ကြာသပတေးနေ့ဖွားများအတွက် ဒီနှစ် (၁၃၈၁) လုပ်ငန်းစီးပွားဟောကိန်း

ယခုနှစ်မှာတော့ ကြာသာပတေးနေ့ဖွား တွေအဖို့….အလုပ်လျှောက်ရာမှာတောင် …အပယ်ခံရ…၊ ဖယ်ရှားခံရမှု ၊ ငြင်းပယ်ခံရမှု များပြားတတ်ချိန်တွေပါပဲ။ မိမိကလည်း ဒီအခြေအနေတွေထဲမှာမှ. ကိုယ်ပိုင်စွမ်းရည် ကိုအသုံးပြုပြီး အကျိုးစီးပွားကို အပြိုင်အဆိုင် ကြားကနေ ရယူရမယ့် အခြေအနေတွေချည်းပဲ ကြုံကြိုက်လာပါမယ်။

ဒီတစ်နှစ်သည် မိမိတို့ ရှာဖွေရရှိမည့် ဘယ်အကျိုးစီးပွားမျိုးကိုပဲ ဖြစ်ဖြစ်…ရန်သူပြိုင်ဘက်နဲ့သာ ယှဉ်တွဲပြီး အတိုက်အခံတွေကြားကနေ မုချ ရှာဖွေနေရမယ့်အချိန်ပါပဲ။

ဒီနှစ်သည် ဘာပဲလုပ်လုပ် တစ်ကြိမ်နဲ့ မပြီးမြောက်ပါ။ နောက်တစ်ကြိမ် နောက်တစ်ဖန် ..စသည်ဖြင့် အပြန်ပြန် အလှန်လှန် ဆောင်ရွက်လုပ်ကိုင်ပြီးမှသာ …မိမိတို့ လိုလားရာကို ရရှိတတ်သော နှစ်မျိုးဖြစ်ပါတယ်။ ဇွဲကောင်းဖို့ အထူးလိုအပ်ပြီး သည်းခံနိုင်စွမ်းကို စမ်းသပ်ခံရမယ့် နှစ်မျိုးလည်း ဖြစ်ပါတယ်။

ဒီတစ်နှစ်မှာ အလုပ်ဟောင်းတွေကိုလည်း ပြန်လုပ်ဖို့ ကြုံလာတတ်ပါတယ်။ ယင်းအလုပ်ဟောင်းများ သို့တည်းမဟုတ် ရှေးယခင်က မအောင်မြင်ဘဲ နောက်တစ်ဖန် ပြန်လည် ကြိုးစားရမည့် အလုပ်အမျိုးအစားများ ပေါ်လာမယ်ဆိုရင် ပြန်လည် ကြိုးစားကြည့်ဖို့ မမေ့လိုက်ပါနဲ့။ အဆိုးထဲက အကောင်းပဲ ဆိုဆို….အဲဒီ့လို ပြန်လည်ကြိုးစားအားထုတ်မှုကနေ ..အောင်မြင်မှု အသီးအပွင့် ရလဒ်ကလေးတွေလည်း အချို့သော ကြာသာပတေးနေ့ဖွားတွေ ကြုံကြိုက် ကြရမှာမို့ပါပဲ။

ဒီတစ်နှစ်မှာ အသက်မွေးမှုကံ နဲ့ ပတ်သက်လာရင်…..နံ့သာရောင် ၊ ၀ါညိုရောင် နဲ့ အနီရဲရဲ တို့ကို ရှောင်သင့်ပါတယ်။ ခရမ်းပြာရောင် နဲ့ အရောင်ရင့်ရင့်တစ်ချို့ကိုတော့ ဆောင်သင့်ချိန် ဖြစ်ပါတယ်။ ထီကံစမ်းလိုသူများအတွက်ကတော့ တနင်္လာနေ့ မနက်ပိုင်းမှာ….၆ဂဏန်း အစ ၁ဂဏန်းအဆုံး နဲ့ ထီကံစမ်းသင့်ချိန်ကာလများပဲ ဖြစ်ပါတယ်ခင်ဗျား။

ကြာသာပတေးနေ့ဖွား အပေါင်းသူတော်ကောင်းတို့သည် …ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာခြင်း ရှိကြသည် ဖြစ်ကြပါစေသတည်း။

လေးစားစွာဖြင့်

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)