ဝါအကျွတ်မှာ အကြောင်းဆက် ပေါင်းဖက်ရနိုင်တဲ့ ရာသီခွင်များ

အနောက်တိုင်းနက္ခတ်ဗေဒင်ရဲ့ ကောဇာဂြိုဟ်အစီးအနင်းတွေအရဆိုရင်  အောက်တိုဘာလ နောက်ပိုင်း (တနည်း) ဝါတွင်းကာလ ပြီးဆုံးတဲ့ သီတင်းကျွတ်နောက်ပိုင်းမှာ အစွံထုတ်နိုင်လာနိုင်မယ့် ၊ အိမ်ထောင်ကျကိန်း ရှိတဲ့ ရာသီဖွားတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်လာရင် အကောင်း၊ အဆိုးတွေ အစွန်းရောက်တတ်တဲ့၊ ခံစားချက်တွေကို မျိုသိပ်တတ်တဲ့ ဗြိစ္ဆာတွေဟာ လာမယ့်ဝါအကျွတ်မှာ ဇာတာ တက်ပြီး ဖူးစာဖက်ရကိန်း ရှိနေပါတယ်။

ဗြိစ္ဆာရာသီဖွား ပျိုရွယ်သူတွေအနေနဲ့ ချစ်ရသူနဲ့ ပေါင်းဖက်ရဖို့ ရည်ရွယ်ထားတယ်ဆိုရင် လိုအင်ဆန္ဒ တစ်လုံးတစ်ဝကြီး ပြည့်ဝတော့မှာ ဖြစ်ပါတယ်။ အခုထိ တစ်ကိုယ်တည်း ဖြစ်နေတဲ့သူတွေဆိုရင်လည်း အနှေးနဲ့အမြန်ဆိုသလို ဖူးစာဖက်နဲ့ ဆုံဆည်းခွင့် ရလာတတ်ပါတယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

တော်တော်နဲ့ မချစ်တတ်ဘဲ ချစ်ပြီဟေ့ဆိုရင်လည်း အလေးအနက် တန်ဖိုးထားတတ်တဲ့ ပြိဿတွေက ဝါကျွတ်ပြီးနောက်မှာ မေတ္တာရေးကံတွေ ထူးခြားလာပါလိမ့်မယ်။ နှစ်ကိုယ်တူဘဝလေး ထူထောင်ဖို့ ရည်ရွယ်ထားတဲ့သူတွေဆိုရင် ရေကန်အသင့်၊ ကြာအသင့် အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။

တစ်ကိုယ်တော်ဘဝမှာ အထီးကျန်နေတဲ့ ပြိဿရာသီဖွားဆိုရင်လည်း ရင်ခုန်စရာတွေ ကြုံလာရတတ်ပြီး နှစ်သက် သဘောကျရသူနဲ့ အကြောင်းဖန်လာတတ်ပါတယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

ထိလွယ်ရှလွယ် မဟုတ်ပေမယ့် ခံစားချက်နဲ့ ပတ်သက်လာရင် နည်းနည်းမှ အထိခိုက်မခံတတ်ကြတဲ့ ကန်ရာသီဖွားတွေဟာ ဒီဝါအကျွတ်မှာတော့ ကိုယ့်နှလုံးသားကို ချစ်ရသူဆီ ပုံအပ်ဖို့ အခွင့်အရေးတွေ ရပါလာတော့မယ်။ မင်္ဂလာရက်မြတ် ရွေးခွင့် ရလာတတ်ပါတယ်။

တနည်းအားဖြင့် နှစ်ဦးသားဘဝရှေ့ရေးအတွက် ခြေလှမ်းအသစ်တွေ စတင် ပြင်ဆင်ရတော့မှာ ဖြစ်ပြီး တူနှစ်ဖြာ ရွှေဂဟေ ဆက်နိုင်မယ့်ကာလ ဖြစ်ပါတယ်။ အခုချိန်ထိ တစ်ကိုယ်တော်ဘဝ ဖြစ်နေသေးတဲ့ ၊ လက်တွဲဖော် မရှိသေးတဲ့ ကန်ရာသီဖွားတွေလည်း ဖူးစာဖက် ပေါ်လာတတ်ချိန် ဖြစ်ပါတယ်။

ဖော်ပြပါ ရာသီဖွားတွေလိုပဲ တူရာသီဖွား(စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) နဲ့ ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) တွေလည်း နှလုံးသားရေး လိုအင်ဆန္ဒတွေ၊ ရည်ရွယ်ချက်တွေ ပြည့်ဝလာနိုင်ပါတယ်။

ဒါကတော့ ရာသီခွင်ဗေဒင်အရ  သီတင်းကျွတ်ကနေ နောက်နှစ် ဝါပြန်မဝင်အထိ မေတ္တာရေး ကံတွေ ပွင့်လန်းပြီး နှစ်ယောက်တစ်ဘဝ ဖြစ်လာနိုင်တဲ့သူတွေကို ဟောကိန်းထုတ် တင်ပြထားတာ ဖြစ်ပါတယ်။  ဧက (ဗေဒင်သုတ)

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)