သက္ကရာဇ်စွန်း လွတ်၊မလွတ် တွက်စစ်ကြည့်ခြင်း

ဒီနှစ် အိမ်ထောင်ပြုသင့်မသင့်၊ ဒီနှစ် လုပ်ငန်းကြီးတစ်ခု စတင်ဖို့ သင့်၊မသင့်…၊ ဒီနှစ် အကြံအစည်သစ် စတင် သင့်၊ မသင့်… စသည်ဖြင့် လုပ်သင့်မသင့် ချင့်ချိန်သောအခါ ရှေးခေတ် ဗေဒင်ဆရာကြီးများ အသုံးပြုခဲ့သော အခါပေးနည်းစနစ်များထဲမှ နှစ်စင်ကြယ်မှု ရှိ၊ မရှိ စစ်ဆေးသော တွက်နည်းတစ်ခုကို ဖော်ပြပေးပါမည်။

၎င်းနည်းစနစ်သည် နေ့သားအလိုက် ပုံသေနည်းစနစ်တစ်ခုဖြစ်၍ နေ့သားအလိုက် ပုံသေ မှတ်ထားရပေမည်။ မိမိတို့ မွေးနေ့မွေးနံအရ လက်ရှိသက္ကရာဇ်အစွန်းနှင့် ကိုက်ညီ၊ မညီကို အသေးစိတ်ကြည့်ရှုသော်…..

၁) တနင်္ဂနွေနေ့ဖွားများသည် ၃၊ ၆၊ ၁၀ ခုစွန်းသောနှစ်များကို မရွေးချယ်သင့်ပါချေ။ (ဥပမာ ၁၃၈၃၊ ၁၃၈၆၊ ၁၄၁၀ ခုနှစ် စသောနှစ်များကို ဆိုလိုသည်။)

၂) တနင်္လာနေ့ဖွားများသည် ၁၊ ၅၊ ၈  ခုစွန်းသောနှစ်များကို မရွေးချယ်သင့်ပါချေ။ (ဥပမာ – ၁၃၈၅၊ ၁၃၈၁၊ ၁၃၈၈ စသောနှစ်များကို ဆိုလိုသည်။)

၃) အင်္ဂါနေ့ဖွားများသည် ၃၊ ၆၊ ၁၀ ခုစွန်းသောနှစ်များကို မရွေးချယ်သင့်ပါချေ။ (ဥပမာ ၁၃၈၃၊ ၁၃၈၆၊ ၁၄၁၀ ခုနှစ် စသောနှစ်များကို ဆိုလိုသည်။)

၎) ဗုဒ္ဓဟူးနေ့ဖွားများသည် ၂၊ ၆၊ ၉ ခုစွန်းသောနှစ်များကို မရွေးချယ်အပ်ပါချေ။ (ဥပမာ ၁၃၈၆၊ ၁၃၉၂၊ ၁၃၈၉ ခုနှစ်များကို ဆိုလိုသည်။)

(၅) ကြာသပတေးနေ့ဖွားများသည် ၄၊ ၇၊ ၁၀ ခုစွန်းသောနှစ်များကို မရွေးချယ်သင့်ပါချေ။ ဥပမာ – ၁၃၈၄၊ ၁၃၈၇၊ ၁၉၁၀ စသောနှစ်များကို ဆိုလိုသည်။)

(၆) သောကြာနေ့ဖွားများသည်  ၂၊ ၆၊ ၉ ခုစွန်းသောနှစ်များကို မရွေးချယ်အပ်ပါချေ။ (ဥပမာ ၁၃၈၆၊ ၁၃၉၂၊ ၁၃၈၉ ခုနှစ်များကို ဆိုလိုသည်။)

(၇) စနေနေ့ဖွားများသည် ( ၁၊ ၄၊ ၈ ခုစွန်းသောနှစ်များကို မရွေးချယ်အပ်ပါချေ။) (ဥပမာ – ၁၃၉၁၊ ၁၃၈၄၊ ၁၃၈၈ ခုနှစ်များကို ဆိုလိုသည်။ )

အထက်ပါအတိုင်း ရောက်ဆဲမြန်မာသက္ကရာဇ်၏ အစွန်းစာလုံးသည် မိမိနေ့နံနှင့် သင့်၊ မသင့် ဦးစွာကြည့်ပြီး နှစ်တစ်နှစ်သည် မိမိအတွက် အစွန်းမလွတ်ပါက အိမ်ထောင်ပြုခြင်း၊ လုပ်ငန်း ကြီးကြီးမားမား စတင်ခြင်း၊ အကြံအစည်သစ် စတင်ခြင်းများကို ဆိုင်းငံ့ထားသင့်ကြောင်း နားလည်သိထားရပေမည်။

ဥပမာ ယခု ၁၃၈၆ ခုနှစ်သည် သက္ကရာဇ် (၆) ခု စွန်းသောနှစ် ဖြစ်၍ တနင်္ဂနွေနေ့ဖွားနဲ့ အင်္ဂါနေ့ဖွားများအဖို့ အကြံအစည်သစ်၊ အလုပ်သစ် စတင်ခြင်း၊ အိမ်ထောင်ပြုခြင်း စသည်တို့ကို ဆိုင်းငံ့ထားရမည် ဖြစ်သည်။

အကယ်၍ မိမိတို့အတွက် မဖြစ်မနေ လုပ်ရမည့် အနေအထားဖြစ်ပြီး သက္ကရာဇ်အစွန်းလည်း မလွတ်ပါက နားလည်ကျွမ်းကျင်သော ဗေဒင်ပညာရှင်နှင့်တိုင်ပင်၍ ညှိနှိုင်းဆောင်ရွက်သင့်ပေသည်။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)