၂၀၂၂ ၊ အောက်တိုဘာလအတွက် ပုဂ္ဂလတ်နာမည်ဟောကိန်း

အမည်(အ၊ဥ၊ ဧ၊ သြ) နှင့်စသောသူများ

ယခုလအတွင်း အမျိုးသမီး အကြီးအကဲအချို့ထံမှ အကူအညီရတတ်မည်။ လူမှုရေး ပြဿနာ အချို့ ဖြေရှင်းအဆင်ပြေမည်။ စိတ်မွန်းကြပ်မှုအခြေအနေအချို့မှ လွတ်မြောက်မှုရမည်။ မိသားစုအတွင်း လုပ်ငန်းကိစ္စများ ညှိနှိုင်းအဆင်ပြေမည်။ အလုပ်မရှိသူ အလုပ်သစ်ရခြင်း၊ လုပ်ငန်းတိုးတက်ခြင်းကြုံမည်။ ကိုယ်တိုင် လုပ်ငန်းစီးပွားတိုးတက်မှုကြုံရမည်။ မထင်မှတ်သော သူထံမှ လက်ဆောင်ရတတ်မည်။ အလှူဒါနနှင့်ပက်သက်သောကိစ္စများ အကောင်အထည်ဖော်ဖြစ်မည်။ ပျိုရွယ်သူများ မေတ္တာရေးတွင် လက်ဆောင်ရခြင်း ပျော်ရွှင်ရခြင်းကြုံမည်။ ကျန်းမာရေးပိုင်း ပြန်လည်တိုးတက်ကောင်းမွန်လာမည်။

ယတြာ – သောကြာနေ့ မနက်တွင် ပန်းအဖြူရောင် ၆ပွင့်ဘုရားကပ်လှူပြီးလိုရာဆုတောင်းပါ။

အမည် (က၊ခ၊ ဂ၊ ဃ၊ င)နှင့်စသောသူများ

အများနှင့် သက်ဆိုင်သောလုပ်ငန်းကိစ္စများတွင် အရေးပေးခံရခြင်းကြုံမည်။ ယခုလအတွင်း တစ်ပါးသူပေါ် စည်းရုံးသိမ်းသွင်းနိုင်စွမ်းမြင့်မားလာမည်။ အသင်းအဖွဲ့ များ အများနှင့်သက်ဆိုင်သောကိစ္စများတွင် မျက်နှာပန်းလှမည်။ မိမိကာလအတန်ကြာ စိတ်ကူးထားသော ကိစ္စများ အစပြိုးဖြစ်တတ်မည်။ စိတ်ပိုင်းဆိုင်ရာ ဆုံးဖြတ်မှုများ မှန်ကန်သောဘက်ဦးတည်လာမည်။ အလုပ်သစ် နေရာသစ် ဝန်းကျင်သစ် အချို့နှင့် စတင်ရတတ်မည်။ လုပ်ငန်း လစာတိုးတက်မှုရတတ်မည်။ အမျိုးသမီးပိုင်း အကြီးအကဲများ၏ ကူညီဆောင်မှုကြုံမည်။ ပျိုရွယ်သူများ စန်းပွင့်ခြင်း အချစ်သစ်တွေ့ရခြင်းဖြစ်တတ်မည်။ ကျန်းမာရေးတွင် အညံ့ကြီးကြီးမားမားမရှိတတ်ပါချေ။ အိမ်ထောင်ရေးတွင် သာယာနေတတ်မည်။
ယတြာ- တနင်္လာနေ့မနက်ပိုင်းတွင် သီလရှင် တစ်ပါးအား ငွေ ကိုးဂဏန်းလှူပါ။

