နှလုံးသားရေးရာနဲ့ ဖုန်းရွှေပညာ

မေတ္တာရေး ကံခေသူတွေ၊ အခုထိ မစွံသေးတဲ့ FA တွေ၊ အချစ်ရေးမှာ လဲကျလိုက် ပြန်ထလိုက် ဖြစ်နေရတဲ့ နှလုံးသား ဒဏ်ရာသမားတွေ အတွက် တရုတ်တွေရဲ့ နာမည်ကျော် လောကီပညာရပ်တစ်ခု ဖြစ်တဲ့ ဖုန်းရွှေ အစီအရင်တချို့ကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်ရိုးရာ ဖုန်းရွှေပညာရပ်မှာ မီးဓာတ်( Fire)၊ မြေကြီး(Earth) ၊ သတ္တု (Metal)၊ ရေ(Water) ၊ သစ်သား (Wood) ဆိုပြီး ဓာတ်ကြီး ငါးပါးရှိပါတယ်။ အရပ်ရှစ်မျက်နှာအလိုက် ဆိုင်ရာ ဓာတ်သဘာဝတွေ ကြီးစိုးပါတယ်။ သက်ဆိုင်ရာ အရပ်ဒေသအလိုက် သင့်လျော်သော ဓာတ်သဘာဝနဲ့ညီတဲ့ ပစ္စည်း အရောင်ကာလာ စသဖြင့် ထားရှိရင် ကောင်းကျိုးဖြစ်ထွန်းစေပါတယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

ဖုန်းရွှေပညာရပ်မှာ အနောက်တောင်အရပ်ဟာ Love and Romance နှင့်ပက်သက်ပြီး လူချစ်လူခင်များခြင်း စန်းကောင်းခြင်း ညို့ငင်နိုင်စွမ်းနဲ့ ပီယဓာတ်ကို အနောက်တောင်အရပ်က ဖန်တီးနိုင်တယ်လို့ သတ်မှတ်ပါတယ်။ အနောက်တောင်အရပ်သည် Earth (မြေကြီးဓာတ်) သဘာဝဖြစ်ပီး ၄င်းမြေဓာတ်ကို တိုးပွားစေဖို့ရာ မီးဓာတ်နဲ့ ပံ့ပိုးပေးရပါတယ်။ မီးဓာတ်ဟာ အနီရောင် ခရမ်းရောင် အ၀ါရောင်များကို ကိုယ်စားပြုတာကြောင့်….

မိမိ အလုပ်ခန်း (သို့မဟုတ်) အိပ်ခန်း ရဲ့ အနောက်တောင်ထောင့်ကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ထားရှိခြင်း၊ ဖန်ထည် ၊ ကြွေထည်၊ ကျေက်အရိုင်းတုံးများ စသဖြင့် မြေဓာတ်သဘာဝပစ္စည်းများဖြင့် အလှဆင်ထားခြင်း၊ ၄င်းအရပ်ထောင့်မှာ အနီရောင်၊ အ၀ါရာင်၊ ခရမ်းရောင် လိုက်ကာ ခန်းဆီးများအသုံးပြုခြင်း နီယွန်ရောင်စုံမီးလေးများ အလှဆင်ထားခြင်း စသဖြင့် ထားရှိသုံးစွဲခြင်းဖြင့် အချစ်ရေး မေတ္တာရေးကံ ပွင့်လန်းခြင်း၊ စန်းအားကောင်းခြင်း၊ နှလုံးသားရေး ကံကောင်းခြင်းတွေ ရရှိစေပါလိမ့်မယ်။ (ဗေဒင်သုတ – BaydinThyuta ၏ မူပိုင် ဖြစ်သည်။ အခြား Website နှင့် Facebook Page များတွင် ပြန်လည် ကူးယူဖော်ပြခွင့် မပြုပါ)

အချစ်ကံခေသူများအနေနဲ့ မိမိလိုင်စင်ဓာတ်ပုံပေါ်မှာ ဖဲကြိုး အ၀ါ (သို့) အနီများဖြင့် ရစ်ပတ်ချည်နှောင်ပြီး ဖန်ထည် အလှပ ပစ္စည်းလေးတစ်ခုနှင့် အတူထားပြီး အလင်းဓာတ်လေး ပေးထားခြင်းဖြင့် ကောင်းသောကံ ဖြစ်ထွန်းစေပါတယ်။

အ၀ါရောင်စာရွက်ပေါ်တွင် မှင်အနီဖြင့် မိမိမွေးရက်ဂဏန်းကို ရေးပြီး အနောက်တောင်ထောင့်တွင် ချိတ်ဆွဲထားခြင်းဖြင့်လည်းကောင်း၊ လှပစွာ ပျံသန်းနေသော ဇင်ယော်ငှက် ချိုးဖြူငှက် ပုံပိုစတာများ ချိတ်ဆွဲထားရှိခြင်း၊ ကြွေပန်းအိုးတစ်ခုအတွင်း အနီရောင်၊ အ၀ါရောင် ပန်းများ ပန်းအိုးထိုးခြင်းဖြင့်လည်း စန်းကောင်းခြင်း အချစ်ရေး မေတ္တာရေးကံကောင်းခြင်းများ ဖြစ်ထွန်းနိုင်မယ်လို့ ဖုန်းရွှေပညာက အကြံပြုထားပါတယ်။

နှလုံးသားရေး အဆင်ပြေလို့ ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာ ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)