(၆) ကြွင်းဖွားတွေရဲ့ အချစ်ရေး၊ အိမ်ထောင်ရေးအကြောင်း

မြန်မာမွေးခုနှစ်ကို တည်ပြီး (၇) နဲ့စားလို့ (၆) ကြွင်းရင် ဒီအဟောတွေကို ဖတ်ကြည့်ပါ။ အကြွင်းဖွားအားလုံးထဲမှာ ၆ ကြွင်းဖွားတွေရဲ့ မေတ္တာရေးဟာ အထူးဆန်းဆုံးပါပဲ ။  အရွယ်လွန်မှ ချစ်သူရတာမျိုး ဖြစ်စေ ၊ အိမ်ထောင်ပြုရတာမျိုး ဖြစ်စေ တရားမဝင် အချစ် ဇာတ်လမ်းလေးတွေ ကြုံရတာမျိုးဖြစ်စေ၊  အနောက်ဖက် ကမ္ဘာတစ်ခြမ်းက ကောင်မလေး နဲ့ အရှေ့ဘက်ကမ္ဘာတစ်ခြမ်းက ကောင်ကလေးတစ်ယောက် မထင်မှတ်ဘဲ ဆုံတွေ့ ချစ်ကြိုက်မိသွားတာမျိုးဖြစ်စေ၊ လိင်တူချင်း မေတ္တာနှောင်ဖွဲ့မိတာ ဖြစ်စေ စတဲ့ အဖြစ်မျိုးတွေ ကြုံရတတ်ပါတယ်။

ဒါ့အပြင် အသက်အရွယ် အရမ်းကွာဟသူနဲ့ ချစ်ကျွမ်းဝင်မိတာ၊ တစ်ခုလပ်မုဆိုးဖို စတာမျိုးနဲ့ လူပျိုအပျို နုနုထွတ်ထွတ်တို့ ခိုးရာ လိုက်ပြေးကြတာ စသည်ဖြင့် တော်တော်များများသော ထူးထူးဆန်းဆန်း အနေအထားတွေဟာ ၆ ကြွင်းဖွားတွေမှာ ကြုံကြိုက် ဖြစ်ပွားလေ့ရှိတတ်ကြပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဘာမှမထူးခြားတဲ့ ပုံမှန် မေတ္တာရေး ၊ အိမ်ထောင်ရေး အခြေအနေမျိုးကို ပိုင်ဆိုင်ထားကြတဲ့ ၆ ကြွင်းဖွား တွေမှာတောင် ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်လာရင် စိတ္တဇဆန်ဆန် အခြေအနေလေးတွေ ၊  အိပ်မက်ထဲမှာ ကိုယ်နဲ့ အရမ်းချစ်ခင်စုံမက်ရသူတစ်ဦးနဲ့ မကြာခဏ ဆုံမိနေတာမျိုး ဖြစ်စေ စသည်ဖြင့် ထူးဆန်းတဲ့ အနေအထားတစ်ချို့ကို ပေါ်ပေါက်ကြုံတွေ့ရလေ့ရှိပါတယ်။အကြီးအငယ် ပြဿနာတွေ ၊ တိတ်တိတ်ပုန်း အခြေအနေတွေ ၊ စတာတွေဟာလည်း နာမည်အင်အား ၊ မူလဇာတာ အနေအထား အားနည်းတဲ့ ၆ ကြွင်းဖွား အချို့မှာ ရှောင်မရ လွှဲမရ ကြုံကြိုက်ကြရတတ်တာကို တွေ့ရှိရပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

အခြားသော မေတ္တာကံ အနေအထားတစ်ရပ်ကတော့ ၆ ကြွင်းဖွားတွေမှာ အမှန်တကယ် ရင်းနှီးနွေးထွေး နီးကပ်စွာ နေရမယ့် သွေးသားတွေ၊  မိသားစုတွေ၊ မျိုးနွယ်စုတွေနဲ့ စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းအရ ဝေးကွာ ၊ ခွဲခွာနေရတတ်ပြီး သူစိမ်းဆန်ဆန် ဖြစ်နေရတတ်သလို၊  ကိုယ်နဲ့ ဘာမှ သွေးမတော်သားမစပ်တဲ့ အချို့သော သူစိမ်းသူရံစာလူတွေနဲ့တော့ သွေးသားရင်းခြာလို ရင်းနှီးပတ်သက်ခွင့် ရရှိနေတတ်ကြခြင်းပဲ ဖြစ်ပါတယ်။ ကပြောင်းကပြန်ဖြစ်နေတဲ့ အဆိုပါ မေတ္တာကံဟာ ၆ ကြွင်းဖွားတွေရဲ့ မူလကံပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သင်ကိုယ်တိုင် ၆ ကြွင်းဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင် သဘောထားပြည့်ဝမှုနဲ့ တိကျစွာ တွက်ချက်ပြီး ပန်းတိုင်အတိအကျထား လျှောက်လှမ်းနိုင်မှုကို အားပြုပါ။ ပရဟိတလုပ်ငန်းများနဲ့ လူသားအကျိုးပြုလုပ်ငန်းများမှာ တတ်အားသမျှ ပါဝင်နိုင်အောင်လည်း ကြိုးစားပါ။ အရာရာကို အခကြေးငွေ ရမှ ဆောင်ရွက်ပေးတာမျိုးထက် တစ်ခါတစ်လေ ဘာမှမရဘဲနဲ့လည်း ဆောင်ရွက်ပေး နိုင်အောင် ကြိုးစားပါ။ ဘာမှမရတဲ့အခါ အရာအားလုံးကို ရလိုက်သလိုပဲ ဆိုတာလည်း နှလုံးသွင်းတတ်ဖို့လည်း လိုအပ်ပါတယ်။

