့်မယ် ၊ အာရှနဲ့ သြစတြေးလျမှာ ရေဘေးသင့်နိုင်ပြီး တခြားဒေသတွေမှာ အပူလှိုင်းဖြတ်တာနဲ့ တောမီးလောင်တာတွေ ပြင်းပြင်းထန်ထန် ဖြစ်လာနိုင်တယ်။

(၂) ကိုဗစ်တောင် အရှင်း မပြတ်သေးချိန် ၂၀၂၂ မှာ နောက်ထပ် လူအသေစေနိုင်တဲ့ဗိုင်းရပ်စ်အသစ်တစ်မျိုး ထပ်ပေါ်လာမယ်၊ ဆားဘီးယားမှာ ရေခဲထဲ ပျော်ဝင်နေတဲ့ဗိုင်းရပ်စ်ဟာ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် သက်ဝင် နိုးထလာပြီး ကမ္ဘာကို ခြိမ်းခြောက်အန္တရာယ်ပြုလာနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၃) လူနေထူထပ်တဲ့မြို့ကြီးတွေမှာ သောက်ရေ ရှားပါးပြတ်လပ်မှု ဖြစ်လာပြီး မြို့ပြနေသူတွေတိုင်း သောက်ရေ အလုံအလောက် မရတဲ့ပြဿနာ ဖြစ်လာနိုင်တယ်၊ အဲဒီကနေတစ်ဆင့် နိုင်ငံရေးအကျိုးဆက်တွေပါ ဖြစ်လာပြီး လူတွေဟာ သောက်ရေရမယ့် တခြားနည်းလမ်းပေါင်းစုံကို ရှာဖွေလာကြမယ်။

(၄) ဂြိုဟ်သားတွေရဲ့ ကျူးကျော်ရန်စမှုကို ခံရနိုင်တယ်၊ တနည်းအားဖြင့် သက်ရှိတွေ ပါလာတဲ့ တခြားကမ္ဘာက ယာဉ်တစ်မျိုးဟာ ကမ္ဘာကို ရောက်လာလို့ လူတွေအားလုံး ရှော့ခ် ဖြစ်သွားနိုင်တယ်။ (ဒါက ဖြစ်နိုင်ခြေနည်း)

(၅) အိန္ဒိယမှာ အပူချိန်က ၅၀ ဒီဂရီဆဲစီးယပ်စ်အထိ မြင့်လာလို့ သီးနှံတွေ၊ စိုက်ခင်းတွေမှာ ဖျက်ပိုးတွေ ကျပြီး အကြီးအကျယ် ရိုက်ခတ်လာနိုင်တယ်၊ မိုးခေါင်ခြောက်သွေ့ရာကနေ အငတ်ဘေးတွေ ဆိုက်လာနိုင်တယ်။

(၆) လူသားတွေဟာ အတုယောင်နည်းပညာ (Virtual Reality) ကို အရူးအမူး စွဲလန်းလာကြလို့ လူစင်စစ်က သွေးစုပ်ဖုတ်ကောင်တွေလို ဖြစ်လာပြီး ကိုယ့်ဦးနှောက်ကိုယ် အသုံးချနိုင်စွမ်း နည်းလာမယ်။ အလကားနေရင်း ဖုန်းပွတ်၊ လူမှုကွန်ရက်ပေါ်က မဆင်း ဖြစ်လာပြီး လူသားကို နည်းပညာက လွှမ်းမိုးတော့မယ် (ဖြစ်နိုင်တယ်)

ဒီဟောကိန်း (၆) ခုဟာ ဘာဘာဗန်ဂါရဲ့ ၂၀၂၂ ခုနှစ်အတွက် သီးသန့်ဟောဆိုချက်တွေ ဖြစ်ပြီး တကယ်တမ်း ဖြစ်လာမလား ဆိုတာကတော့ စောင့်ကြည့်ဖို့ပဲ ရှိပါတယ်။ ဧက (ဗေဒင်သုတ) စုစည်းတင်ပြပါတယ်။

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)