ႏွစ္ေဟာင္းအကုန္၊ ႏွစ္သစ္အကူးမွာ ကံထူးႏိုင္တဲ့ ရာသီခြင္မ်ား

ေကာင္းက်ိဳးခ်မ္းသာအမ်ိဳးမ်ိဳးကို ေပးစြမ္းႏိုင္တဲ့ ေကာဇာၾကာသပေတးၿဂိဳဟ္ႀကီးဟာ ၄ လနီးပါးၾကာ အသြားမမွန္ ျဖစ္ခဲ့ရာက အခု ႏိုဝင္ဘာလေႏွာင္းပိုင္းမွာ  ပုံမွန္အတိုင္း ျပန္သြားေတာ့မွာ ျဖစ္ပါတယ္။

အေနာက္တိုင္းနကၡတ္ေဗဒင္စနစ္အရဆိုရင္ ၾကာသပေတးၿဂိဳဟ္ဟာ ဒီဇင္ဘာ ၂၀ မွာ မိႆရာသီထဲ ျပန္ဝင္ၿပီး ၂၀၂၃ ၊ ေမလလယ္ေလာက္ထိ မိႆရာသီမွာပဲ ဆက္လက္ တည္ရွိေနမွာ ျဖစ္လို႔ ေဖာ္ျပပါ ငါးလတာအတြင္း ဘယ္ရာသီခြင္ေတြက ေငြေၾကးကံဇာတာ ထူးျခားပြင့္လန္းလာမလဲဆိုတာ ၾကည့္ရေအာင္ပါ။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

မိန္ရာသီဖြား (ေဖေဖာ္ဝါရီ ၁၉ – မတ္ ၂၀)

မူလအိမ္ရွင္ၿဂိဳဟ္လည္း ျဖစ္သလို ခ်မ္းသာႂကြယ္ဝမႈကိုလည္း ဖန္တီးေပးတဲ့ ၾကာသပေတးၿဂိဳဟ္အစီးအနင္းအရ မိန္ရာသီဖြားေတြဟာ ေဖာ္ျပပါ ငါးလနီးပါးအတြင္းမွာ ေငြေၾကးကံဇာတာေတြ တိုးတက္ပြင့္လန္းလာ ဖို႔ရွိပါတယ္။ လုပ္ခလစာ တိုးတာမ်ိဳးအျပင္ တျခားရလမ္းေတြလည္း ေပၚလာတတ္လို႔ ကံစမ္းတာေတြ လုပ္ေပးသင့္ပါတယ္။

ဓႏုရာသီဖြား (ႏိုဝင္ဘာ ၂၂ – ဒီဇင္ဘာ ၂၁)

ဓႏုရာသီဖြားေတြအဖို႔ ၾကာသပေတးဟာ အိမ္ရွင္ၿဂိဳဟ္ ျဖစ္သလို စည္းစိမ္ခ်မ္းသာကို ရည္ၫႊန္းတဲ့ၿဂိဳဟ္လည္း ျဖစ္ေနတဲ့အတြက္ ေဖာ္ျပပါငါးလနီးပါးအတြင္း ကံစမ္းဉာဏ္စမ္းကိစၥေတြကေန ပြေပါက္တိုးကိန္း ရွိေနပါတယ္။ အလြန္အကြၽံ မကစားဖို႔နဲ႔ လက္လြယ္ အသုံးၾကမ္းမိတတ္တာေတြကိုေတာ့ မိမိဖာသာ ထိန္းခ်ဳပ္ရပါလိမ့္မယ္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ေမထုန္ရာသီဖြား (ေမ ၂၁ – ဇြန္ ၂၀)

ေကာဇာၾကာသပေတးၿဂိဳဟ္ ရပ္တည္ပုံအရ ေမထုန္ရာသီဖြားေတြဟာ ေဖာ္ျပပါငါးလနီးပါးအတြင္း လုပ္ငန္းက အက်ိဳးအျမတ္ခံစားခြင့္ေတြ ပိုရလာတတ္ပါတယ္။ ဝင္ေငြလမ္းေျဖာင့္ၿပီး လူမႈအဆက္အသြယ္ေတြကတစ္ဆင့္ ရေပါက္ရလမ္းအသစ္ေတြ ေပၚလာတတ္ပါတယ္။ ေငြေၾကးကံေကာင္းခ်ိန္ ျဖစ္လို႔ ကံစမ္းၾကည့္သင့္ပါတယ္။

