နာမည်အဆုံး အင်္ဂါနံသုံးထားသူများအတွက်

နာမည်ရဲ့နောက်ဆုံးမှာ အင်္ဂါနံ စ၊ဆ၊ဇ၊ဈ၊ည ဖြင့်လည်းမှည့်ခေါ်သုံးစွဲထားမယ်။ အသက်ပိုင်းခြားအရလည်း အသက်အားဖြင့် ၇နှစ်၊ ၁၄နှစ်၊ ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၆နှစ်၊ ၆၃နှစ်၊ ၇၀နှစ်၊ ၇၇နှစ်၊ ၈၄နှစ်၊၉၁ နှစ် စသည်ဖြင့်သော အသက်ပိုင်းခြားတွေကို ဖြတ်သန်းနေမယ်ဆိုရင်…

(၁) အမင်္ဂလာကိစ္စပေါ်လွယ်တတ်ပါတယ်။ နာရေးဖိတ်တာခံရတာမျိုးသော်လည်းကောင်း ကြုံရတတ်ပါတယ်။ ဆွေမျိုးသွေးသားထဲက အမျိုးသမီးအကြီးအကဲတွေ ထိခိုက်နစ်နာခြင်း၊ ကံမကောင်းခြင်း ဖြစ်လွယ်စေတတ်ပါတယ်။

(၂) မျက်နှာပျက်စရာတွေ အလွန်များတတ်ချိန်ပါ။ သေချာလုပ်ပေးတာတောင် မျက်နှာပန်းမလှ ဖြစ်ရတတ်ချိန်။ အနေမတတ်လို့ ကြားညှပ်ခံလိုက်ရတယ်ဆိုတာလည်း ဒီအချိန်အသက်ပိုင်းမျိုးပါပဲ။

(၃) ကျန်းမာရေးပိုင်းမှာ အစာအိမ်၊ ခြေ၊  ခါး၊ ကျောက်ကပ်၊ သွေးချို၊ ဆီးချို၊ သွေးပေါင်အတက်အကျ၊ ချောင်းဆိုးရင်ကျပ် ရောဂါအခံရှိထားရင် ပိုမိုဂရုစိုက်ရမယ့် ကာလပါ။

(၄) ယာဉ်ကားနဲ့ ပတ်သက်ရင် ကံမကောင်းတတ်သည့် ကာလပါ။

(၅) ခရီးစဉ် ပျက်ပြားတတ်ခြင်း၊ သင်ကြားရေးကိစ္စများတွင် ကံမကောင်းတတ်ခြင်း၊ အသင်းအဖွဲ့များမှ နှုတ်ထွက်ရတတ်ခြင်းတွေသည် သည်အသက်ပိုင်းမျိုးတွေမှာ ကြုံတတ်ပါတယ်။

ရေးရရင် အများကြီးကျန်ပါသေးတယ်။ ထားခဲ့ပါစို့။ သည်အသက်ပိုင်းတွေမှာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်..၊ ရေကုသိုလ်ကို ကြုံတိုင်းသာ လုပ်ပါ။

ရေသတ္တဝါ အစာကျွေးတာ ၊ ဘေးမဲ့လွှတ်တာ စသဖြင့်လေးတွေ မကြာမကြာလုပ်ပါ။ အထူးသဖြင့် အပတ်စဉ် အင်္ဂါနေ့တိုင်း မပျက်မကွက်လုပ်သွားကြည့်ပါ။ တော်ရုံဆိုးကျိုးလောက်ကိုတော့ ကာကွယ်နိုင်ပါလိမ့်မယ်။ လပြည့်နေ့ လကွယ်နေ့တွေမှာ ပိုမိုပြီးသတိပြုနေထိုင်ကြရမယ့်ကာလလည်း ဖြစ်ပါတယ်။ အားလုံးပဲ အသုံးဝင်နိုင်ကြပါစေခင်ဗျား။

လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)