Valentine’s Day လက်ဆောင် အစီအရင်

မကြာခင် ရောက်ရှိတော့မယ့် Feb 14 – Valentine Day (ချစ်သူများနေ့) မှာပဲ လုပ်ဆောင်ရတဲ့ အနောက်တိုင်းစနစ်သုံး ယတြာအစီအရင်တစ်ခုကို ဗေဒင်သုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ချစ်သူသက်တမ်း ကြာလာသည်နဲ့အမျှ အနာဂတ်မှာ ရေရှည်တည်မြဲလိုသူများ၊ မေတ္တာရေးမှာ တစ်ဖက်သတ်ဆန်မှုကြောင့် သောကရောက်နေသူများ၊ ချစ်သူနှစ်ဦးကြား အပြန်အလှန် နွေးထွေးလိုသူများ၊ ချစ်ခြင်းမေတ္တာ အေးစက်မှုများကြောင့် ပူပန်နေရသူများ၊ အိမ်ထောင်ရေး အဆင်မပြေသူများအတွက် လုပ်ဆောင်သင့်တဲ့ အစီအရင်တစ်ခု ဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ (ယုံကြည်လေးနက်မှုကိုလည်း လိုအပ်သော ပစ္စည်းများစာရင်းတွင် ထည့်သွင်းထားပါသည်)

လုပ်ဆောင်ပုံအဆင့်ဆင့်မှာ သန့်ပြန့်သော နေရာတစ်ခုတွင် ခုံတစ်လုံး ချပြီး ဆောင်ရွက်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ပန်းကန်လုံးထဲတွင် ရေတစ်ဝက်ကျော်ကျော် ထည့်ပါ။ နှင်းဆီပန်းပွင့်ဖတ် ၅ခုကို ထိုရေထဲ ထည့်ပါ။ ၄င်းရှေ့တွင် ဖယောင်းတိုင် အနီရောင်ကို ထွန်းပါ။ ထို့နောက် ဖယောင်းတိုင်မီးရှေ့တွင် မိမိ ချစ်မြတ်နိုးရသူ၏ ဓာတ်ပုံကို ကိုင်ကာ အောက်ပါ စာသားကို ၁၄ ကြိမ် ရွတ်ပါ။

လုပ်ဆောင်ရမယ့်အချိန် – 14.2.2020 – ည ၈း၀၈ နာရီမှ ၉း၁၁ နာရီအတွင်း ဖြစ်ပါသည်။ လုပ်ဆောင်ရမယ့် အချိန်တိကျမှု၊ ယုံကြည်မှုနှင့် စနစ်တကျ မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းဖြင့် ပျော်ရွှင်ချမ်းမြေ့သော ချစ်သူစုံတွဲဘဝကို သက်ဆုံးတိုင် တည်ဆောက်နိုင်ကြပါစေ…။

ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)