(၄) ကြွင်းဖွားတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်း

မွေးဖွားတဲ့ မြန်မာခုနှစ်ကို တည် ၊ (၇) နဲ့စားလို့ (၄) ကြွင်းရင် ဒီအဟောတွေကို ဖတ်ကြည့်ပါ။ (၄) ကြွင်းဖွားတွေဟာ ချစ်မှုရေးရာ နယ်ပယ်မှာ လှေနံနှစ်ဖက် သို့တည်းမဟုတ် နှစ်ဖက်မက နင်းရလောက်အောင် ဗျာများစရာတွေ ကြုံရတတ်သလို ၊ စိတ်ဒွိဟဖြစ်စရာ အခြေအနေတွေကလည်း ပါဝင်လာတတ်စမြဲ ဖြစ်ပါတယ်။

 

ပျော်ရွှင်သာယာ ကြည်နူးစရာတွေ နောက်ကို ကောက်ကောက် ပါအောင် လိုက်ပါလိုတဲ့ စိတ်သဏ္ဍန် ရှိတာကြောင့် ချစ်မေတ္တာရေးမှာလည်း စိတ်ဆင်းရဲစရာ ၊ စိတ်နှလုံး မသာယာစရာတွေ အရမ်းများလာခဲ့ပြီဆိုရင် ခိုင်မြဲမှုကလည်း ယိုယွင်း လာတတ်ကြပါတယ်။ သစ္စာရှိလို့ မရှိလို့ ဆိုတာထက် စိတ်ညစ်ညူးမှုဒဏ်ကို တစ်ခြား အကြွင်းဖွားတွေလောက် ခံနိုင်ရည်စွမ်း မရှိတာကြောင့် စိတ်မချမ်းမြေ့တဲ့ ရပ်ဝန်းဒေသကနေ အဝေးဆုံးကို ထွက်ပြေးမိကြခြင်းမျိုး ဖြစ်လာတတ်ကြပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဒါကြောင့် ၄ ကြွင်းဖွားများကို ချစ်သူအနေနဲ့ပဲ ဖြစ်ဖြစ် ၊ ဘဝလက်တွဲဖော်ပဲ ဖြစ်ဖြစ်၊  လက်တွဲဖို့ စဉ်းစားထားပြီ ဆိုရင် သူတို့ကို ဘယ် အတိုင်းအတာထိ စိတ်ချမ်းသာအောင် ထားနိုင်မလဲ ဆိုတာကိုသာ ရှေ့တန်းတင် တွေးထားသင့်ပါတယ်။ စိတ်ချမ်းသာအောင် မထားနိုင်ခဲ့ရင်တော့ စလယ်ဝင် ဖင်မမဲခင် ခွာပြဲဖို့သာ ပြင်ထားပေတော့လို့ ဆိုရမလောက်ပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သင်ကိုယ်တိုင် ၄ ကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် – ရေနဲ့ နီးစပ်သော နေရာဒေသများမှာ အခြေချနေထိုင်နိုင်အောင် ကြိုးစားသင့်ပါတယ်။ ကိုယ့်ကိုယ်ကို ချောင်ပိတ်မိစေမယ့် ကဏ္ဍ မှန်သမျှကို တင်ကြို ရှောင်ရှားနိုင်ဖို့ လိုပါတယ်။ တနင်္လာနေ့တွေဟာ အများအားဖြင့် ကံကောင်းမှုတွေကို သယ်ဆောင်လာမယ့် နေ့တွေ ဖြစ်ပါတယ်။

သင့်ချစ်သူက  ၄ ကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် – ပျော်သလိုနေပါကွယ် ဆိုတဲ့ သီချင်းလေးသာ အမြဲသီဆိုပြီး ချစ်တဲ့သူကို စိတ်ချမ်းသာအောင် ထားပေတော့ ။  အခါအားလျော်စွာ ပျော်ပွဲရွှင်ပွဲတွေ ၊ ဘာပွဲ ညာပွဲတွေ တက်ရောက်နိုင်အောင် ပြင်ထားပါ။  ကင်မရာ ကောင်းကောင်းတစ်လုံး ဝယ်ပြီး ချစ်သူကို ခရီးများများ လိုက်ပို့ပေးနိုင်မယ် ဆိုရင်တော့ အမှတ်တစ်ရာ ရပြီ ကိုယ့်ဆရာတို့ရေ။

