နှစ်သစ်ကူးမှာ ပြုအပ်ဖွယ်ရာ

မကြာခင် ဖြတ်သန်းရတော့မယ့် မြန်မာသက္ကရာဇ် ၁၃၈၀ ဟာ (၁) ကြွင်းမဟာဘုတ်ဇာတာခွင် ကျရောက်တဲ့ နှစ်သစ်မင်္ဂလာ ဖြစ်ပါတယ်။

ဒီနှစ် ကောဇာ မဟာဘုတ်ဇာတာခွင်ရဲ့

ရာဇဌာနမှာ သောကြာဂြိုဟ်၊ သိုက်ဌာနမှာ အင်္ဂါဂြိုဟ်၊ အထွန်းဌာနမှာ စနေဂြိုဟ်တို့ ရပ်တည်မှာလည်း ဖြစ်ပါတယ်။

လူသားတွေကို ချစ်ခင်တွယ်တာစေခြင်း ၊ ကယ်တင်စောင့်ရှောက်မည့်သူ ပေါ်ပေါက်စေခြင်း ၊ ချမ်းသာ ကြွယ်ဝစေခြင်း ၊ အောင်မြင်တိုးတက်စေခြင်း စသော ကောင်းမြတ်သော အာနိသင်တွေ ပေးစွမ်းတတ်သော အဆိုပါဌာနများမှာ ရပ်တည်ခွင့်ရမယ့် ဂြိုဟ်တွေကို ပေါင်းစုပြီး…

မိမိနေအိမ် ဧည့်ခန်းမှာ ပန်းအိုးထိုးနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်များအဖို့တော့ ပန်းအိုးထိုးရုံမျှမက ဘုရားတွင် ပန်းကပ်လှူနိုင်ဖို့ အတွက် အောက်မှာ ရေးသားပေးလိုက်ပါသည်ခင်ဗျား။

သီး ၊ သီဟိုဋ် ၊ သရက် စတဲ့ သောကြာနံ အညွန့်အခက်အပွင့် ၊ အရေအတွက်အားဖြင့် (၂၁)

ဇွန် ၊ စံပယ် သို့မဟုတ် ဇီး (ဆူးဖယ်ရှားပါ) စသော အင်္ဂါနံ အညွန့်အခက် အရေအတွက်အားဖြင့် (၈)

ဒန်း ၊ ထန်း ၊ ဒဟတ် ၊ နှင်းဆီ စသည်ဖြင့် စနေနံအညွန့်အခက်အပွင့် အရေအတွက်အားဖြင့် (၁၀)

အဲဒီ သုံးမျိုးကို စုပေါင်းပြီး နှစ်ဆန်းတစ်ရက်နေ့ အင်္ဂါနေ့တွင် နေအိမ်ဧည့်ခန်းမှာ ပန်းအိုးထိုးခြင်း သို့မဟုတ် ဘုရားတွင် ကပ်လှူ ပူဇော်ခြင်း ပြုသင့်ပါသည် ခင်ဗျား။

နှစ်ဆန်းတစ်ရက်နေ့သည် နှစ်တစ်နှစ်ရဲ့ ပထမဆုံးကနဦးအစ နေ့ရက်ရက်မြတ်တစ်ခု ဖြစ်တာမို့ အစကောင်းမှ အနှောင်း သေချာဆိုသလို ကနဦးအစနေ့ရက်ကို အားပြုပြီး ဒီအစီအစဉ်လေးကို အကောင်အထည် ဖော်သင့်ပါတယ်။

သို့သော်…

နှစ်ဆန်းတစ်ရက်နေ့မှာ အချိန်မမီခဲ့ရင်သော်မှ ၁၃၈၀ ခုနှစ် တစ်နှစ်လုံး အထက်ပါ အစီအစဉ်လေးကို ဆောင်ရွက်နိုင်ပြီး အထူးသဖြင့် ၁၃၈၀ နှစ်ထဲကမှ တနင်္လာနေ့မျိုးတွေမှာ ဆောင်ရွက်သွားနိုင်ပါတယ်။

မိတ်သင်္ဂဟများအားလုံး မြန်မာနှစ်သစ်မင်္ဂလာ ၁၃၈၀ မှာ ကောင်းမြတ်သော မင်္ဂလာဖြင့် ပြီးပြည့်စုံနိုင်သည် ဖြစ်ကြပါစေခင်ဗျား။

လေးစားစွာဖြင့်

ကိုဖုန်း / သုတေသီ ဝေသာလီမောင်ဖုန်း / ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
09 789 333 791, 09 318 17 287

ဟောခန်းလိပ်စာ – တိုက် 6 ၊ အခန်း 3 ၊ မြေညီထပ် ၊ မြကန်သာအိမ်ယာ၊ မြကန်သာလမ်း ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်။ အနီးဆုံး မှတ်တိုင် – ဆင်ရေတွင်းမှတ်တိုင်

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)