တနင်္လာနေ့ဖွားများအတွက် မြန်မာနှစ် ၁၃၈၆ ခုနှစ် ကံဇာတာ

တနင်္လာနေ့ဖွားတွေ အများစု အတွက်…သည်တစ်နှစ်သည်…ဘာပဲပြောပြော….အမောပြေနိုင်မယ့် နှစ်တစ်နှစ်ပါ။ မနှစ်က တုန်းက တနင်္လာနေ့ဖွားတွေ….အနိမ်ခံရ၊ အပယ်ခံရ၊ အမုန်းခံရ… များခဲ့သမျှ ဒီတစ်နှစ်တော့….ချစ်ခင်ကူညီမယ့်သူ…..ထောက်ပံ့ပေးမယ့်သူ…တွေ ပေါလာတတ်ချိန်ပါ။

အလုပ်အကိုင် နှင့် စီးပွားရေး

အကျိုးစီးပွား ရှာဖွေရရှိရေးမှာ….တစ်ခုတော့ အခက်တွေ့ကြပါမယ်။ ဘာလဲဆိုတော့…ခါတိုင်းလို…လွယ်လွယ် နီးနီး က နေ ရှာဖွေလို့မရတတ်ဘဲ… ဝေးဝေးကနေ….အနဲငယ်ခဲရာခဲစစ် ကြိုးစားရှာရမယ့်အချိန်ပါ။ တနည်းအားဖြင့် စိတ်ရှည်မှုသည် …သည်တစ်နှစ်အတွက် …အကျိုးစီးပွားရှာဖွေ ရရှိရေးမှာ အလွန် အရေးကြီးပါလိမ့်မယ်။

ဥပမာအားဖြင့် ဝန်ထမ်းတွေဆို…..နယ်ဘက်၊ အစွန်အဖျား ကျသောဒေသများ၊ ပုံမှန်လုပ်နေကျ ဌာနမျိုး မဟုတ်သော… လုပ်ငန်းမျိုးမဟုတ်သော…လုပ်ငန်းတာဝန်များ ….နေရာဒေသများကို ပြောင်းရွှေ့ကြရတတ်ချိန်မျိုး ဖြစ်နေပါတယ်။

ကိုယ့်အကျိုးစီးပွားကကို…..ဝေးဝေးမှာ……ရှိနေတဲ့အချိန်မျိုး ဖြစ်နေခြင်းပါပဲ။ သို့သော် …မိမိတို့ကို နောက်ကနေ ကျောထောက်နောက်ခံပေးမယ့်….Background ကောင်းကောင်းတွေ ရတတ်သော အချိန်ကာလဖြစ်ပါတယ်။ ချစ်လို့ခင်လို့ နေရာပေးခံရတတ်သော ကံကောင်းမှုမျိုး ကြုံရတတ်ချိန်လို့လည်း ဆိုနိုင်ပါတယ်။ (မည်သည့် စီးပွားဖြစ်လုပ်ကိုင်နေသော အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများတွင် မဆို ကူးယူဖော်ပြခြင်း၊ ခွင့်ပြုချက် မရဘဲ အသုံးပြုခြင်းများ မပြုရန် အသိပေးအပ်ပါသည်)

ချစ်မှုရေးရာ နှင့် အိမ်ထောင်ရေး

ဒီနှစ်က ဂရုစိုက်ရမယ့်ကာလပါ။မေတ္တာရေး အချစ်ရေး…ကပြောင်းကပြန် အပြောင်းအလဲတွေ ကျရောက်လွယ်တတ်သော ကာလဖြစ်ပါတယ်။ အထူးသဖြင့် ပျိုရွယ်သူ လူပျိုအပျို ..လူလွတ်တွေအဖို့….. သမီးရည်းစားရေးရာကဏ္ဍ မှာ အပြောင်းအလဲတွေ ဖြစ်လွယ်တတ်ချိန်ပါ။

နောက်တစ်ယောက်ပေါ်လာတာနဲ့…ပထမတစ်ဦးနဲ့ ..ပြသနာဖြစ်လွယ်သော အချိန်လို့ ဆိုနိုင်ပါတယ်။ ဆိုတော့…ဒီနှစ်မျိုးသည်…….မုန့်စားရင်း လှည်းစီး…ငါးရံနှစ်ကောင် သေသေဝပ်ဝပ်နဲ့ တစ်ပြိုက်နက် ဖမ်းလို့ရနိုင်သော ကာလမျိုးမဟုတ်ပါ။

ဒုတိယတစ်ယောက်ချဉ်းကပ်လာတာနဲ့ ပထမတစ်ယောက်နဲ့ ပြသနာ…တက်နိုင်ဖို့ သေချာနေသော ကာလမျိုးဖြစ်ပါတယ်။

အထူးသဖြင့် နာမည်အဖျားစာလုံး…(အဆုံးစာလုံး) စနေနံဖြင့်မှည့်ခေါ်ထားသော အမည်ပိုင်ရှင်များ…၊ ဥပမာ…ကျော်ကျော်ထွန်း၊ ကျော်ဇင်ထွန်း၊ ချစ်နှင်းနွယ်၊ စန်းစန်းထွေး..စသည်ဖြင့်သော အမည်ရှင်မျိုးတွေမှာ မေတ္တာရေး အပြောင်းအလဲ ဖြစ်ပွားရန် လွယ်ကူနေသော နှစ်မျိုး ဖြစ်ပါတယ်။