သင့် အိမ်ထောင်ဖက်က လေးခုကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် – အမျိုးသား အတွက် ၄ ကြွင်းဖွား ဇနီးမယား  ရရှိခဲ့မယ်ဆိုရင် – စိတ်တိုစရာတွေ့တောင် ပြုံးပြုံးလေးနဲ့ ဆုံးမပြုပြင်ပါ။ ဇနီးသည်ကို မကြာခဏ သွားလေရာ ခေါ်သွားပါ။ ဖြစ်နိုင်ရင် ခရီး ထွက်ပေးပါ။ ပျားရည်ဆမ်းတွေ၊ ဘာရတု ညာရတုတွေလည်း အခါ အားလျော်စွာ လုပ်ပေးပါ။ ဘာမှ လုပ်စရာ မရှိရင်တောင် အိမ်ဆေးသုတ် မင်္ဂလာတို့၊ ချစ်သက်တမ်း ရက်တစ်ထောင်ပြည့် တို့ စသည်ဖြင့် ကြံကြံဖန်ဖန် လုပ်ပြီး အိမ်ထောင်ရေး ကို မျက်နှာသစ်ပေးပါ။ ပွင့်ပွင့်လင်းလင်း မပြောလို့ ဆိုပြီး အပြစ်မတင်လိုက်ပါနဲ့ ။ ၄ ကြွင်းဖွား ဇနီးမျိုးဟာ အခြား မိန်းကလေးတွေထက် ပိုမို မျိုသိပ်နိုင်စွမ်း ရှိတယ် ဆိုတာ မမေ့အပ်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အမျိုးသမီးအတွက်  ၄ ကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် – မြွေမသေ တုတ်မကျိုးသမား ကို ယူထားမိပြီဆိုတာ သဘောပေါက်ပါစေ။ ရှင့်အမေ ရှင့်အစ်မတွေကို ကျွန်မထက် ပိုအလေးထားရသလား ဆိုပြီး လည်း မပေါက်ကွဲမိပါစေနဲ့။ အပျော်ကြိုက်တဲ့ ယောကျာ်းကို ယူထားမိပြီဆိုမှဖြင့် အိမ်မြဲခိုင်းဖို့ ခက်တယ်ဆိုတာ သဘောပေါက်ရပါမယ်။

ဖြစ်နိုင်သမျှ အိမ်မြဲအောင် အိမ်မှာပျော်အောင် ကိုယ့်ဘက်ကလည်း အိမ်ပျော်ဆေးလေးတွေ ရှိနေမှ ဖြစ်ပါမယ်။ ဖြစ်နိုင်သမျှ မိမိရုပ်ရည်ကို ကျော့ကျော့မော့မော့ ပြင်ဆင်ပါ။ ပုံတုံးတွေ၊ တစ်ခါလာလည်း သည်ဒီဇိုင်း ဆိုတာမျိုးတွေ လုပ်မိတာများလာရင်တော့ ခင်ပွန်းဖြစ်သူ မုန့်စားရင်း လှည်းစီး သွားနိုင်ပါတယ်။ လှတာလေးမှ လိုချင်တတ်တဲ့ အမျိုးသားမျိုးကို ယူထားမိပြီမို့ ကိုယ့်ကိုယ်ကိုလည်း အမြဲလှနေနိုင်သမျှ လှနေအောင် ၊ အမြဲသစ်လွင်နေအောင် ကြံဖန်ပြီးလုပ်တတ်ဖို့ လိုသလို… ယောကျာ်းက ကိုယ့်ကို နဘေးထားပြီး အလှလေးတွေကို မကြာမကြာ ငမ်းမိနေရင်လည်း .သြော် ငါ့ယောကျာ်းက အလှကြိုက်သမားလေးမို့ပါ လို့သာ နှလုံးသွင်းပါ။ အမြဲဗြစ်စိဗြစ်စိ လုပ်မိနေမယ်ဆိုရင်တော့ လင်တော်မောင် အိမ်မကပ်ဆေးကို ဖော်နေမိပြီသာ အောက်မေ့ပါတော့။

ခင်မင်ချစ်ခြင်းဖြင့် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)