(၆) ကြွင်းဖွားတွေရဲ့ သဘာဝနဲ့ အားသာချက်၊ အားနည်းချက်များ

ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလို့ (၆) ကြွင်းရင် ဒီအဟောတွေကို ဖတ်နိုင်ပါတယ်။  လောကမှာ တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး၊ စူးစမ်းရှာဖွေနိုင်သော အရည်အသွေး အမြင့်မားဆုံး အကြွင်းဖွားကို ပြပါ ဆိုရင် (၆) ကြွင်းဖွားတွေကိုပဲ ဖော်ပြရမှာ အမှန်ပါပဲ။ ပုစ္ဆာတစ်ပုဒ်ကို မှန်ကန်စွာ အဖြေထုတ်နိုင်ဖို့အတွက် လုံလောက်တဲ့ အရည်အသွေးမျိုး  သူတို့မှာ အပြည့်အဝ ပိုင်ဆိုင်ထားကြပါတယ်။

ဒါကြောင့်လည်း (၆) ကြွင်းဖွား အားလုံးဟာ သချာင်္စွမ်းရည်မှာ တစ်ခြားအကြွင်းဖွားတွေထက် ပိုမို အားကောင်းကြပြီး ပညာ မြင့်မြင့်မားမား မတတ်သော အောက်ခြေလူတန်းစား (၆) ကြွင်းဖွားတွေ မှာတောင်  အတွက် မြန်ဆန်သော စွမ်းရည်မျိုး ပိုင်ဆိုင်နေတတ်ကြပါတယ်။ နာမည် မွေးနံ စတာတွေအရ အားသာချက် ရှိတဲ့ (၆) ကြွင်းဖွားမှာတော့  သချာင်္ပညာမှာ အလွန် ထူးချွန်သော ပုဂ္ဂိုလ်များ အဖြစ်  ရပ်တည်နိုင်တာကို တွေ့ရပါတယ်။(ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ထို့နည်းတူစွာပဲ (၆) ကြွင်းဖွားထဲက အချို့တွေဟာ သုတေသနသမားများ ၊ သင်္ချာပညာရှင်များ ၊ ဗိသုကာ ပညာရှင်များ၊ အင်ဂျင်နီယာများ ၊ စက်မှုပညာရပ် တွင် ထူးချွန်ထက်မြက်သူများ ၊ လက်နက်ကိုင် အဖွဲ့အစည်းများတွင် စွမ်းစွမ်းတစ်မံ ထမ်းဆောင်နိုင်သူများ ၊ မီးကို အသုံးပြုရသော လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သူများ၊ ထက်မြက်သော ရှေ့နေများအဖြစ် ရပ်တည်နိုင်စွမ်း ရရှိလာကြပါတယ်။

(၆) ကြွင်းဖွားတွေဟာ ငွေကြေးအရရော ပညာမှာပါ ဖူလုံ ပြည့်ဝတတ်သူတွေ ဖြစ်သလို အတွေးအခေါ်ပိုင်း မြင့်မားတဲ့ စွမ်းရည်တွေလည်း ရှိနေတတ်ပါတယ်။ အထူးသဖြင့် နာမည်အဖျားစာလုံးကို ကြာသပတေးနံနဲ့ မှည့်ခေါ်ထားတဲ့ (၆) ကြွင်းဖွားတွေဟာ ပညာရော ဥစ္စာပါ ပြည့်စုံ ကြွယ်ဝတတ်ကြပါတယ်။ ဒါပေမယ့် (၆) ကြွင်းဖွားတွေဟာ မေတ္တာရေးပိုင်းမှာ အလွန် အားနည်းလှပါတယ်။ ရွံ့ညွှန်ထဲမှာ ပေါက်ရတဲ့ ကြာပွင့်နဲ့ နှိုင်းယှဉ်တင်စားရမယ့် အနေအထားဖြစ်ပြီး ယင်းအနေအထားအားဖြင့် (၆) ကြွင်းဖွားများဟာ ဘဝမှာ…

မေတ္တာရေးရာတွင် ကံခေတတ်ခြင်း၊  အပေးသက်သက် စွန့်လွှတ်အနစ်နာခံရသော ဘဝမျိုး ရောက်ရှိတတ်ခြင်း၊ ဆွေမျိုးညာတိများနှင့် စိတ်ပိုင်းအရသော်လည်းကောင်း ၊ ရုပ်ပိုင်းအရသော်လည်းကောင်း ခွဲခွာကင်းကွာ ရတတ်ခြင်းတွေ ကြုံရတတ်ပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဒါ့အပြင် သူစိမ်းသူရံစာများနှင့်မူ ရင်းနှီးချစ်ကြည်ရန် လွယ်ကူခြင်း၊ သွေးသားရင်းများနှင့် စိမ်းသက်ဝေးကွာ ရသလောက် သူစိမ်းများနှင့် ရင်းနှီး နွေးထွေးစွာ နေထိုင်ရတတ်ခြင်း၊  ဝေးလံသော အရပ်ဒေသများတွင် သင်ယူသင်ကြားရတတ်ခြင်း၊  မွေးစားမိခင် ၊ မိခင်အရင်း မဟုတ်သော အမျိုးသမီးအကြီးအကဲအချို့ ..ဘ၀တွင် ကြုံကြိုက်ရတတ်ခြင်း စသည်ဖြင့်သော ကံအကျိုးပေးတို့ကို  ကြုံကြိုက်ရတတ်သူများ ဖြစ်လာကြပါတယ်။ အားလုံးပဲ ချမ်းမြေ့ပျော်ရွှင်ကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 0978933791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)