သင့်ချစ်သူက ၆ ကြွင်းဖွား  ဖြစ်ခဲ့မယ်ဆိုရင် အင်မတန် အစုံစမ်းတော် ၊ အကဲဖြတ်စူးစမ်းတာ ထက်မြက်တဲ့ ချစ်သူမျိုးကို ညာတော့မယ် ဆိုရင်တော့ အင်မတန် ပိရိအောင် ကြိုးစားပါ။ ပြုပြင်ကြည့်လိုတဲ့ သူတို့ရဲ့ စိတ်သဘာဝကိုလည်း နားလည်ပါ။ ကိုယ့်အပေါ် ဘယ်အချက်တွေ ပြင်သင့်တယ်လို့ သူတို့က အကြံပြုလာရင်လည်း တတ်အားသမျှ လက်ခံဆွေးနွေး ၊ ပြင်သင့်ရင် ပြင်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

သင့် အိမ်ထောင်ဖက်က ၆ ကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် (အမျိုးသားအတွက် ၆ ကြွင်းဖွား ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်) ကော်လံပေါ်က နှုတ်ခမ်းနီကို ဖျက်ခဲ့တာတောင် အပွေးမြင် အပင်သိတတ်တဲ့ ချစ်ဇနီးမျိုး ရထားတယ်ဆိုတာ မမေ့ပါနဲ့။ ပျက်နေရင် ပြင်မှ ကြိုက်တတ်တဲ့ ဇနီးမျိုးမို့ အိမ်မှာ ရှိတဲ့ မီးကျိုးမောင်းပျက်ကလေးတွေကိုလည်း အလုပ်အားရက်လေးတွေမှာ ဟိုကလိ သည်ထု လုပ်ပြလိုက်ပါ။ ပြန်ကောင်းတာ မကောင်းတာ အပထား ပြင်ကြည့်တယ်ဆိုရင် သူတို့က ကျေနပ်ပါတယ်။ သာမန်နဲ့တော့ ဒီလိုဇနီးမျိုးက သူတို့ခံစားချက်ကို မဖွင့်ပြတတ်ပါ။ တစ်ခါတစ်ခါ အေးတိအေးစက်နိုင်လွန်းတယ်လို့ ထင်မြင်မိရင်တောင် သူတို့သဘာဝပဲလေလို့ နားလည်တတ်ရပါမယ်။

အမျိုးသမီး အတွက်  ၆ ကြွင်းဖွား ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် – ကိုသဘောကောင်းကြီးက မဲမဲမြင်ရာ အကုန်ကောင်းပြနေပြီး အိမ်ကျမှ ကိုယ့်အပေါ် လာဆိုးတော့ တစ်ခါတစ်ခါတော့လည်း ဒေါသထွက်စရာပါပဲ။ ဖုန်းလေး တဂွမ်ဂွမ်နဲ့ တစ်ခါတစ်ခါ နဘေးက မိန်းမကို အားနေတဲ့ လက်ကလေးက ဖက်ထားရမှန်းတောင် မသိတော့ရင်လည်း တစ်ခါတည်း ဗိုက်ကြောသာ လိမ်ဆွဲလိုက်ပါ။ တိတိကျကျ လုပ်လွန်းလို့ စာရင်းစစ်လွန်းလို့ အမြင်ကပ်စရာကောင်းတဲ့ လင်တော်မောင်ကို အငန်တွေ လျော့စားဖို့တော့ သတိပေးဖို့ လိုပါလိမ့်မယ်။

ဗဒင်မေး၊ အမည်ပေးလိုသူများအတွက် ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)