အမည်(စ၊ဆ၊ဇ၊ဈ၊ည)နှင့်စသောသူများ

ဆွေမျိုး အသိုင်းဝိုင်းအတွင်း မီးဖွားခြင်း နိမိတ်ထူးကြုံပါက မိမိအတွက် ကံကောင်းထောက်မမှုကြုံရမည်။ အောက်လက်ငယ်သား သားသမီး များနှင့် ပက်သက်ပြီး ပျော်ရွှင်စရာကိစ္စများကြုံမည်။ မိသားစုတွင် းခရီးကိစ္စ စီစဉ်ထားသူများ ခရီးထွက်ဖြစ်မည်။ လုပ်ငန်းကိစ္စများတွင် ကံတရား၏ မျက်နှာသာပေးမှု ကြုံရတတ်မည်။ အခွင့်အရေးကို ကိုယ်တိုင် ဖမ်းဆုပ်နိုင်ရန်အရေးကြီးသည်။ မေတ္တာရေးတွင် စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းများဖြစ်ပေါ်တတ်မည်။ လူမှုရေးပိုင်းတွင် လူယုံဒုက္ခပေးတတ်ခြင်းသတိပြုရပါမည်။ ကျန်းမာရေပိုင်းတွင် ခါးမြက်ခါးနာ ကျောက်ကပ် နှင့် ထိခိုက်ရှနာအနည်းငယ်သတိပြုပါ။
ယတြာ – တနင်္ဂနွေနေ့ ညနေတွင် အဝတ်အစားဟောင်းတစ်စုံအား စွန့်ပစ်ပါ။

အမည်(ယ၊ရ၊လ၊ဝ)နှင့်စသောသူများ

ခရီးအနီးအဝေး ထွက်ရတတ်မည်။ ငွေကြေးကိစ္စအတွက် ပြောဆိုညှိနှိုင်းမှုများ အဆင်ပြေမည်။ တီထွင်ဖန်တီးမှု စွမ်းရည်မြင့်မားလာမည်။ အလုပ်ကိစ္စများ ကြိုးစားသလောက်ကံအခွင့်လမ်းပွင့်လန်းမည်။ စပ်တူရှယ်ယာ အကျိုးတူစီးပွားကိစ္စများမှ ငွေကြေးအကျိုးအမြတ်ဖြစ်ထွန်းမည်။ အနာဂတ်နှင့်ပက်သက်သော လုပ်ငန်းစီမံကိန်းများ ပေါ်ထွန်းလာမည်။ မေတ္တာရေး ကိစ္စများတွင် အနိမ့်အမြင့်အတက်အကျများနေတတ်မည်။ မိမိအတွင်းစိတ်မှ ဖြစ်လိုသောကိစ္စများကို သေချာစဉ်းစား ဆုံးဖြတ်လုပ်ကိုင်ခြင်းဖြင့် အဆင်ပြေလာမည်။ ကျန်းမာရေးတွင် ရံဖန်ရံခါ ခြူခြာတတ်ခြင်းသာဖြစ်တတ်သည်။ လျှို့ဝှက်ပြီးလုပ်ရသော ကိစ္စများမှ အောင်မြင်မှုရမည်။
ယတြာ – တနင်္လာနေ့တွင် မိခင် (သို့) အမျိုးသမီးအကြီးအကဲတစ်ဦးအား ဒိန်ချဉ် ဒါနပြုပါ။

