(၂) ကြွင်းဖွားတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်း

ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့စားပါ။ (၂) ကြွင်းတယ်ဆိုရင် ဒီအဟောတွေကို ဖတ်နိုင်ပါတယ်။ (၂) ခုကြွင်းဖွားတွေဟာ ဘ၀မှာ  မသိအောင် လုပ်တတ်သော အကျင့်စရိုက်အချို့ကြောင့် အိမ်ထောင်ဖက် ဖြစ်သူနဲ့  အဆင်မပြေ ဖြစ်တတ်ကြပါတယ်။ လေထဲမှာ တိုက်အိမ်ဆောက်သလို စိတ်ကူးယဉ်တတ်မှု တွေကလည်း မေတ္တာရေးမှာ ထင်ရာစိုင်းမိစေဖို့ တွန်းအားပေးသော အချင်းအရာတစ်ရပ်ပဲ ဖြစ်ပါတယ်။

ချစ်သူရည်းစား ဘဝမှာ ငွေမက်တယ် ၊ စိတ်ထင်ရာလုပ်တယ် ၊ ကွယ်ရာမှာ ထင်ရာလုပ်တယ်။  ကတိ ချိုးဖောက်တယ် စသဖြင့် စွပ်စွဲချက်တွေ နဲ့ ကင်ပွန်းတပ်ခံရတတ်သူများဟာလည်း နှစ်ခုကြွင်း ဖွားတွေပါပဲ။ တစ်ကယ့်တစ်ကယ်ကတော့ (၂) ခုကြွင်းဖွားတွေ အားလုံးရဲ့ အဓိက စိတ်သဘာဝဖြစ်တဲ့ လျှို့ဝှက်စွာ စွန့်စားကြည့်လိုမှု  သဘာဝကသာလျှင် ချစ်မှုရေးရာ ကဏ္ဍတွေမှာလည်း လွှမ်းမိုးထားပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အိမ်ထောင်ရေးရာကဏ္ဍပိုင်းမှာတော့ ဒီအကြွင်းဖွား တွေဟာ စိတ်အပြောင်းအလဲ မြန်ဆန်တဲ့အတွက် တစ်ခါတစ်ရံမှာ ကသိကအောက် နိုင်စရာ အခြေအနေလေးတွေ ကြုံတွေ့ကြရတတ်ပါတယ်။ ခုတစ်မျိုး တော်ကြာတစ်မျိုးလို့ အခြားသူများက အသိမှတ်ပြု ရလောက်အောင်လည်းပဲ (၂) ခုကြွင်းဖွားတွေရဲ့ စိတ်သဘာဝက အပြောင်းအလဲ မြန်ဆန်တတ်ပါတယ်။

ရှင့်ကို တစ်သက်လုံး အပြတ်ပဲ ဆိုပြီး တော်နေကြာတော့ .မောင်ရေ…သဲရေ…ပူတူးရေ…ဖြစ်တတ်သလို ..၊ ဘယ်တော့မှ မခွဲဘူးနော် ဆိုပြီး တာ့တာပြခဲ့မိတာမျိုးလည်း စိတ်က ပြောင်းလဲ နေတတ်တဲ့ သဘာဝ အခြေခံ ရှိသူတွေပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

တစ်ကယ်လို့သင်ဟာ ……သင်ကိုယ်တိုင် (၂) ခုကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် စိတ်ရှည်သည်းခံနိုင်စွမ်းကို တိုးမြှင့်ထားပါ။ ဖြတ်လမ်း မလိုက်ပါနဲ့။ ဖြည်းဖြည်းမှန်မှန်နဲ့ ရိုးရိုးသားသား ကြိုးစား လုပ်ကိုင်ပါ။ သင့်ချစ်သူက  နှစ်ခုကြွင်းဖွား ဖြစ်ခဲ့မယ်ဆိုရင် ဟန်ပန်မူယာကောင်းတာလေးကြောင့် ကြိုက်ခဲ့မိသလို  ဟန်ဆောင်တတ်တာလေးကိုလည်း ခွင့်လွှတ်နိုင်ဖို့ လိုပါလိမ့်မယ်။

သင့် အိမ်ထောင်ဖက်က နှစ်ခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် ……အမျိုးသားအတွက် ..နှစ်ခုကြွင်းဖွား  ဇနီးမယား  ရရှိခဲ့မယ်ဆိုရင် ချစ်ဇနီးပြောသမျှကို တစ်စမကျန်တော့ မယုံလိုက်ပါနဲ့။  ကိုယ့်အိမ်သူက  တစ်ကယ်ပြောနေ တာလား ဟန်ဆောင် ပြောနေတာလား ဆိုတာကိုလည်း ခွဲခြားနိုင်အောင် ကြိုးစားပါ။ အဆီအဆိမ့်တွေ လျော့စားဖို့ သူ့ကို သတိပေးရမှာ ဖြစ်သလို၊ ၀သည်ထက် ဝလာတတ်တဲ့  အခြေအနေတွေကိုလည်း အချစ်မြင်နဲ့ ..ချမ်းမြေ့ပီတိ ပွားနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။

အမျိုးသမီးအတွက်  နှစ်ခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် – ခြေလှမ်းတွေ ကွက်ကျော်ပြေးတတ်တဲ့ … ဒါလင်ကို အလွန်အကျွံ မဖြစ်စေဖို့ သတိပေး ထိန်းကွပ် ပေးဖို့ လိုပါလိမ့်မယ်။ ခပ်တည်တည် ဖိန့်တတ်တဲ့ အမျိုးသား နဲ့ ချစ်ခဲ့မိပြီမို့ ကိုယ်ကလည်း မသိမသာ စူးစမ်း အကဲဖြတ်တတ်ပါစေ။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ခင်မင်ချစ်ခြင်းဖြင့်.. ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)