နေ့နံအလိုက် ဘေးရန်အန္တရာယ် သတိထားသင့်သော အသက်ပိုင်းများ
မြန်မာ့လက်ဆန်းဗေဒင်ပညာတွင် ကံဇာတာနိမ့်ပါးလွယ်သော၊ အထူးသဖြင့် ဘေးရန် အန္တရာယ်များတတ်သော အသက်ပိုင်းများဟူ၍ ရှိပါသည်။  ၎င်းအသက်ပိုင်းများတွင် သွားသတိ၊ လာသတိ ရှိရန် လိုအပ်သည်။
မလိုအပ်သော ထိခိုက်မှုဘေး၊ ရုတ်တရက် ကျရောက်တတ်သော အန္တရာယ်များ ရှိလာတတ်သောကြောင့် အစစအရာရာ ပေါ့ပေါ့ဆဆ မနေသင့်ဘဲ သတိနှင့်ယှဉ်၍ ပြောဆို နေထိုင်သွားလာသင့်သော အသက်ပိုင်းများ ကို ကြိုတင်သိရှိ ရှောင်ရှားနိုင်ရန် ဖော်ပြပေးပါမည်။
နေ့သားအလိုက် မိမိတို့၏ အသက်မှန်ကို ဦးစွာ သိရန် လိုအပ်ပါသည်။ အသက်မှန်ဟူသည် မိမိပြည့်ပြီးသော အသက်ထက် တစ်နှစ်တိုးယူရပါသည်။ ဥပမာ- အသက် ၃၀ ပြည့်ပြီးသူဆိုက ၃၁ နှစ်၊ ၃၁ နှစ်ပြည့်ပြီးသူဆိုက ၃၂ စသဖြင့် အသက်မှန်ကို သိရပါမည်။
ယင်းသို့ အသက်မှန်ကို သိပြီးပါက နေ့သားအလိုက် မိမိအသက်ကို (၇) ဖြင့်စားပါက အကြွင်းအလိုက် နေ့ဖွားအလိုက်ကွဲခြားသွားပါမည်။
– တနင်္ဂနွေနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၂-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်…စသည်နှစ်များ… (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
-တနင်္လာနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၃-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်…စသည်နှစ်များ…
-အင်္ဂါနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၄-ကြွင်းသောအသက်ပိုင်းများ..ဖြစ်သည့် ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်…စသည်များ….
-ဗုဒ္ဓဟူးနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၅-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁ နှစ်…စသည်များ….
-ကြာသပတေးနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၆-ကြွင်းသော အသက်ပိုင်းများ…ဖြစ်သည့် ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်…စသည်များ….(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
-သောကြာနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ဝ- ကြွင်းသောအသက်ပိုင်းများ ..ဖြစ်သည့် ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၆နှစ်…စသည်များ…
-စနေနေ့ဖွားများ အသက်ကို တည် (၇) ဖြင့် စားပြီး  ၁-ကြွင်းသောအသက်ပိုင်းများ..ဖြစ်သည့် ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်…စသည်များ…
အဆိုပါအသက်ပိုင်းခြားများတွင် အစစအရာရာသတိဖြင့် သွားလာလုပ်ကိုင် လှုပ်ရှားပြောဆိုသင့်ပေသည်။
၎င်းအသက်ပိုင်းတွင် ကျရောက်သူတိုင်း ဘေးရန်အန္တရာယ်မဖြစ်လင့်ကစား ဘေးရန်အန္တရာယ်ကျရောက်သူ အများစုသည် ၎င်းအသက်ပိုင်းများတွင် ဖြစ်လေ့ဖြစ်ထရှိတတ်ပေရာ မြန်မာ့လက်ဆန်းကိန်းအရ ကြိုတင်၍ သတိထားဆင်ခြင်နိုင် ဖော်ပြပေးလိုက်ပါသည်။
ယတြာ လုပ်ဆောင်လိုသူများအနေဖြင့် ၎င်းကာလများတွင် အိပ်ယာနေရာရွှေ့ပြောင်းအိပ်စက်ခြင်း မကြာခဏ ပြုပေးခြင်း၊ ဘာသာရေး ကုသိုလ်ရေးများ မကြာခဏ လုပ်ဆောင်ခြင်းဖြင့် မကောင်းသော ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေသော်ဝ်…။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
Unicode Font
