စီးပွားဥစ္စာတိုးတက်စေသော ဓာတ်သစ်ပင်စိုက်နည်း

မြန်မာ့အင်္ဂဝိဇ္ဇာပညာရပ်တွင် “သစ်စိမ့် ပန်းယ သူရဇ္ဇ စိုက်ထ လွန်ချမ်းသာ” ဟူသော အဆိုအမိန့် အတိုင်း နေ့သားအလိုက် မိမိ၏ ဂဟပတိအရပ် (ငွေကြေးနှင့် ဆိုင်သောအရပ်ဒေသ) တွင် မိမိ၏ ဓာတ်နဝင်းတွဲသစ်ပင်ကို စနစ်တကျ စိုက်ပျိုးထားခြင်းဖြင့် ငွေကြေးစီးပွားဥစ္စာ တိုးတက်ခြင်းကို ရရှိပေမည်။

စိုက်ရန်အချိန်သည် ပြဿဒါးရက်နှင့် လွတ်သော မိမိမွေးနေ့ မနက် ၆း၀၀ မှ ရး၃၀ အတွင်း ဖြစ်သည်။ စတင် စိုက်ပျိုးမည့်ရက်သတ္တပတ်သည် လဆန်းပိုင်း ဖြစ်လျှင် ပိုမို ကောင်းမွန်လှပေသည်။

ဓာတ်သစ်ပင် စိုက်ပျိုးရမည့် နေ့နံအလိုက် အရပ်ထောင့် (ဂဟပတိအရပ်မျက်နှာ) များမှာ ..

တနင်္ဂနွေ – အနောက်တောင်အရပ်
တနင်္လာ – အနောက်အရပ်
အင်္ဂါ – အနောက်မြောက်အရပ်
ဗုဒ္ဓဟူး – မြောက်အရပ်
ရာဟု – အရှေ့တောင်
ကြာသပတေး – အရှေ့အရပ်
သောကြာ – တောင်အရပ်
စနေ – အရှေ့မြောက်အရပ်

သတ်မှတ်ထားသော အချိန်တွင် မိမိနေအိမ်၏ သတ်မှတ်ထားသော အရပ်ဒေသ၌ အောက်ဖော်ပြပါ ဓာတ်သစ်ပင်ကို စိုက်ပျိုးရမည်။ နေ့ဖွားအလိုက် စိုက်ရမည့်ဓာတ်သစ်ပင်များမှာ…

တနင်္ဂနွေနေ့ဖွား – သစ်စိမ့်ပင်
တနင်္လာနေ့ဖွား – ထင်းရှူးပင် (သို့) ဒူးရင်းပင်
အင်္ဂါနေ့ဖွား – အုန်းပင်ပေါက်
ဗုဒ္ဓဟူးနေ့ဖွား – ကသစ်ပင်
ကြာသပတေးနေ့ဖွား- စွယ်တော်ပင်
သောကြာနေ့ဖွား – ဝင်အူပင်
စနေနေ့ဖွား – မန်ကျည်းပင် (သို့) မာလကာပင်

ဖော်ပြထားသော နေ့ဖွားအလိုက် သတ်မှတ်ထားသောအချိန်တွင် သတ်မှတ်ထားသော အရပ်ထောင့်၌ ရွှေရည်ငွေရည် လောင်း၍ စိုက်ပျိုးပေးပါ။
ထိုဓာတ်သစ်ပင် ကောင်းစွာ ရှင်သန်ကြီးထွားလာလေလေ၊ မိမိတို့၏ လုပ်ငန်းစီးပွား၊ ဓနဥစ္စာတို့လည်း တိုးတက်ကြီးပွားလာလေလေ ဖြစ်သည်ကို ရှေးဘုန်းကံအလျောက် ခံစားရရှိပါလိမ့်မည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)