၂၀၂၃ ခုႏွစ္အတြက္ ရာသီခြင္ေဗဒင္ ေသာ့ခ်က္ေဟာကိန္း

၂၀၂၃ ခုႏွစ္မွာ ရာသီခြင္အားလုံးအတြက္ အဓိက အေရးပါလာမယ့္ ၊ အထင္အရွား ျဖစ္ပ်က္လာႏိုင္တဲ့ အေၾကာင္းအရာေတြကို အႏွစ္ခ်ဳပ္ ေသာ့ခ်က္ ေဟာကိန္းအျဖစ္ တင္ျပလိုက္ပါတယ္။

မိႆရာသီဖြား (မတ္ ၂၁ – ဧၿပီ ၁၉)

ဘဝအေျခအေန ျဖစ္ေစ၊ ေနရာဌာန ျဖစ္ေစ အေျပာင္းအလဲေတြ ရွိလာႏိုင္တယ္။ ဝင္ေငြရလမ္း တိုးပြားမယ့္ႏွစ္ ျဖစ္သလို ကုန္စရာထြက္ေပါက္ေတြလည္း မ်ားလာမယ္။ မိမိဘဝလမ္းခရီးကို ျပန္သုံးသပ္ရမယ့္ႏွစ္ ျဖစ္တယ္။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ – ေမ ၂၀)

ႀကိဳးစားအားထုတ္ခဲ့သမွ် အက်ိဳးခံစားခြင့္ ျပန္ရမယ့္ႏွစ္ ျဖစ္တယ္။ ဘဝအေျခအေနအဆင့္အတန္းကေန စၿပီး အဘက္ဘက္က ျပည့္စုံကုံလုံလာမယ္။ အျပဳသေဘာေဆာင္တဲ့ အေျပာင္းအလဲေကာင္းေတြ ျမင္ေတြ႕ရမယ္။

ေမထုန္ရာသီဖြား (ေမ ၂၁ – ဇြန္ ၂၀)

ကိုယ္နဲ႔ သဟဇာတ မျဖစ္တဲ့အသိုက္အဝန္းနဲ႔ ေဝးကြာၿပီး ေကာင္းက်ိဳးေပးသေလာက္ စိတ္သေဘာထားခ်င္းပါ တိုက္ဆိုင္တဲ့ လူမႈေရးက႑ကို ရရွိလာမယ္။ ဝင္ေငြ၊ အက်ိဳးအျမတ္ တိုးမယ့္ႏွစ္ ျဖစ္ၿပီး ကံေကာင္းတတ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ – ဇူလိုင္ ၂၂)

အလုပ္အကိုင္ ၊ ဘဝပုံစံ အေျပာင္းအလဲႀကီးေတြ ျဖစ္လာႏိုင္တယ္။ အိုးအိမ္ေနရာထိုင္ခင္းကိစၥ ႀကိဳးပမ္းမႈေတြနဲ႔ မိသားစုနဲ႔ အိမ္တြင္းေရးအတြက္ ႐ုန္းကန္မႈေတြ ျပည့္ႏွက္ေနမယ့္ႏွစ္ ျဖစ္တယ္။ အေ႐ႊ႕အေျပာင္းေတြ ျဖစ္မယ္။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ – ၾသဂုတ္ ၂၂)

လူပ်ိဳလူလြတ္ျဖစ္ေစ၊ အိမ္ေထာင္ရွင္ ျဖစ္ေစ ေမတၱာေရးနဲ႔ ပတ္သက္လို႔ လႈပ္လႈပ္ရွားရွားေတြ ျဖစ္လာႏိုင္တယ္။ အခ်စ္ေရးအိမ္ေထာင္ေရးကိစၥမွာ မထင္မွတ္တာေတြ၊ အံ့အားသင့္စရာေတြ၊ အလွည့္အေျပာင္းေတြ ရွိလာမယ္။

ကန္ရာသီဖြား (ၾသဂုတ္ ၂၃ – စက္တင္ဘာ ၂၂)

