၂၀၂၂ ၊ ဇူလိုင်လအတွက် ပုဂ္ဂလတ်နာမည်ဟောကိန်း

-အမည်(အ၊ဥ၊ ဧ၊ သြ) နှင့်စသောသူများ

မိသားစုတွင်းသော်လည်းကောင်း မိမိကိုယ်တိုင်သော်လည်းကောင်း ငွေကြေးရုတ်တရက်ဝင်ခြင်းရှိမည်။ ကြန့်ကြာနေသော ငွေကြေးများပြန်လည်တောင်းခံနိုင်သည်။ အချစ်ရေး မေတ္တာရေးတွင် ချစ်သူခရီးတိုသွားရခြင်း ကြုံမည်။ မိမိစိတိုင်းမကျမှုများကြောင့် စကားများခြင်း ပဋိပက္ခဖြစ်ရတတ်သည်။

ကျန်းမာရေးတွင် ပေပေတေတေ မနေသင့်ပါ။ ဆေးရုံဆေးခန်း ပြသရတတ်သည်။ ဦးခေါင်း ဦးနှောက်အရုံကြောနှင့် ခါးမျက်ခါးနာသတိပြုပါ။ ပညာရှာသူများအဖို့ ပညာကံကောင်းသည်။ တစ်ခုထက်မကသော ပညာများ ဆည်းပူးနိုင်မည်။

ယတြာ – အင်္ဂါနေ့ မနက်တွင် ဖယောင်းတိုင်အနီ ၃တိုင်ထွန်းညှိပြီး ဘုရားဆီမီးပူဇော်ပါ။

-အမည် (က၊ခ၊ ဂ၊ ဃ၊ င)နှင့်စသောသူများ

ငွေကုန်ကြေးကျများနေတတ်သည်။ ရစရာရှိသည်များပြန်မရတတ်ခြင်း ငွေများနစ်မြုပ်နေတတ်ခြင်း များကြောင့် စိတ်ပင်ပန်းရတတ်မည်။ ငွေကြေးနှင့်ပက်သက်ပြီး စွန့်စားမှုများ မလုပ်သင့်သေးပါ။

အချစ်ရေး မေတ္တာရေးတွင် ရန်ပဋိပက္ခဖြစ်ရတတ်သည်။ သဘောထားကွဲလွဲတတ်သည်။ အိမ်ထောင်သည်များအဖို့ အိမ်ထောင်ဖက် ကျန်းမာရေး ထိခိုက်မှုသတိပြုရပါမည်။

ကျန်းမာရေးတွင် အညံ့မရှိပါ။ ခြေသလုံး ကြွက်သား နှင့် ဒူးနာခြင်း သတိပြုရပါမည်။ အဆီအစိမ့်လျှော့စားပါ။ ပညာရေးတွင် ကြိုးစားသလောက်အောင်မြင်မှုရမည်။

ယတြာ- သောကြာနေ့ မနက်တွင် သစ်သီးဆွမ်းကပ်လှူပါ။

-အမည်(စ၊ဆ၊ဇ၊ဈ၊ည)နှင့်စသောသူများ

ငွေကြေးစီးပွားကိစ္စနှင့်ပက်သက်သော စကားပြောဆိုမှုများ အောင်မြင်မည်။ ရစရာရှိသော ငွေကြေးလာဘ်လာဘများနှင့်ပက်သက်ပြီး နှောင့်နှေးအထစ်ငေါ့ကြုံရတတ်ခြင်းသတိပြုရမည်။ အစ်ကိုကြီး အစ်မကြီးနှင့်ပက်သက်ပြီး စိတ်ညစ်ရတတ်သည်။

အချစ်ရေးတွင် စန်းပွင့်ခြင်း ပျော်ရွှင်ရခြင်းများ ကြုံရတတ်သည်။ ချစ်သူသစ်ရခြင်း အချစ်ရေးတွင ပျော်ရွှင်ရခြင်းများ ကြုံမည်။ကျန်းမာရေးတွင် ကြီးမားသောအညံ့မရှိပါ။ နှလုံး ရင် ၀မ်းနှင့်ဆိုင်သော ရောဂါများ အနည်းငယ်သတိပြုပါ။ အပူအစပ်များ လျော့စားပါ။

ပညာရေးတွင် အလုံးစုံ ကြံစည်သမျှအောင်မြင်မည်။

ယတြာ – စနေနေ့တွင် ဘုရားစေတီ စနေထောင့်တွင် သန့်ရှင်းရေးကုသိုလ်ပြုပါ။

-အမည်(ယ၊ရ၊လ၊၀)နှင့်စသောသူများ

အိမ်ထောင်ပရိဘောဂပစ္စည်း ဇိမ်ခံပစ္စည်းများ ၀င်လာတတ်သည်။ သော့ချိတ် လက်ဆောင်ရကကံကောင်းမည်။ ငွေကြေး ၀င်သော်လည်း ငွေမမြဲတတ်ခြင်း ငွေကုန်များတတ်ခြင်းများရှိသည်။

မေတ္တာရေးတွင် နားလည်မှု ရှိရန်လိုအပ်သောကာလဖြစ်သည်။ နားလည်မှု ကွဲလွဲတတ်သည်။ အလုပ်သဘာသဘာဝအရ ခွဲခွာရတတ်ခြင်းကံရှိသည်။