မြန်မာ့လက်ဆန်းဗေဒင်ပညာတွင် ကံဇာတာနိမ့်ပါးလွယ်သော၊ အထူးသဖြင့် ဘေးရန် အန္တရာယ်များတတ်သော အသက်ပိုင်းများဟူ၍ ရှိပါသည်။ ၎င်းအသက်ပိုင်းများတွင် သွားသတိ၊ လာသတိ ရှိရန် လိုအပ်သည်။
မလိုအပ်သော ထိခိုက်မှုဘေး၊ ရုတ်တရက် ကျရောက်တတ်သော အန္တရာယ်များ ရှိလာတတ်သောကြောင့် အစစအရာရာ ပေါ့ပေါ့ဆဆ မနေသင့်ဘဲ သတိနှင့်ယှဉ်၍ ပြောဆို နေထိုင်သွားလာသင့်သော အသက်ပိုင်းများ ကို ကြိုတင်သိရှိ ရှောင်ရှားနိုင်ရန် ဖော်ပြပေးပါမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
နေ့သားအလိုက် မိမိတို့၏ အသက်မှန်ကို ဦးစွာ သိရန် လိုအပ်ပါသည်။ အသက်မှန်ဟူသည် မိမိပြည့်ပြီးသော အသက်ထက် တစ်နှစ်တိုးယူရပါသည်။ ဥပမာ- အသက် ၃၀ ပြည့်ပြီးသူဆိုက ၃၁ နှစ်၊ ၃၁ နှစ်ပြည့်ပြီးသူဆိုက ၃၂ စသဖြင့် အသက်မှန်ကို သိရပါမည်။
ယင်းသို့ အသက်မှန်ကို သိပြီးပါက နေ့သားအလိုက် မိမိအသက်ကို (၇) ဖြင့်စားပါက အကြွင်းအလိုက် နေ့ဖွားအလိုက်ကွဲခြားသွားပါမည်။
– တနင်္ဂနွေနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၂-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၆နှစ်၊ ၂၃နှစ်၊ ၃၀နှစ်၊ ၃၇နှစ်၊ ၄၄နှစ်၊ ၅၁နှစ်၊ ၅၈နှစ်…စသည်နှစ်များ…
-တနင်္လာနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၃-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၇နှစ်၊ ၂၄နှစ်၊ ၃၁နှစ်၊ ၃၈နှစ်၊ ၄၅နှစ်၊ ၅၂နှစ်၊ ၅၉နှစ်…စသည်နှစ်များ…
-အင်္ဂါနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၄-ကြွင်းသောအသက်ပိုင်းများ..ဖြစ်သည့် ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်…စသည်များ….(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
-ဗုဒ္ဓဟူးနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၅-ကြွင်းသောအသက်ပိုင်းများ…ဖြစ်သည့် ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁ နှစ်…စသည်များ….
-ကြာသပတေးနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ၆-ကြွင်းသော အသက်ပိုင်းများ…ဖြစ်သည့် ၂၀နှစ်၊ ၂၇နှစ်၊ ၃၄နှစ်၊ ၄၁နှစ်၊ ၄၈နှစ်၊ ၅၅နှစ်…စသည်များ….
-သောကြာနေ့ဖွားများ အသက်ကိုတည် (၇) ဖြင့် စားပြီး ဝ- ကြွင်းသောအသက်ပိုင်းများ ..ဖြစ်သည့် ၂၁နှစ်၊ ၂၈နှစ်၊ ၃၅နှစ်၊ ၄၂နှစ်၊ ၄၉နှစ်၊ ၅၆နှစ်…စသည်များ…
-စနေနေ့ဖွားများ အသက်ကို တည် (၇) ဖြင့် စားပြီး ၁-ကြွင်းသောအသက်ပိုင်းများ..ဖြစ်သည့် ၂၂နှစ်၊ ၂၉နှစ်၊ ၃၆နှစ်၊ ၄၃နှစ်၊ ၅၀နှစ်၊ ၅၇နှစ်…စသည်များ…
အဆိုပါအသက်ပိုင်းခြားများတွင် အစစအရာရာသတိဖြင့် သွားလာလုပ်ကိုင် လှုပ်ရှားပြောဆိုသင့်ပေသည်။
၎င်းအသက်ပိုင်းတွင် ကျရောက်သူတိုင်း ဘေးရန်အန္တရာယ်မဖြစ်လင့်ကစား ဘေးရန်အန္တရာယ်ကျရောက်သူ အများစုသည် ၎င်းအသက်ပိုင်းများတွင် ဖြစ်လေ့ဖြစ်ထရှိတတ်ပေရာ မြန်မာ့လက်ဆန်းကိန်းအရ ကြိုတင်၍ သတိထားဆင်ခြင်နိုင် ဖော်ပြပေးလိုက်ပါသည်။
ယတြာ လုပ်ဆောင်လိုသူများအနေဖြင့် ၎င်းကာလများတွင် အိပ်ယာနေရာရွှေ့ပြောင်းအိပ်စက်ခြင်း မကြာခဏ ပြုပေးခြင်း၊ ဘာသာရေး ကုသိုလ်ရေးများ မကြာခဏ လုပ်ဆောင်ခြင်းဖြင့် မကောင်းသော ဘေးရန်အန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေသော်ဝ်…။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)