မိႆရာသီဖြား (မတ္ ၂၁ – ဧၿပီ ၁၉)

မိႆရာသီဖြားေတြကေတာ့ ေဖာ္ျပပါငါးလအတြင္းမွာ ေငြေၾကးကံေကာင္းတာထက္ မိမိဘဝအေျခအေနေတြက အဘက္ဘက္ကေန တိုးတက္ျပည့္စုံမႈေတြ ျဖစ္ေပၚလာႏိုင္ပါတယ္။ ႀကိဳးစားထားတာေတြလည္း ေအာင္ျမင္မယ့္ လမ္းစ ေပၚလာတတ္ပါတယ္။ ကံတရားရဲ႕မ်က္ႏွာသာေပးခ်ိန္ကို ေရာက္လာလို႔ အသုံးခ်တတ္ဖို႔သာ လိုပါမယ္။

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ – ဇူလိုင္ ၂၂)

ၿပီးခဲ့တဲ့လပိုင္းေတြက လုပ္ငန္းစီးပြားအေျခအေန မတည္မၿငိမ္ ျဖစ္ခဲ့တဲ့ ကရကဋ္ရာသီဖြားေတြဟာ အေျခအေန ျပန္တည္ၿငိမ္မႈ ရလာၿပီး ေဖာ္ျပပါငါးလနီးပါးအတြင္း လုပ္ငန္း တိုးတက္ျဖစ္ထြန္းမႈေတြကို ျမင္ေတြ႕ရပါလိမ့္မယ္။ လုပ္ငန္းကေန အျမတ္အစြန္းေတြ ေပၚလာတာ၊ ေငြေၾကးအရ ခံစားခြင့္ တိုးလာတာေတြလည္း ႀကဳံရႏိုင္ပါတယ္။

ဒါကေတာ့ ၾကာသပေတးၿဂိဳဟ္အစီးအနင္းအရ ဒီႏွစ္၂၀၂၂ ၊ ဒီဇင္ဘာ ၂၀ ကေန ေရွ႕ႏွစ္ ၂၀၂၃ ၊ ေမလ ၁၆ ရက္ေန႔အထိ (ငါးလနီးပါးအတြင္း) ကံေကာင္း၊ ကံထူးႏိုင္တဲ့ ရာသီခြင္ေတြအေၾကာင္းပဲ ျဖစ္ပါတယ္။

အားလုံး ကံေကာင္းၾကပါေစလို႔ ဆႏၵျပဳပါတယ္ – ဧက (ေဗဒင္သုတ)

Unicode Font

ကောင်းကျိုးချမ်းသာအမျိုးမျိုးကို ပေးစွမ်းနိုင်တဲ့ ကောဇာကြာသပတေးဂြိုဟ်ကြီးဟာ ၄ လနီးပါးကြာ အသွားမမှန် ဖြစ်ခဲ့ရာက အခု နိုဝင်ဘာလနှောင်းပိုင်းမှာ ပုံမှန်အတိုင်း ပြန်သွားတော့မှာ ဖြစ်ပါတယ်။

