၂၀၂၂ ၊ မေလအတွက် ပုဂ္ဂလတ်နာမည်ဟောကိန်း

အမည် (အ၊ဥ၊ ဧ၊ သြ) နှင့် စသောသူများ

ဖုန်းဝင်ခြင်း၊ ဆက်သွယ်ရေးနှင့်ပက်သက်သောပစ္စည်းဝင်ခြင်း ရှိမည်။ ရပ်ဝေးနိုင်ငံရပ်ခြား ရင်းနီးမြုပ်နှံမှုများမှ အကျိုးစီးပွားဖြစ်ထွန်းမည။် အိမ်ထောင်ရေး မေတ္တာရေး တွင် စိတ်ညစ်စရာအနည်းငယ် ရှိတတ်သောကာလ ဖြစ်သည်။ မိမိကိုယ်တိုင် ကျန်းမာရေးအားနည်းချက်ရှိတတ်သည်။ လူမျိုးကွဲ လူမျိုးခြားအကျိုးပေးမည်။ အစ်ကိုကြီး အစ်မကြီးများ ထိခိုက်မှု အသေးစား သတိ ပြုရမည်။

အမည် (က၊ခ၊ ဂ၊ ဃ၊ င)နှင့် စသောသူများ

ငွေလုံး ငွေရင်းဝင်လာတတ်သည်။ မိသားစုတွင်း ထူးခြားသောအပြောင်းအလဲအချို့ဖြစ်လာတတ်သည်။ ယဉ်ကား ခြံမြေကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ အိမ်ထောင်ရေး မေတ္တာရေး အနှောင့်အယှက် ပေါ်တတ်သည်။ ဦးခေါင်းမူးဝြေခင်း ကိုက်ခဲခြင်း ခံစားရတတ်သည်။ ရပ်ဝေးနှင့်ပက်သက်သော အကျိုးစီးပွား ဖြစ်ထွန်းမှုရှိမည်။

အမည် (စ၊ဆ၊ဇ၊ဈ၊ည) နှင့် စသောသူများ

လုပ်ငန်းအကြံအစည်များပေါ် ဇွဲရှိရန်လိုအပ်သည်။ အရာရာပေါ်အလောတကြီးဆောင်ရွက်၍မရတတ်ပါ။ ထီပေါက်ခြင်း ကံကြောင့်ငွေဝင်ခြင်းရှိသည်။ အိမ်ထောင်ပရိဘောဂပစ္စည်းသစ်ဝင်ခြင်း၊ အလှအပ အနုပညာဆိုင်ရာပစ္စည်းများ ၀င်မည်။ ညီအစ်ကိုမောင်နှမ အောက်လက်ငယ်သား ရာထူးတိုး လစာတိုးခြင်းများကြုံရတတ်သောကာလဖြစ်သည်။

အမည် (ယ၊ရ၊လ၊၀)နှင့် စသောသူများ

ရပ်ဝေးမှ အကြီးအကဲများထံမှ အထောက်အကူကောင်းရတတ်သည်။ ရပ်ဝေး ခရီး နိုင်ငံခြားခရီးစဉ်များ ပေါ်တတ်သည်။ လုပ်ငန်းခွင်တွင်း ထိခိုက်မှု သတိပြုရပါမည်။ အန္တရာယ်များသော ပစ္စည်းများ ကိုင်တွယ်သုံးစွဲခြင်း သတိပြုပါ။ အစ်ကိုကြီး အစ်မကြီး များထံမှ သတင်းစကားကောင်းကြားရမည်။ မိမိလိုအပ်ဆန္ဒအချို့ ပြည့်ဝရန် ကံအခွင့် လမ်းပေးတတ်သောကာလဖြစ်သည်။

အမည် (ပ၊ဖ၊ဘ၊ဗ၊မ)နှင့် စသောသူများ

အရေးပါသောစီမံကိန်းများ ချမှတ်ရမည်။ ငွေဝင်သော်လည်း ငွေထွက်များတတ်သောကာလဖြစ်သည်။ ရပ်ဝေး နိုင်ငံခြားနှင့်ပက်သက်သောကိစ္စများ ထင်သလိုအဆင်မပြေတတ်ပါချေ။ အလုပ်သစ်ရခြင်း လုပ်ငန်းသစ် စတင်ခြင်းများ ကြုံရတတ်မည်။ မထင်မှတ်ဘဲ ဘာသာရေးဆိုင်ရာပုဂ္ဂိုဟ်များ တွေ့ရတတ်သည်။ အစားမှား ဆေးမှား အနည်းငယ်ဂရုစိုက်ပါ။

အမည် (သ၊ ဟ) နှင့်စသောသူများ

အလှူဒါနပေးရတတ်ခြင်း အလှူပွဲလမ်းသဘင်များသို့ဖိတ်ကြားခံရခြင်းများရှိတတ်သည်။ ဖခင်ဘက်မှ အဖွားကျန်းမာရေးအားနည်းတတ်သည်။ ညီအစ်ကိုမောင်နှများထံမှ အဆက်အသွယ် သတင်းစကား ကြားရမည်။ ငွေကြေးလည်ပတ်မှုပုံမှန်အားကောင်းနေမည်။ ရင်ဝမ်းနှင့် ပက်သက်သော ရောဂါများသတိပြုပါ။ မိခင်(သို့) အမျိုးသမီးအကြီးအကဲအကြောင်းပြု၍ ငွေဝင်လာတတ်သည်။

အမည် (တ၊ထ၊ဓ၊န၊ဒ၊ဋ္ဌ၊ဏ)နှင့် စသောသူများ

စိတ်တိုလွယ်ခြင်း၊ ဒေါသထွက်စရာများကြုံလွယ်သည်။ ထီပေါက်ခြင်း ထီပေါက်သကဲ့သို့ ငွေဝင်ခြင်းမျိုး ကြုံရတတ်သည် ။ နေအိမ် မိသားစုတွင်း လုပ်ငန်း တိုးတက်မှုရှိမည်။ ဘာသာရေး အဆောက်အဦးများ သွားရောက်ရတတ်ခြင်းရှိမည်။ ဘဏ်နှင့်ပက်သက်သော ကိစ္စများ ဆောင်ရွက်အဆင်ပြေမည်။ မိခင်ဘက်မှ ညီအစ် ကိုမောင်နှများ နှင့်ဆုံစည်းရတတ်သည်။ ရုတ်ရက် တဇွတ်ထိုးလုပ်ခြင်း စိတ်အလိုလိုက်တတ်ခြင်းများ လျှော့သင့်သောကာလဖြစသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)