အမည်(ပ၊ဖ၊ဘ၊ဗ၊မ)နှင့်စသောသူများ

ယခုလအတွင်း အပြိုင်အဆိုင် အတိုက်အခံများနေတတ်မည်။ ဆက်ဆံရာ နေထိုင်ရာဝန်းကျင်တွင် ဆန့်ကျင်ဘက်ပြုသူများနှင့် ဆုံစည်းရတတ်သည်။ လုပ်ငန်း စီးပွားကိစ္စများတွင် တစ်ဦးတည်းလုပ်ခြင်းထက် အဖွဲ့အစည်း အသိုင်းဝိုင်းနှင့် ပူးပေါင်းလုပ်ဆောင်ရသော လုပ်ငန်းများမှ အဆင်ပြေမှု ကြုံမည်။ မေတ္တာရေးကိစ္စများတွင် ကိုယ်တိုင်ဆုံးဖြတ်ရခက်ခြင်း မပြတ်သားခြင်းများကြောင့် စိတ်ညစ်ရတတ်သည်။ ကျန်းမာရေးတွင် အမြင်အာရုံ မျက်စိ အားနည်းတတ်သည်။ ခရီးသွားခြင်း ဖြင့် စိတ်ပေ့ါပါးပျော်ရွှင်ရတတ်မည်။ အလေးအနက်ထား လုပ်ဆောင်ခြင်းထက် ပေါ့ပေါ့ပါးပါးနေထိုင်လုပ်ကိုင်ခြင်းက ပိုမိုကောင်းမွန်သော အနေအထားသို့ ရောက်စေပါမည်။
ယတြာ – စနေနေ့ တစ်ရက်တွင် ခွေးစာကျွေးခြင်းကုသိုလ်ပြုပါ။

အမည် (သ၊ ဟ) နှင့်စသောသူများ

ကံအနိမ့်အမြင့်အတက်အကျများနေတတ်မည်။ ဆိုးတစ်ခါ ကောင်းတစ်လှည့် ဖြစ်နေတတ်သော ကာလဖြစ်သည်။ လုပ်ငန်းကိစ္စများအတွက် ခရီးဝေးသွားရခြင်း၊ ခရီးကိစ္စသွားရင်း လုပ်ငန်းအတွက် အချိန်ပေးရခြင်းများ ရှိမည်။ လုပ်ငန်းနှင့်ပက်သက်ပြီး အကြံအစည်သစ် စတင်ခြင်း တိုးချဲ့လုပ်ဆောင်ရခြင်းများ ကြုံရတတ်မည်။ ယဉ် ကား နှင့်ပက်သက်သောကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ မေတ္တာရေးတွင် လုပ်ငန်း ကိစ္စ ခရီးကိစ္စများကြောင့် အချိန်မပေးနိုင်ဖြစ်နေတတ်မည်။ ကျန်းမာရေးတွင် မကြာခဏ မောပန်းခြင်း လုပ်ငန်းခရီးကိစ္စကြောင့် ပင်ပန်းရတတ်ခြင်းမှအပ အညံ့ဆိုးမရှိပါ။
ယတြာ – အင်္ဂါနေ့တွင် ဖယောင်းတိုင်အနီ ၈တိုင် ဘုရားရှင်အားဆီမီးပူဇော်ပါ။

အမည်(တ၊ထ၊ဓ၊န၊ဒ၊ ဋ၊ ဌ၊ ဍ၊ ဒ ၊ ဓ ၊ ဏ)နှင့်စသောသူများ

လုပ်ငန်းသစ်ပေါ်ခြင်း၊ အလုပ်သစ်တင်ခြင်းများ ကြုံမည်။ ရပ်ဝေး နိုင်ငံခြားနှင့် ဆက်စပ်လုပ်ဆောင်ရသော လုပ်ငန်းများ ပေါ်မည်။ ငွေကြေးကိစ္စများတွင် ရရန်ရှိသည်များပြန်လည်ရရှိမည်။ သတင်းစကားကောင်း ရပ်ဝေးနှင့်ပက်သက်ပြီးကြားသိရမည်။ လူငယ်လူရွယ်များ ခရီးသွားရင်း လုပ်ငန်းကိစ္စများ လုပ်ဆောင်ရင်း မေတ္တာရေးကိစ္စပေါ်တတ်သည်။ မိသားစုနှင့်အတူ ခရီးသွားရန် အကြောင်းပေါ်တတ်မည်။ ဝန်ထမ်းများ လုပ်ငန်း နေရာထိုင်ခင်း အပြောင်းလဲကြုံတတ်မည်။ ကျန်းမာရေးတွင် ဖျားနာမှု အနည်းငယ်ဖြစ်တတ်သည်။
ယတြာ – သောကြာနေ့တွင် ငါးစာကျွေးခြင်းကုသိုလ်ပြုပါ။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ10.1.2022
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)