ဘယ်လိုဇာတာမျိုးလဲ
ကိုယ့်ဇာတာဟာ ကြီးပွားချမ်းသာမယ့်ဇာတာလား၊ အောင်မြင်ကျော်ကြားနိုင်တဲ့ကံရှိမလား၊ သြဇာအာဏာ ထက်မြက်မလား စသဖြင့် သိချင်ကြတာ ဗေဒင်မေးသူတော်တော်များများရဲ့ စိတ်ဆန္ဒလို့ ဆိုရင် မှားမယ် မထင်ပါဘူး။
ဒီလို ကံဇာတာတွေကို တွက်ချက်သိရှိနိုင်ဖို့ မွေးချိန် မွေးဒေသ မွေးသက္ကရာဇ်နဲ့ အတိအကျ တွက်စစ်ရတဲ့ နက္ခတ်ပညာရပ်ပိုင်းတွေ ရှိသလို လွယ်ကူစွာ တွက်ချက်လို့ ရတဲ့ မြန်မာ့ရိုးရာ လက်ဆန်းနည်းတွေလည်း ရှိပါတယ်။ ဒီထဲကနေ မွေးသက္ကရာဇ်နဲ့မွေးနံကို သိတာနဲ့ ဘယ်လိုဇာတာမျိုးလဲဆိုတာ တွက်ကြည့်လို့ရတဲ့ မြန်မာ့ရိုးရာလက်ဆန်းနည်းတစ်ခုကို ဖော်ပြပေးလိုက်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဦးစွာ နေ့သားအလိုက် နံဂြိုဟ်သင်္ချာဂဏန်းကို မှတ်သားထားပါ။
နေ့နံ    နံဂြိုဟ်သင်္ချာဂဏန်း
တနင်္ဂနွေ               ၁
တနင်္လာ                ၂
အင်္ဂါ                     ၃
ဗုဒ္ဓဟူး                  ၄
ကြာသပတေး         ၅
သောကြာ              ၆
စနေ                     ၇
တွက်ချက်ပုံနည်းစနစ်က မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို  မွေးနံဂြိုဟ်သင်္ချာဂဏန်းနဲ့ ပေါင်းပါ။ ပေါင်းလို့ ရတဲ့ ရလဒ်ကို ၉ နဲ့ စားပါ။ အကြွင်းဟာ ….
(၁) ကြွင်းခဲ့ရင် အများရဲ့အလယ်မှာ ထင်ပေါ်ကြော်ကြားတတ်တဲ့ ဇာတာဖြစ်ပါတယ်။ အများပရိတ်သတ်နဲ့ ပက်သက်ဆက်နွယ် လုပ်ရတဲ့ လုပ်ငန်းတွေ၊ အနုပညာလုပ်ငန်း စတဲ့လုပ်ငန်းများနဲ့ ထင်ပေါ်ကျော်ကြားတတ်ပြီး ကိုယ်တတ်ကျွမ်းတဲ့ပညာရပ်နယ်ပယ်မှာ ပေါ်ပြူလာဖြစ်တတ်တဲ့ ဇာတာရှင်ဖြစ်ပါတယ်။
(၂) ကြွင်းသမားများကတော့ ချမ်းသာကြွယ်ဝတတ်တဲ့ သူဌေးသူကြွယ်ဇာတာ ဖြစ်ပါတယ်။ ကုန်စည် ကူးသန်း ရောင်းဝယ်ခြင်း၊ ငွေကစားခြင်း၊ ဈေးကွက်သစ်ထွင်ခြင်း စတဲ့လုပ်ငန်းစီးပွားအပြင် ကံတရားကြောင့်ပါ ငွေကြေး ထိပ်တန်းကြွယ်ဝချမ်းသာမှုကံ မြင့်မားတဲ့ဇာတာများဖြစ်ပါတယ်။
(ဝ) ကြွင်းခဲ့ရင် မင်းစိုးရာဇာနဲ့အုပ်ချုပ်မှုပိုင်းအကြီးအကဲပိုင်းဇာတာများ ဖြစ်ပါတယ်။ မင်းစိုးရာဇာနဲ့ ပက်သက်ပြီး အခွင့်လမ်းကောင်းဖြစ်ထွန်းလွယ်တဲ့ ဇာတာများဖြစ်ပြီး သြဇာအာဏာကောင်းတဲ့ဇာတာမျိုးလည်း ဖြစ်ပါတယ်။
(မှတ်ချက် – တခြားအကြွင်းတွေ ရခဲ့မယ်ဆိုရင်တော့ မရွယ်ဘဲ စော်ကဲမင်းဖြစ်ကိန်း ရှိတယ်လို့ မှတ်ယူပါ)
ဥပမာအနေနဲ့ ၁၃၂၅ ခုမှာ ဖွားမြင်တဲ့ တနင်္ဂနွေသားတစ်ဦးကို တွက်စစ်ကြည့်ပါမယ်။
၁၃၂၅+၁ (တနင်္ဂနွေ) = ၁၃၂၆ ရပါမယ်။ ဒီပေါင်းရကိန်း ၁၃၂၆ ကို ၉ နဲ့စားတဲ့အခါ ၃ ကြွင်းပါတယ်။ ဒါ့ကြောင့် သူဟာ ချမ်းသာကြွယ်ဝမယ့် ဇာတာရှင်လို့ ဆိုရပါမယ်။ လက်တွေ့ဘဝမှာလည်း သူဟာ ကမ္ဘာ့အချမ်းသာဆုံး နံပါတ် (၁) ဘီလျံနာနေရာကို လေးနှစ်ဆက်တိုက် ရယူနိုင်သူ Amazon လုပ်ငန်းရှင် Jeff Bezos ဖြစ်ပါတယ်။
ဒါက မြန်မာ့လက်ဆန်းပညာရပ်ကြီးမှာ ဘယ်လိုဇာတာမျိုးလဲဆိုတာကို အလွယ်တကူ လေ့လာသိရှိနိုင်တဲ့ နည်းစနစ်တစ်ခုဖြစ်လို့ ကိုယ်တိုင် တွက်ချက်ကြည့်နိုင်အောင် တင်ပြလိုက်ရပါတယ်။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့်ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)