နိမိတ်ဆိုး၊ အိပ်မက်ဆိုးတွေ ချေဖျက်နိုင်မယ့် အစီအရင်
လူတွေမှာ အစွဲအလန်းလေးတွေ ရှိတတ်ကြသည်။ တချို့က အောက်မျက်ခမ်းလေး လှုပ်မိလိုက်တာနဲ့ မကြာခင် ကံမကောင်းတော့ဘူးလို့ စွဲမှတ်ယူကြသည်။ မကြာခင်မှာလည်း အဆင်မပြေမှုတွေနဲ့ ကြုံတွေ့သွားတတ်သည်။
တချို့ကျတော့ အိပ်မက်ဆိုးတွေ မက်ပြီး နေမထိထိုင်မသာ၊ စိတ်လေးလံဖိစီးကြရသည်။ အိပ်မက် မကောင်းဘူး ဆိုကာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ ဖြစ်တတ်ကြသည်။
ထိုသူများအတွက် အိပ်မက်ဆိုး၊ နိမိတ်ဆိုးများကို ပျက်ပြယ်အောင် ချေဖျက်နိုင်သော ကုသိုလ်ကံမြှင့် အစီအရင်ကို ဖော်ပြလိုက်ပါသည။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဘာသာရေးအရ အတိတ်နိမိတ်ဆိုး၊ အိပ်မက်ဆိုးများ မြင်မက်သော် ၊ ကံဇာတာ မကောင်း၊ ဂြိုဟ်စီးဂြိုဟ်နင်းများ မကောင်းသော် ပုပ္ဗဏှသုတ်တော်ကို ရွတ်ဆိုပူဇော်ကြရန် အမှာရှိသည်။
ပါမောက္ခချုပ်ဆရာတော်ကြီးကလည်း အိပ်မက်ဆိုးတို့ မက်ခဲ့လျှင် ရတနာမြတ်သုံးပါးကို အာရုံပြုပြီး ပုပ္ဗဏှသုတ်၏ အဖွင့် ဖြစ်သော အောက်ဖော်ပြပါ ဂါထာသုံးပိုဒ်ကို ရွတ်ဖတ်ပူဇော် နှလုံးသွင်းရန် ဟောကြားထားသည်။
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနသ မေန္တု။
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာ နုဘာဝေန ဝိနာသ မေန္တု။
ယံ ဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာ မနာပေါ သကုဏဿ သဒ္ဒေါ။
ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ မေန္တု။
အကယ်၍ မိမိတို့သည် စွဲလန်းနေကျ အတိတ်နိမိတ်ဆိုးများ (သို့မဟုတ်) အိပ်မက်ဆိုးများကို မြင်မက်ခဲ့သော် နီးစပ်ရာ ဘုရားစေတီတစ်ဆူ၏ မွေးနံထောင့်ရှိရာသို့ သွားရောက်၍ ဖော်ပြပါ ပရိတ်အဖွင့် သုံးပိုဒ်ကို (၉) ကြိမ် ရွတ်ဖတ်ပူဇော်ပြီး နိမိတ်ဆိုး၊ အိပ်မက်ဆိုးများ ပြေပျောက်ပါစေကြောင်း ဆုတောင်းရပါမည်။
ထို့နောက် မိမိတို့ နေ့နံအလိုက် အောက်ဖော်ပြပါ သီရိအရပ် (ကျက်သရေတိုးစေသော) ဂြိုဟ်ခွင်ထောင့်များတွင် တံမျက်လှည်း၊ သန့်ရှင်းပေးရပါမည်။ (ပန်းအနွမ်းပါး စွန့်ပစ်ခြင်း၊ ဖယောင်းချိုး ခွာခြင်းတို့လည်း လုပ်နိုင်ပါသည်) (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
တနင်္ဂနေ့ဖွား – သောကြာထောင့်
တနင်္လာနေ့ဖွား – တနင်္ဂနွေထောင့်
အင်္ဂါနေ့ဖွား – တနင်္လာထောင့်
ဗုဒ္ဓဟူးနေ့ဖွား – အင်္ဂါထောင့်
ရာဟုနေ့ဖွား – ကြာသပတေးထောင့်
ကြာသပတေးနေ့ဖွား – စနေထောင့်
သောကြာနေ့ဖွား – ရာဟုထောင့်
စနေနေ့ဖွား – ဗုဒ္ဓဟူးထောင့်
ဥပမာ – တနင်္လာသားသမီးတစ်ဦးသည် အိပ်မက်ဆိုးတို့ မြင်မက်ခဲ့သော် (သို့) စိတ်စွဲလန်းမိသော နိမိတ်ဆိုး တစ်ခုခု မြင်မိခဲ့သော် ရေမိုးချိုး၊ ခေါင်းလျှော်သန့်စင်၍ စေတီတစ်ဆူသို့ သွားရောက်ပြီး မိမိမွေးနံထောင့်တွင် ဘုရားဝတ်ပြုကာ ဖော်ပြပါ ပရိတ်အဖွင့်ဂါထာ သုံးပိုဒ်ကို (၉) ခေါက် ပူဇော်ပါ။ ထို့နောက် သီရိအရပ်ဖြစ်သော တနင်္ဂနွေထောင့်တွင် သန့်ရှင်းရေးလုပ်ပေးပ။
တစ်ပတ်လျှင် မိမိ အားလပ်သည့် တစ်ရက် ဘုရားစေတီသို့ သွားရောက်၍ အထက်ပါအတိုင်း ရွတ်ဖတ်ပူဇော်ပြီး နေ့နံအလိုက် သက်ဆိုင်ရာဂြိုဟ်ခွင်ထောင့်များတွင် သန့်ရှင်းရေးလုပ်ပေးခြင်းဖြင့် မကောင်းသော အနိဌာရုံများ ပြေပျောက်ကာ ကောင်းကျိုးချမ်းသာများ ကျရောက်လာစေမည် ဖြစ်ကြောင်း လမ်းညွှန်အကြံပြုအပ်ပါသည်။
အတိတ်ကောင်းနိမိတ်ကောင်း၊ အိပ်မက်ကောင်းများသာ မြင်မက်ကြပါစေသတည်း
ဧက (ဗေဒင်သုတ)