နာမည်အဖျားစာလုံး စနေနံပိုင်ရှင်များအတွက်
နာမည်အဖျားစာလုံး (သို့မဟုတ်) အဆုံးစာလုံးကို စနေနံ တ၊ထ၊ဓ၊ဒ၊န၊ဌ တွေနဲ့ မှည့်ခေါ်ထားသော အမည်ရှင်များအတွက်ပါ။ ဥပမာ အားဖြင့် .စိုးမိုးထွန်း ၊ မြတ်လင်းထင်၊ မွန်မွန်နွေး၊ သန်းသန်းဌေး၊ ယုယနှင်း စသည်တို့ပဲ ဖြစ်ပါတယ်။
ဒီအမည်ရှင်တွေကို အဓိက အားပေးချင်တာကတော့ တာဝန်ယူလိုစိတ်ကို မွေးနိုင်သည်ထက် မွေးမြူပါ ဆိုတာပါပဲ။ အခါအားလျော်စွာ ဘဝမှာ မနိုင်ဝန်တွေ၊ အလွန်ကြီးမားတဲ့ သို့မဟုတ် များပြားတဲ့ တာဝန်တွေဟာ မိမိတို့ပုခုံးပေါ်ကို စုပြုံကျလာပါလိမ့်မယ်။ ဒရွတ်ဆွဲပြီး ထမ်းသွားနေရတဲ့အထိလည်း တစ်ခါတစ်ရံမှာ လေးလံလာပါလိမ့်မယ်။(ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဘာပဲဖြစ်ဖြစ် ဇွဲမလျှော့လိုက်ပါနဲ့။ ဒီအမည်ရှင်တွေ အတွက် ဇွဲကောင်းဖို့ ဆိုတာသည် အသက်တစ်မျှ အရေးကြီးလှပါတယ်။ အထပ်ထပ် ပုံလာသည့် တာဝန်တွေကို ဇွဲနဲ့ ဖြည်းဖြည်းချင်း မရမက ဖြေရှင်းသွားပါ။ ထို့အတူ……….
ဒီအမည်ရှင်တွေရဲ့ အားနည်းချက်ကတော့ အောင်မြင်မှု ရရန် နှေးကွေးခြင်းပဲ ဖြစ်ပါတယ်။ သို့သော် တစ်ဖက်က အားသာချက် တစ်ခုကတော့…ရလာပြီးသမျှသော အောင်မြင်မှုတွေကတော့ သံမဏိလို မာကျောပြီး ရဲတိုက်ကြီးတစ်ခုလို ခန့်ထည်စွာနဲ့ သက်တမ်းကြာရှည်နိုင်ခြင်းပါပဲ။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဒီအမည်ရှင်တွေဟာ ဆိုးတာပဲဖြစ်ဖြစ်…ကောင်းတာပဲကြုံကြုံ.ကာလရှည်ကြာ ရင်ဆိုင်ရတတ်ပါတယ်။ ဒါကြောင့် ဇွဲဆိုတာသာ မရှိဘူး ဆိုရင် ဒီအမည်ရှင်တွေဟာ သုံးစားလို့ မရတော့ပါ။
ကောင်းပြီ… လောကီပညာရှုထောင့်ဘက်ကနေ …ပံ့ပိုးပေးရမယ်ဆိုရင်တော့.. သံမဏိ စစ်စစ်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင်များသည် ဒီအမည်ရှင်တွေကို အထူး အကျိုးပြုနိုင်ပါသည်ခင်ဗျား။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
အလားတူပင်…အစားအစာများထဲမှာ….နှစ်ချို့ဝိုင် ၊ ဒိန်ချဉ် ၊ ငါးပိငါးခြောက် စသည်ဖြင့် သက်တမ်း (အချိန်ကာလကြာရှည်ခြင်းဖြင့်) ပြုလုပ်ထားသော အစားအစာတွေသည် ဒီအမည်ရှင်တွေနဲ့ သဘာဝ ကိုက်ညီပါတယ်။
ဆိုတော့ ကိုယ့်ကျန်းမာရေးအရ စားဖို့မသင့်သည်တိုင်အောင် .. ဘုရားဆွမ်းတော် ကပ်သည့်အခါမှာ ဖြစ်စေ…ဒိန်ချဉ်လေး နဲ့ ကပ်ကြည့်ပါ။ ဝိုင်တော့ သွားမကပ်နဲ့ပေါ့ ..အကုန်..မိုးကြိုးပစ်ကုန်မလားလို့..။
ယတြာပိုင်းကို စီရင်ရာမှာဖြစ်စေ….ဉာဏ်ရှိသလို သာ အသုံးပြုနိုင်ပါတယ်။ ဗုဒ္ဓဘာသာဝင်များ အဖို့တော့  ဒီအမည်ရှင်မျိုးလည်း ဖြစ်မယ်…ကံလည်း နည်းနည်း ညံ့လာတယ်လို့ ကိုယ့်ကိုကိုယ် ထင်လာမယ်ဆိုရင်….သံဃာတော်များကို ….သံဃာစီးဖိနပ်များ လှုဒါန်းပေးခြင်းအားဖြင့် ….မိမိတို့ရဲ့ ကံအဆိုးအညံ့တို့ကို သက်သာခြင်း ဖြစ်စေနိုင်ပါကြောင်း..။ ကျွန်တော် ကိုယ်တိုင်လည်း စနေနံ အဖျားစာလုံး အမည်ရှင်မို့ နှစ်ရှည်လများ ..လေ့လာမှတ်တမ်းတင်ခဲ့မိပါကြောင်း…။
လေးစားစွာဖြင့်… ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791