၂၀၂၂ မှာ ကိုယ့်ကံကြမ္မာကိုယ် ပြောင်းလဲနိုင်မယ့်ရာသီခွင်များ

၂၀၂၂ ခုနှစ်မှာ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ပြောင်းလဲပစ်နိုင်မယ့်ရာသီဖွားတွေ ရှိသလို ကိုယ်လိုချင်တဲ့ဘဝမျိုး ရလာအောင် ကိုယ်တိုင် စွမ်းဆောင်နိုင်မယ့် ရာသီဖွားတွေလည်း ရှိနေပါတယ်။ သူတို့တွေကတော့…

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ပြင်းပြတဲ့ဆန္ဒတွေနဲ့ ဘာကိုမှ မကြောက်တတ်တဲ့ မိဿတွေအဖို့ ၂၀၂၂ မှာ ကိုယ့်ကံဇာတာကို ကိုယ်တိုင် ဖန်တီးယူဖို့ အခြေအနေတွေ ရလာပါလိမ့်မယ်။ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပါလာစေ အပြောင်းအလဲနဲ့ အသားကျအောင်လည်း ခပ်သွက်သွက် လှုပ်ရှားသွားနိုင်ပါလိမ့်မယ်။

ကန်ရာသီဖွား ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – အသေးစိတ်ကအစ စနစ်ကျတဲ့သူတွေဖြစ်လို့ ၂၀၂၂ မှာ ဖြစ်ပေါ်လာတဲ့ အပြောင်းအလဲမှန်သမျှကို ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း အကောင်အထည်ဖော်နိုင်ပြီး လိုရာခရီးပန်းတိုင်ကို ရွေ့လျား ပြောင်းလဲပစ်နိုင်ပါလိမ့်မယ်။ လေ့လာမှုအားတွေကို အသုံးချနိုင်ပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – လိုချင်တာရဖို့ ဆိုရင် စွန့်စားရမှာ ဝန်မလေးတဲ့၊ နေသားကျဘဝ နဲ့ ပုံစံခွက်တွေကို ငြီးငွေ့လွယ်တတ်တဲ့သူတွေ ဖြစ်လို့ ၂၀၂၂ မှာ ကြုံလာသမျှ အပြောင်းအလဲတိုင်းကို ဘယ်သူ့ ဝေဖန်မှုမှ ဂရုမစိုက်ဘဲ ရင်ဆိုင်ပြောင်းလဲပစ်နိုင်လိမ့်မယ်။အပြောင်းအလဲကောင်းကို ယူဆောင်လာနိုင်မယ်။

အထက်ပါ ရာသီဖွား ၃ မျိုးလိုပဲ ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) ၊ သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)  နဲ့ ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) တွေဟာလည်း ၂၀၂၂ ခုနှစ်မှာ ကိုယ်လိုချင်တဲ့ ဘဝအနေအထားမျိုးကို ကိုယ့်အစွမ်းအစနဲ့ တဖြည်းဖြည်း ပုံဖော်ရယူလာနိုင်ပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အထူးသဖြင့် ပြိဿရာသီဖွားတွေဟာ ၂၀၂၂ မှာ သိသာထင်ရှားတဲ့ ဘဝအခြေအနေ အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်လာနိုင်ပြီး သိဟ်ရာသီဖွားကတော့ အသက်မွေးမှု၊ အလုပ်အကိုင်၊ စီးပွားရေးမှာ အပြောင်းအလဲကြီးတွေ ဖြစ်လာနိုင်ပါတယ်။ ဗြိစ္ဆာတွေကတော့ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုဘဝဆက်ဆံရေးမှာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ဖြစ်တည်လာနိုင်ပါတယ်။

အပြောင်းအလဲတိုင်းမှာ ကံကောင်းစေဖို့ ဆန္ဒပြုလိုက်ရပါတယ် – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)