၂၀၂၃ ခုနှစ်မှာ ကံကောင်းမည့် ရာသီဖွား (၅) ခု
၎) မေထုန်ရာသီဖွားများ (May 21 – Jun 21)
Unicode Font
မကြာခင် ၂၀၂၂ ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်ကို ကူးပြောင်းပါတော့မယ်။ လာမည့် ၂၀၂၃ ခုနှစ်အတွက် ကံကောင်းမည့် ရာသီဖွား (၅)ခုကို ရာသီခွင်နက္ခတ်အနေအထားအရ ဖော်ပြပေးလိုက်ပါတယ်…
၁) တူရာသီဖွားများ( Sep 23 – Oct 23 )
တူရာသီဖွားများအတွက် သိသာထင်ရှားသော အောင်မြင်မှုရမည့်နှစ် ဖြစ်ပါတယ်။ ငွေကြေး အိမ်ထောင်ရေး တိုးတက်မှု ဖြစ်ထွန်းလာပါမယ် ။ အလုပ်အကိုင်သစ် အခွင့်လမ်းသစ်များ ပေါ်ပေါက်လာပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
၂) ဓနုရာသီဖွားများ (Nov 22 – Dec 21)
ထူးခြားသော နှစ်တစ်နှစ် ဖြစ်ပါမယ်။ ငွေကြေး လုပ်ငန်း အခွင့်အလမ်းကောင်းတွေ ပေါ်ထွန်းလာပါမယ်။ နိုင်ငံခြားခရီး ကိစ္စများ ဆောင်ရွက်အဆင်ပြေမှုနှင့် ရွေးချယ်ရန် အခွင့်ကောင်းများ ပေါ်ထွန်းလာမယ့် နှစ်တစ်ခုလို့ ဆိုရမှာပါ။
၃) သိဟ်ရာသီဖွားများ(Jul 23 – Aug 22)
လုပ်ငန်း အသက်မွေးဝမ်းကြောင်းအတွက် ကောင်းမွန်တဲ့ ကံအခွင့်လမ်းတွေကို ပိုင်ဆိုင်ရရှိမယ့် နှစ်တစ်ခု ဖြစ်ပါတယ်။ စိတ်ကူးအိပ်မက်အချို့ အကောင်အထည်ဖော်ဆောင်ရွက်ဖြစ်မယ်။ အချစ်ရေး မေတ္တာရေး စန်းပွင့်ခြင်း ချစ်သူသစ်ရခြင်းများ ပေါ်ထွန်းလာပါမယ် ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
၄) မေထုန်ရာသီဖွားများ (May 21 – Jun 21)
လုပ်ငန်းရာထူး လစာတိုးတက်မှုများ ရှိလာပါမယ်။ ကောင်းမွန်သော အတတ်ပညာ အတွေ့အကြုံကောင်းများ သင်ယူရတတ်ပါတယ်။ စီးပွားရေး အွန်လိုင်းလုပ်ငန်း အားကစားနှင့် အနုပညာပိုင်းဆိုင်ရာများ အထူးအောင်မြင်မှု ရမယ့်နှစ် ဖြစ်ပါတယ်။
၅) ပြိဿရာသီဖွားများ(Apr 20 – May 20 )
စနစ်ကျအစီအစဉ် ဆွဲပြီး လုပ်ဆောင်ထားတဲ့ကိစ္စတွေကနေ အံ့သြစရာ အောင်မြင်မှုရမယ့် နှစ်တစ်ခုပါ။ ဆုံးဖြတ်ချက်ကောင်းတွေ ချမှတ်နိုင်မယ်။ နှစ်အစပိုင်းမှာ အခက်အခဲအချို့ကြုံရပေမဲ့ နောက်ပိုင်း အစစအရာရာ တိုးတက်မှုရပါမယ်။ ငွေကြေးစီးပွား အချစ်ရေး အိမ်ထောင်ရေးနဲ့ ပညာရေးပိုင်းတွေမှာ ထွန်းပေါက်လာမယ့် နှစ်သစ်တစ်ခုဖြစ်ပါတယ်။
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)