၂၀၂၃ ခုနှစ်မှာ ကံထူးကံပွင့်မယ့် ထိပ်တန်းရာသီဖွားများ

လက်ရှိ စတင်ဖြတ်သန်းနေတဲ့ ၂၀၂၃ ခုနှစ်မှာ ဘယ်ရာသီဖွားတွေက သူတပါးထက် ကံပိုထူးပြီး ဇာတာတွေ တက်နေမလဲဆိုတာ နက္ခတ်ဗေဒင်အရ ဖော်ပြပေးလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ –  ဧပြီ ၁၉)

ဒီနှစ် ၂၀၂၃ မှာ မိဿရာသီဖွားတွေဟာ အရင်နှစ်တွေထက် ငွေရေးကြေးရေးအခြေအနေ တိုးတက်လာနိုင်ပြီး ငွေရလမ်းတွေ၊ ထီပေါက်ကိန်းတွေပါ ရှိနေလို့ ပုံမှန် ကံစမ်းတာလေးတွေပါ လုပ်ပေးသင့်ပါတယ်။ ငွေကြေးကံ ထူးခြားမယ့်အပြင် မိတ်ဆွေအသိုင်းအဝိုင်းကောင်းနဲ့လည်း ထိတွေ့ဆက်ဆံရတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည် ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံးဝ ခွင့်မပြုပါ)

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

မနှစ်ကနဲ့ ယှဉ်ရင် ဒီနှစ် ၂၀၂၃ မှာ ဇာတာတွေ တက်ပြီး လက်မထောင်နိုင်မယ့်စာရင်းထဲမှာ ပြိဿရာသီဖွားတွေ ပါဝင်ပါတယ်။ အထူးသဖြင့် မေလနောက်ပိုင်းမှာ ကြံစည်လုပ်ဆောင်သမျှ လွယ်ကူချောမွေ့ အောင်မြင်လွယ်ပြီး ကောင်းသော အပြောင်းအလဲတွေ၊ တိုးတက်ဖြစ်ထွန်းမှုတွေ စတင် ကြုံတွေ့ရတတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

ဒီနှစ် ၂၀၂၃ မှာ တူရာသီဖွားတွေဟာ ကိုယ့်ဘက်က သိပ်အားစိုက်စရာ မလိုဘဲ ကံတရားရဲ့ပံ့ပိုးကူညီမှုကြောင့် လိုအင်ဆန္ဒတွေ ၊ ရည်ရွယ်ချက်တွေ ပြည့်ဝတတ်ပါတယ်။ ဒီနှစ်မှာ မိတ်သစ်ဆွေသစ်တွေ တိုးလာတာ၊ မိသားစု အသိုင်းအဝိုင်းနဲ့ နားလည်နွေးထွေးမှု ရလာတာ၊ မေတ္တာရေး ကံပွင့်တာတွေ ဖြစ်လာပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ –  သြဂုတ် ၂၂)

နဂိုတည်းက ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းထန်တဲ့ သိဟ်ရာသီဖွားတွေဟာ ဒီနှစ်မှာလည်း ငါလုပ်ရင် ဖြစ်တယ် ဆိုတဲ့ စိတ်ခွန်အားတွေ ပိုကြီးမားလာပြီး အပြောင်းအလဲကောင်းတွေကို အကောင်အထည်ဖော်ဖို့ အခွင့်အလမ်း ရလာပါလိမ့်မယ်။ ဘဝအခြေအနေ၊ အဆင့်အတန်း မြင့်မားဖို့ ဦးတည်လာတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ ပြန်လည်ကူးချခြင်း၊ YouTube တွင် အသံဖြင့် ပြန်လွှင့်ခြင်းများ လုံးဝ ခွင့်မပြုပါ)

ဖော်ပြပါ ရာသီဖွား ၄ ခုအပြင် မကာရရာသီဖွား ၊ မေထုန်ရာသီဖွားတွေကလည်း ကံဇာတာ အားသာချက်တွေ ရှိလာနိုင်တဲ့အတွက် ဒီနှစ်ထဲမှာ ကိုယ်ဖြစ်ချင်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်း ချီတက်နိုင်ကြမယ်လို့ မျှော်လင့်ရပါတယ်။ အနည်းငယ် အသေးစိတ် ပြောရရင်…

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) တွေဟာ နှစ်အတော်ကြာ ကြိုးစားလာခဲ့တဲ့ ရည်မှန်းချက်တွေ လက်တွေ့ ဖြစ်မြောက်လာနိုင်ပြီး မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) တွေကတော့ ဒီနှစ်မှာ ရာထူး တက်တာ၊ လုပ်ပိုင်ခွင့် ပိုရတာနဲ့ စီးပွားပိုဖြစ်တာတွေ ကြုံရတတ်ပါတယ်။

ရာသီဖွားအားလုံး ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)