နှစ်အလိုက် ရှောင်အပ်သော ဓာတ်စာ

“ဆရာ…ဘာတွေ အလုပ်ရှုပ်နေလဲ”

“ဟာ…ဆရာကျော်…. ဘယ်က လှည့်လာတာလဲ…လာဗျာ…” ပြောပြောဆိုဆိုနဲ့ ကျွန်တော့်ရှေ့က စားပွဲနားမှာ ဆရာကျော် အတွက် နေရာပေးလိုက်ပါတယ်။

“ဆရာဒီနေ့ အလုပ်နားရက်မှန်းသိလို့ ရွေးလာခဲ့တာဗျာ…ဒီနှစ်ထဲ ကျန်းမာရေး အားနည်းနေတယ်။ ဆောင်အပ်ရှောင်အပ်တာ လမ်းညွှန်ပေးပါဦး” လို့ မိတ်ဆွေကြီးဆရာကျော်က ဆိုလာတာနဲ့…

“ကျန်းမာရေးကို မြန်မာ့လက်ဆန်းဗေဒင် လက်ရိုးဗေဒင် စသဖြင့် တွက်စစ်ရတဲ့ နည်းများစွာ ရှိတာ် ဆရာကျော်ရဲ့။ ဒီထဲက လွယ်လွယ်ကူကူနဲ့ တကယ် ထိရောက် အသုံးဝင်တဲ့ နည်းတစ်ခုကို ကျွန်တော် ပြောပြပေးလိုက်မယ်”(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါ)

“လက်ရှိရောက်ဆဲ အသက်ပိုင်းကို နေ့နံအလိုက် ကိုယ့်ရဲ့ မွေးနံဂြိုလ်သက်နဲ့ပေါင်း ပြီးရင် (၇)နဲ့စား၊ အကြွင်းအလိုက် ရှောင်ရမယ့် အရသာကို ရှောင်ရမယ်။ အဲ့ဒါကို ဓာတ်ခိုက်စာရယ်လို့ ရှေးအင်္ဂဝိဇ္ဇာ ဆရာကြီးတွေက ညွှန်းဆိုသွားတယ်” လို့ ဆရာကျော့်ကို ရှင်းပြလိုက်ပါတယ်။

“အိုကေ ဆရာရေ…ကျနော်က အသက် ၂၅ ထဲမှာ….ဗုဒ္ဓဟူးသားဆိုတော့ မွေးနံဂြိုလ်သက်က ၁၇ နော်။ အဲဒီတော့ ၂၅+၁၇= ၄၂ ရမယ်။ ၄၂ ကို ကို ၇ နဲ့စားတော့ ၀ ကြွင်းတယ်”

“၀ ကြွင်းတော့ အစပ်ရှောင်ရမှာ…ဆရာကျော်က”

“ဟာ…ဟုတ်ပြီဆရာရေ…ကျွန်တော်က အစပ်မပါရင် ထမင်းမစားတာ ဆရာသိသားနဲ့… ဒါ့ကြောင့် ဒီနှစ်ထဲ ကျန်းမာရေး ချူခြာနေတာ နေမယ်…ဆင်ခြင်မယ်ဗျာ…ဒါနဲ့ ကျွန်တော့်ကို အကြွင်းအလိုက် ရှောင်ရမဲ့ အရသာ ဓာတ်ခိုက်စာတွေ ပြောပြပေးဦး.. တစ်ခါတည်း မှတ်သွားမယ်”

“ကဲ…လိုက်မှတ်ပေတော့ဗျာ…..တွက်နည်းက …. မိမိရဲ့ ရောက်ဆဲအသက်ပိုင်းကို မွေးနံဂြိုလ်သက်နဲ့ ပေါင်းရမယ်…ပြီးတော့ ပေါင်းလို့ရတာကို (၇)နဲ့စား…. အကြွင်းအလိုက် (၁) ကြွင်း ၊ (၂) ကြွင်း အဖန်၊ (၃) ကြွင်း အခါး၊ (၄) ကြွင်း အချဉ်၊ (၅) ကြွင်း အဆိမ့်၊ (၆) ကြွင်း အချို၊ (၀) ကြွင်း အစပ် ဆိုပြီး ခွဲခြားထားတယ်။ အသက်အလိုက် အဲ့ဒီအရသာတွေကို လွန်လွန်ကဲကဲ စားတာမျိုး…တစိုက်မတ်မတ် စားသုံးနေတာမျိုး မလုပ်သင့်ဘူးပေါ့ဗျာ… ဒီလောက်ဆိုပြည့်စုံပြီလို့ ယူဆပါတယ်”

“အိုကေပြီဆရာရေ…ဒီနေ့ ဆရာ့နားရက်မှာ ကျန်းမာရေးနဲ့ဆိုင်တဲ့ တွက်စစ်နည်းလေး ရတဲ့အတွက် လာရကျိုးနပ်ပြီ. ..ခွင့်ပြုဦးဆရာရေ..” လို့ နှုတ်ဆက်ပြီးသကာလ မိတ်ဆွေကြီး ဆရာကျော်လည်း ပြန်သွားပါတယ်။

(ဗေဒင်နဲ့ စိမ်းသူတွေအဖို့ နေ့အလိုက် ဂြိုဟ်သက်တွေကို တပါတည်း ဖော်ပြပေးလိုက်ပါတယ်)

ကျန်းမာခြင်းသုခနှင့်ပြည့်စုံကြပါစေသော် ဆရာလင်းဝေအောင် (မြန်မာ့ဗေဒင်နှင့် ကေပီ ရှေ့ဆောင် နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)