ျပင္ပလူမႈဆက္ဆံေရးမွာေရာ အိမ္ေထာင္ေရးဘဝမွာပါ ႐ိုက္ခတ္မႈ ႀကီးႀကီးမားမား ရွိလာမယ့္ႏွစ္ ျဖစ္ၿပီး ဒီႏွစ္မွာ ကိုယ့္ကိုကိုယ္ တာဝန္ခံ၊ အာမခံရမယ့္ကိစၥေတြ မ်ားလာမယ္။ အက်ိဳးတူစီးပြားကိစၥေတြ လုံး၀ ေရွာင္က်ဥ္ရမယ္။

တူရာသီဖြား (စက္တင္ဘာ ၂၃ – ေအာက္တိုဘာ ၂၂)

နားေအးပါးေအး ေနခ်င္တဲ့ကိုယ့္သဘာဝကို ခဏ ေမ့ၿပီး စြန႔္စားမႈနဲ႔ အသစ္အဆန္းေတြေနာက္ကို လိုက္မယ့္ႏွစ္ ျဖစ္တယ္။ ခ်စ္ေရးခ်စ္ရာ အိမ္ေထာင္မႈကိစၥေတြမွာ ရႈပ္ေထြးေပြလီ ျဖစ္လာႏိုင္တယ္။ အေမြအႏွစ္ ရတတ္တယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ – ႏိုဝင္ဘာ ၂၁)

အက်ိဳးတူ၊ စပ္တူရွယ္ယာစီးပြားေတြ ေအာင္ျမင္ကိန္း ရွိတယ္။ ပ်ိဳ႐ြယ္သူေတြ အစြံထုတ္ႏိုင္မယ့္ႏွစ္ျဖစ္ၿပီး စုံတြဲနဲ႔ အိမ္ေထာင္ရွင္ေတြအဖို႔လည္း ေပ်ာ္႐ႊင္ခ်မ္းသာမယ့္ႏွစ္ ျဖစ္တယ္။ မိတ္ေကာင္းေဆြေကာင္းေတြနဲ႔ ဆုံလိမ့္မယ္။

ဓႏုရာသီဖြား (ႏိုဝင္ဘာ ၂၂ – ဒီဇင္ဘာ ၂၁)

ေပ်ာ္႐ႊင္ဝမ္းေျမာက္စရာေတြ အမ်ားႀကီးနဲ႔ ႀကဳံရမယ့္ႏွစ္ ျဖစ္တယ္။ ဘယ္ေလာက္ပဲ စိတ္ညစ္စရာေတြ ရွိပါေစ အားတက္စရာေတြလည္း ရွိလာလိမ့္မယ္။ ဝါသနာကို ႐ုပ္လုံးေဖာ္ႏိုင္မယ္။ လုပ္ခ်င္တာေတြ လုပ္ခြင့္ ရလာမယ္။

မကာရရာသီဖြား (ဒီဇင္ဘာ ၂၂ – ဇန္နဝါရီ ၁၉)

အိုးအိမ္ကိစၥ၊ မိသားစုေရးရာေတြက ဒီႏွစ္မွာ အထင္အရွား ကိုင္တြယ္ရမယ့္ကိစၥေတြ ျဖစ္လာမယ္။ အိုးအိမ္ဌာန ေျပာင္းလဲရတတ္သလို ႏွစ္အေတာ္ၾကာ တည္ရွိခဲ့တဲ့ မိသားစုထဲက ျပႆနာေတြကိုလည္း ရွင္းလင္းရလိမ့္မယ္။

ကုမ္ရာသီဖြား (ဇန္နဝါရီ ၂၀ – ေဖေဖာ္ဝါရီ ၁၈)

႐ုပ္ေရာစိတ္ပါ ဂဏွာမၿငိမ္မႈေတြ မ်ားလာမယ့္ႏွစ္ ျဖစ္တယ္။ စိတ္ဓာတ္၊ အမူအက်င့္ေတြလည္း အလိုလိုေနရင္း ေျပာင္းလဲလာတတ္တယ္။ ေငြအသုံးအစြဲ က်ပ္တာ၊ အကုန္အက် မ်ားလို႔ ထိန္းသုံးရတာေတြ ျဖစ္လာႏိုင္တယ္။