အနောက်တိုင်းနက္ခတ်ဗေဒင်စနစ်အရဆိုရင် ကြာသပတေးဂြိုဟ်ဟာ ဒီဇင်ဘာ ၂၀ မှာ မိဿရာသီထဲ ပြန်ဝင်ပြီး ၂၀၂၃ ၊ မေလလယ်လောက်ထိ မိဿရာသီမှာပဲ ဆက်လက် တည်ရှိနေမှာ ဖြစ်လို့ ဖော်ပြပါ ငါးလတာအတွင်း ဘယ်ရာသီခွင်တွေက ငွေကြေးကံဇာတာ ထူးခြားပွင့်လန်းလာမလဲဆိုတာ ကြည့်ရအောင်ပါ။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
မူလအိမ်ရှင်ဂြိုဟ်လည်း ဖြစ်သလို ချမ်းသာကြွယ်ဝမှုကိုလည်း ဖန်တီးပေးတဲ့ ကြာသပတေးဂြိုဟ်အစီးအနင်းအရ မိန်ရာသီဖွားတွေဟာ ဖော်ပြပါ ငါးလနီးပါးအတွင်းမှာ ငွေကြေးကံဇာတာတွေ တိုးတက်ပွင့်လန်းလာ ဖို့ရှိပါတယ်။ လုပ်ခလစာ တိုးတာမျိုးအပြင် တခြားရလမ်းတွေလည်း ပေါ်လာတတ်လို့ ကံစမ်းတာတွေ လုပ်ပေးသင့်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
ဓနုရာသီဖွားတွေအဖို့ ကြာသပတေးဟာ အိမ်ရှင်ဂြိုဟ် ဖြစ်သလို စည်းစိမ်ချမ်းသာကို ရည်ညွှန်းတဲ့ဂြိုဟ်လည်း ဖြစ်နေတဲ့အတွက် ဖော်ပြပါငါးလနီးပါးအတွင်း ကံစမ်းဉာဏ်စမ်းကိစ္စတွေကနေ ပွပေါက်တိုးကိန်း ရှိနေပါတယ်။ အလွန်အကျွံ မကစားဖို့နဲ့ လက်လွယ် အသုံးကြမ်းမိတတ်တာတွေကိုတော့ မိမိဖာသာ ထိန်းချုပ်ရပါလိမ့်မယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)
ကောဇာကြာသပတေးဂြိုဟ် ရပ်တည်ပုံအရ မေထုန်ရာသီဖွားတွေဟာ ဖော်ပြပါငါးလနီးပါးအတွင်း လုပ်ငန်းက အကျိုးအမြတ်ခံစားခွင့်တွေ ပိုရလာတတ်ပါတယ်။ ဝင်ငွေလမ်းဖြောင့်ပြီး လူမှုအဆက်အသွယ်တွေကတစ်ဆင့် ရပေါက်ရလမ်းအသစ်တွေ ပေါ်လာတတ်ပါတယ်။ ငွေကြေးကံကောင်းချိန် ဖြစ်လို့ ကံစမ်းကြည့်သင့်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)
မိဿရာသီဖွားတွေကတော့ ဖော်ပြပါငါးလအတွင်းမှာ ငွေကြေးကံကောင်းတာထက် မိမိဘဝအခြေအနေတွေက အဘက်ဘက်ကနေ တိုးတက်ပြည့်စုံမှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကြိုးစားထားတာတွေလည်း အောင်မြင်မယ့် လမ်းစ ပေါ်လာတတ်ပါတယ်။ ကံတရားရဲ့မျက်နှာသာပေးချိန်ကို ရောက်လာလို့ အသုံးချတတ်ဖို့သာ လိုပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)
ပြီးခဲ့တဲ့လပိုင်းတွေက လုပ်ငန်းစီးပွားအခြေအနေ မတည်မငြိမ် ဖြစ်ခဲ့တဲ့ ကရကဋ်ရာသီဖွားတွေဟာ အခြေအနေ ပြန်တည်ငြိမ်မှု ရလာပြီး ဖော်ပြပါငါးလနီးပါးအတွင်း လုပ်ငန်း တိုးတက်ဖြစ်ထွန်းမှုတွေကို မြင်တွေ့ရပါလိမ့်မယ်။ လုပ်ငန်းကနေ အမြတ်အစွန်းတွေ ပေါ်လာတာ၊ ငွေကြေးအရ ခံစားခွင့် တိုးလာတာတွေလည်း ကြုံရနိုင်ပါတယ်။

ဒါကတော့ ကြာသပတေးဂြိုဟ်အစီးအနင်းအရ ဒီနှစ်၂၀၂၂ ၊ ဒီဇင်ဘာ ၂၀ ကနေ ရှေ့နှစ် ၂၀၂၃ ၊ မေလ ၁၆ ရက်နေ့အထိ (ငါးလနီးပါးအတွင်း) ကံကောင်း၊ ကံထူးနိုင်တဲ့ ရာသီခွင်တွေအကြောင်းပဲ ဖြစ်ပါတယ်။

အားလုံး ကံကောင်းကြပါစေလို့ ဆန္ဒပြုပါတယ် ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)