ဒီတစ်နှစ် မြန်မာခုနှစ် ၁၃၈၂ ထဲမှာ ထီကံအကောင်းဆုံး ဖွားဇာတာရှင်တွေသည် ဗုဒ္ဓဟူး/ရာဟု ဖွားတွေပဲ ဖြစ်ပါတယ်။
![](http://www.baydin.info/wp-content/uploads/2020/06/htee.jpg)
ဒုတိယအဆင့် ထီကံအားအကောင်းဆုံး နေ့နံကတော့ စနေနေ့ဖွားများ ဖြစ်ကြပြီး တတိယ အဆင့်အားဖြင့် ထီကံ အနည်းငယ် ကောင်းစေသော နေ့နံအမျိုးအစားတွေကတော့ တနင်္ဂနွေနေ့ဖွား၊ ကြာသာပတေးနေ့ဖွားတွေနဲ့ အင်္ဂါနေ့ဖွားတွေလို့ ဆိုရပါမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)
![](http://www.baydin.info/wp-content/uploads/2019/05/lotterywinreading111.jpg)
သို့သော် ဒါက နှစ်တစ်နှစ်အလိုက် ထီကံအားသာချက် ရှိနိုင်သော နေ့နံအမျိုးအစားကို ရွေးခြယ်ခြင်းသက်သက် မျှသာ ဖြစ်ပါတယ်။ တစ်ကယ့်တစ်ကယ်ကတော့ ထီပေါက်မလား မပေါက်ဘူးလား ဆိုတာသည် မူလဇာတာ အနေအထားနဲ့ မှည့်ခေါ်ထားသောအမည်၊ ဖြတ်သန်းနေဆဲ အသက်ပိုင်းခြားကာလများအပေါ်မှာလည်း များစွာ မှီတည်နေသည်သာ ဖြစ်ပါတယ်။
![](http://www.baydin.info/wp-content/uploads/2020/02/lotterwinnerzodiacfeat.jpg)
ထို့အတူ..ဒီတစ်နှစ်အဖို့ ထီကံအားသာချက်ထဲမှာ မပါနိုင်တဲ့ သောကြာ၊တနင်္လာ နေ့ဖွားတွေ ဖြစ်နေပါစေဦး အထက်ပါကဲ့သို့ မူလဇာတာ၊အမည်၊ အသက်ပိုင်းခြား စသည်ဖြင့်အားဖြင့် အားကောင်းသော ထီကံနဲ့ ဆက်နွယ်နေမယ်ဆိုရင် ထီပေါက်ကိန်းရှိနိုင်သည်သာမို့ လောဘဖြင့် အမြောက်အများထိုးခြင်းကို အားမပေးလိုသော်လည်း သင့်တင့်ရုံ လစဉ်ဖြစ်စေ ထီကံစမ်းနိုင်သည်သာ ဖြစ်ပါကြောင်း။ လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း
![](http://www.baydin.info/wp-content/uploads/2019/02/addresssmt.jpg)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)