မိန္ရာသီဖြား (ေဖေဖာ္ဝါရီ ၁၉ – မတ္ ၂၀)

ပုံမွန္ဝင္ေငြရလမ္း ေျဖာင့္ျဖဴးလာသလို တျခားေငြဝင္လမ္းေၾကာင္းအသစ္ေတြလည္း ပြင့္လာမယ့္ႏွစ္ ျဖစ္တယ္။ ေငြေၾကးစီးပြားကံ အားေကာင္းလာမယ့္ႏွစ္ ျဖစ္ၿပီး တစ္ဖက္မွာလည္း တာဝန္ေတြ မ်ားၿပီး ပင္ပန္းရလိမ့္မယ္။

၂၀၂၃ ႏွစ္သစ္မွာ ရာသီဖြားအားလုံး လိုအင္ဆႏၵ ျပည့္ဝၾကပါေစ – ဧက (ေဗဒင္သုတ)

Unicode Font

၂၀၂၃ ခုနှစ်မှာ ရာသီခွင်အားလုံးအတွက် အဓိက အရေးပါလာမယ့် ၊ အထင်အရှား ဖြစ်ပျက်လာနိုင်တဲ့ အကြောင်းအရာတွေကို အနှစ်ချုပ် သော့ချက် ဟောကိန်းအဖြစ် တင်ပြလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)

ဘဝအခြေအနေ ဖြစ်စေ၊ နေရာဌာန ဖြစ်စေ အပြောင်းအလဲတွေ ရှိလာနိုင်တယ်။ ဝင်ငွေရလမ်း တိုးပွားမယ့်နှစ် ဖြစ်သလို ကုန်စရာထွက်ပေါက်တွေလည်း များလာမယ်။ မိမိဘဝလမ်းခရီးကို ပြန်သုံးသပ်ရမယ့်နှစ် ဖြစ်တယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

ကြိုးစားအားထုတ်ခဲ့သမျှ အကျိုးခံစားခွင့် ပြန်ရမယ့်နှစ် ဖြစ်တယ်။ ဘဝအခြေအနေအဆင့်အတန်းကနေ စပြီး အဘက်ဘက်က ပြည့်စုံကုံလုံလာမယ်။ အပြုသဘောဆောင်တဲ့ အပြောင်းအလဲကောင်းတွေ မြင်တွေ့ရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)

ကိုယ်နဲ့ သဟဇာတ မဖြစ်တဲ့အသိုက်အဝန်းနဲ့ ဝေးကွာပြီး ကောင်းကျိုးပေးသလောက် စိတ်သဘောထားချင်းပါ တိုက်ဆိုင်တဲ့ လူမှုရေးကဏ္ဍကို ရရှိလာမယ်။ ဝင်ငွေ၊ အကျိုးအမြတ် တိုးမယ့်နှစ် ဖြစ်ပြီး ကံကောင်းတတ်တယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)

အလုပ်အကိုင် ၊ ဘဝပုံစံ အပြောင်းအလဲကြီးတွေ ဖြစ်လာနိုင်တယ်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စ ကြိုးပမ်းမှုတွေနဲ့ မိသားစုနဲ့ အိမ်တွင်းရေးအတွက် ရုန်းကန်မှုတွေ ပြည့်နှက်နေမယ့်နှစ် ဖြစ်တယ်။ အရွှေ့အပြောင်းတွေ ဖြစ်မယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

လူပျိုလူလွတ်ဖြစ်စေ၊ အိမ်ထောင်ရှင် ဖြစ်စေ မေတ္တာရေးနဲ့ ပတ်သက်လို့ လှုပ်လှုပ်ရှားရှားတွေ ဖြစ်လာနိုင်တယ်။ အချစ်ရေးအိမ်ထောင်ရေးကိစ္စမှာ မထင်မှတ်တာတွေ၊ အံ့အားသင့်စရာတွေ၊ အလှည့်အပြောင်းတွေ ရှိလာမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