ကျန်းမာရေးတွင် လေရောဂါသတိပြုပါ။ လေစာများလျော့စားပါ။ ပညာရေးကံကောင်းသည်။ အဆင့်မြင့်ပညာရေးပိုင်းတွင် နှောင့်နှေးကြန့်ကြာမှုရှိတတ်သည်။

ယတြာ – ကြာသပတေးနေ့မနက်တွင် အိမ်ဘုရားတွင် ပေါက်ပေါက်ဆွမ်းကပ်လှူပါ။

-အမည်(ပ၊ဖ၊ဘ၊ဗ၊မ)နှင့်စသောသူများ

ငွေကြေး အ၀င်ကောင်းမည်။ အဝေးမှ ရရန်ရှိသည်များ ကြန့်ကြာနေတတ်သည် ။ လက်ထဲငွေမမြဲတတ်သောကြောင့် လိုအပ်သလောက်သာကိုင်ထားသင့်သည်။

အချစ်ရေး မေတ္တာရေးတွင် ကံကောင်းသည်။ သက်ဆိုင်သူနှင့်ပက်သက်ပြီး စိတ်ချမ်းသာစရာကြုံရတတ်သည်။ စန်းပွင့်မည်။ မေတ္တာရေးအကြံအစည်များ အောင်မြင်မည်။

ကျန်းမာရေးတွင် ရောဂါကုသပျောကင်းမည်။ အညံ့ဆိုးများကင်းလွတ်သွားမည်။ နှလုံးတုန်ခြင်း၊ အူလမ်းကြောင်းပိုင်း အားနည်းတတ်ခြင်းသတိပြုပါ။ အပူအစပ် လွန်ကဲစွာမစားသင့်ပါ။ ပညာရေးတွင် စိတ်မပါခြင်း သင်ယူလိုစိတ်ကုန်ခမ်းခြင်းများရှိလာတတ်သည်။

ယတြာ – စနေနေ့ ညနေတွင် ဖိနပ်ဟောင်းတစ်စုံကို အိမ်၏ အဝေးတွင်စွန့်ပစ်ပါ။

-အမည် (သ၊ ဟ) နှင့်စသောသူများ

အစီအစဉ်ချပြီးလုပ်ကိုင်ဆောင်ရွက်မှုများမှ အောင်မြင်မည်။ ငွေကြေး ကံကောင်းမည်။ အိမ်ခြံ မြေကိစ္စ များမှ ငွေကြေးအကျိုးအမြတ်ဖြစ်ထွန်းမည်။ ပိုက်ဆံအိတ်အတွင်း ဟောင်းနွမ်းနေသော အဆောင်အင်း လက်ဖွဲ့များ မထားသင့်ပါ။

မေတ္တာရေးတွင် ထင်သလိုဖြစ်မလာတတ်ခြင်းများရှိမည်။ နှောင့်နှေးကြန့်ကြာမှုမျာရှိနေတတ်မည်။ ချစ်သူမရှိသူများအဖို့ အရေးကြီးသော ဆုံးဖြတ်ချက်များ ယခုလအတွင်း မချသင့်သေးပါ။

ကျန်းမာရေးတွင် အဆိပ်ရှိသော သတ္တဝါကိုက်ခံရခြင်းသတိပြုပါ။ အခြားကြီးမားသောအညံ့မရှိပါ။ ပညာရေးကိစ္စများတွင် ပညာရေးထက် စီးပွားဘက် ပိုမိုအာရုံစိုက်မှုကြောင့် အားနည်းတတ်ခြင်းသတိပြုပါ။

ယတြာ – ကြာသပတေးနေ့ မနက်တွင် ပဲနို့ဆွမ်းကပ်လှူပါ။

-အမည်(တ၊ထ၊ဓ၊န၊ဒ၊ ဋ၊ ဌ၊ ဍ၊ ဒ ၊ ဓ ၊ ဏ)နှင့်စသောသူများ

အလုပ်အကိုင်အကြံစည်များ ထစ်ငေါ့နေတတ်ခြင်း ၊ ကိုယ်တိုင် ဆုံးဖြတ်ချက် မပြတ်သားခြင်းများ ရှိလာတတ်သည်။ ထီပေါက်ခြင်း ထီပေါက်သလို ငွေဝင်တတ်ခြင်း ကံရှိသည်။ ငွေအလုံးအရင်းဝင်တတ်သည်။

အချစ်ရေး မေတ္တာရေး တွင် ကံအားနည်းသည်။ ရုတ်တရက် စိတ်လိုက်မာန်ပါ ပြောဆိုလုပ်ကိုင်ခြင်းကြောင့် ပြဿနာဖြစ်ရတတ်သည်။

ကျန်းမာရေးတွင် ရောဂါဟောင်းများပြန်ဖြစ်တတ်သည်။ ကျောက်ကပ် သွေးတိုး နှင့်ဆိုင်သောရောဂါသတိပြုပါ။ အနက်ရောင် ၀တ်ဆင်ခြင်းရှောင်ပါ။ ပညာရေးတွင် လုပ်သမျှထွန်းပေါက်မည်။ ပညာရေးကံထိပ်တန်းကောင်းသည်။

-ယတြာ – ကြာသပတေးနေ့မနက်တွင် မျက်နာသုတ်ပဝါ ဘုန်းတော်ကြီးအားလှူဒါန်းပါ.

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)