ပြင်ပလူမှုဆက်ဆံရေးမှာရော အိမ်ထောင်ရေးဘဝမှာပါ ရိုက်ခတ်မှု ကြီးကြီးမားမား ရှိလာမယ့်နှစ် ဖြစ်ပြီး ဒီနှစ်မှာ ကိုယ့်ကိုကိုယ် တာဝန်ခံ၊ အာမခံရမယ့်ကိစ္စတွေ များလာမယ်။ အကျိုးတူစီးပွားကိစ္စတွေ လုံး၀ ရှောင်ကျဉ်ရမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

နားအေးပါးအေး နေချင်တဲ့ကိုယ့်သဘာဝကို ခဏ မေ့ပြီး စွန့်စားမှုနဲ့ အသစ်အဆန်းတွေနောက်ကို လိုက်မယ့်နှစ် ဖြစ်တယ်။ ချစ်ရေးချစ်ရာ အိမ်ထောင်မှုကိစ္စတွေမှာ ရှုပ်ထွေးပွေလီ ဖြစ်လာနိုင်တယ်။ အမွေအနှစ် ရတတ်တယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

အကျိုးတူ၊ စပ်တူရှယ်ယာစီးပွားတွေ အောင်မြင်ကိန်း ရှိတယ်။ ပျိုရွယ်သူတွေ အစွံထုတ်နိုင်မယ့်နှစ်ဖြစ်ပြီး စုံတွဲနဲ့ အိမ်ထောင်ရှင်တွေအဖို့လည်း ပျော်ရွှင်ချမ်းသာမယ့်နှစ် ဖြစ်တယ်။ မိတ်ကောင်းဆွေကောင်းတွေနဲ့ ဆုံလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)

ပျော်ရွှင်ဝမ်းမြောက်စရာတွေ အများကြီးနဲ့ ကြုံရမယ့်နှစ် ဖြစ်တယ်။ ဘယ်လောက်ပဲ စိတ်ညစ်စရာတွေ ရှိပါစေ အားတက်စရာတွေလည်း ရှိလာလိမ့်မယ်။ ဝါသနာကို ရုပ်လုံးဖော်နိုင်မယ်။ လုပ်ချင်တာတွေ လုပ်ခွင့် ရလာမယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)

အိုးအိမ်ကိစ္စ၊ မိသားစုရေးရာတွေက ဒီနှစ်မှာ အထင်အရှား ကိုင်တွယ်ရမယ့်ကိစ္စတွေ ဖြစ်လာမယ်။ အိုးအိမ်ဌာန ပြောင်းလဲရတတ်သလို နှစ်အတော်ကြာ တည်ရှိခဲ့တဲ့ မိသားစုထဲက ပြဿနာတွေကိုလည်း ရှင်းလင်းရလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)

ရုပ်ရောစိတ်ပါ ဂဏှာမငြိမ်မှုတွေ များလာမယ့်နှစ် ဖြစ်တယ်။ စိတ်ဓာတ်၊ အမူအကျင့်တွေလည်း အလိုလိုနေရင်း ပြောင်းလဲလာတတ်တယ်။ ငွေအသုံးအစွဲ ကျပ်တာ၊ အကုန်အကျ များလို့ ထိန်းသုံးရတာတွေ ဖြစ်လာနိုင်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

ပုံမှန်ဝင်ငွေရလမ်း ဖြောင့်ဖြူးလာသလို တခြားငွေဝင်လမ်းကြောင်းအသစ်တွေလည်း ပွင့်လာမယ့်နှစ် ဖြစ်တယ်။ ငွေကြေးစီးပွားကံ အားကောင်းလာမယ့်နှစ် ဖြစ်ပြီး တစ်ဖက်မှာလည်း တာဝန်တွေ များပြီး ပင်ပန်းရလိမ့်မယ်။

၂၀၂၃ နှစ်သစ်မှာ ရာသီဖွားအားလုံး လိုအင်ဆန္ဒ ပြည့်ဝကြပါစေ – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)