အနက်ရောင်သည်…ယခုနှစ်တစ်နှစ်လုံးအတွက် မေတ္တာရေး ၊ အိမ်ထောင်ရေးကို အနှောက်အယှက် ပြုနိုင်သော အရောင်ဖြစ်တာမို့ ..တစ်နှစ်လုံးအထူးရှောင်ကျဉ်သင့်လှပါတယ်။

ပညာရေး

ဆရာသမားတွေနဲ့ …ပညာရှင်ဆိုသူတွေနဲ့….အတိုက်အခံ ဖြစ်လွယ်သော ကာလပါ။ သတိပြုပါမယ်။ သင်တန်းတွေ၊ သင်ကြားခွင့်ကံတွေဘက်မှာတော့ ကောင်းလှပါတယ်။

ကိုယ်ဘယ်လောက်ကြိုးစားသည်ဖြစ်စေ…..ရသင့်သလောက် ဂုဏ်ထူး ဘွဲထူး.. ရနိုင်ဖို့တော့ ခက်ခဲတတ်ပါတယ်။ ဒူးလောက်တင်မှ ရင်လောက်ကျမယ့်ကာလ တစ်ခုပါ။

ဘာပဲဖြစ်ဖြစ် သည်တစ်နှစ်မှာက ကောင်းသော သင်ယူခွင့် သင်ကြားခွင့်တွေ ရလွယ်သော နှစ်မျိုး ဖြစ်တာမို့ ..၊ ကျောင်းဝင်ခွင့် ပြည်ဝင်ခွင့်တွေမှာတော့ တနင်္လာနေ့ဖွားတွေ အဖို့ ပိုမို လွယ်ကူသော နှစ်မျိုးပါပဲ။

ကျန်းမာရေး…

လေဖြတ်ခြင်း …လေဖြန်းခြင်း အနည်းငယ် ဂရုစိုက်အပ်သောကာလဖြစ်ပါတယ်။ ခါတိုင်းလိုမဟုတ်ဘဲ ကျန်းမာရေး အနည်းငယ် အကဲဆတ်ချင်တဲ့ ကာလပါ။ အရေပြား၊ လေရှုပြွန် နဲ့ အဆုတ်ဝေဒနာများ၊ အာရုံကြောများ ပင်ပန်းနွမ်းခြင်းဒဏ် ခံရလွယ်တတ်ချိန်ပါ။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့များသည် ကျန်းမာရေးကို ထိခိုက်ကျဆင်းလွယ်နေစေတတ်ပါတယ်။

အထွေထွေ သုံးသပ်ချက်

နေရာပေးခံရမှုတွေကို ဂရုစိုက်ပါ။ ရလာတဲ့ အခွင့်အလမ်းပေါ်မှာ…အကျိုးရှိအောင် အသုံးချတတ်ရပါမယ်။ ရရှိလာနိုင်တဲ့ နေရာပေးခံရမှု….အထောက်ပံ့ကောင်း စသည်တို့သည် ချစ်ခင်ရင်းစွဲ အပေါ်မူတည်ပြီး ရရှိလာနိုင်ပါတယ်။

အထူးသဖြင့် နာမည်အဖျားစာလုံး သောကြာနံ ဖြင့် မှည်ခေါ်ထားသော ဥပမာအားဖြင့် …ကျော်ကျော်သိန်း၊ ခင်စန္ဒာသော်၊ မျိုးမျိုးသွင်၊ စန်းသီတာသော်၊ စသည်ဖြင့်သော အမည်ရှင်မျိုးတွေမှာ….. မုချ အခွင့်အလမ်း ကောင်း၊ အထောက်အပံ့ကောင်း၊နေရာကောင်း ရလွယ်နေပါလိမ့်မယ်။

အကျိုးခံစားရလွယ်သော ကာလပါ။ မရှာဘဲရတဲ့အကျိုးမျိုးက ပိုမိုထက်သန်နေပါမယ်။ ကိုယ်ရှာဖွေလိုက်တာမျိုးကျတော့ အခက်အခဲနဲ့ စိတ်ရှည်သီးခံရမှုတွေ ပါဝင်နေပါမယ်။ အရမ်းစူးစိုက်မိနေတဲ့ အာရုံစူးစိုက်မှုတွေကြောင့် …အာရုံကြောပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။

လူလိမ်လူကောက် ရန်ကိုလည်း သတိထားအပ်သော အချိန်ဖြစ်ပါတယ်။ ကြွေးမြီကဏ္ဍတွေကိုလည်း သတိထားပြီး ကိုင်တွယ်ဖြေရှင်းရမယ့်ကာလပါ။ ချေးငှားလို့ လွယ်သလို…ကြွေးအမြောက်အများလည်း တင်လွယ်နေတတ်ပါတယ်။

တင်ပြီးသွားရင်လည်း…..ဗွက်ပေါက်မသွားအောင် ထိမ်းနိုင်ဖို့ ခက်တဲ့ကာလပါ။ ဒါကြောင့် လွယ်လွယ် ချေးငှားရတိုင်း မလိုအပ်ဘဲ..အကြွေးမယူမိဖို့လိုပါတယ်။ ရေရှည်စီမံကိန်းများကိုသာ ရွေးခြယ်ပါ။

ခါတိုင်းနှစ်တွေလို…ဆူလွယ်နပ်လွယ် အကျိုးစီးပွားမျိုး မျှော်မှန်းခွင့် လုံးဝမရှိသည့်ကာလဖြစ်ပါတယ်။ အလွန်အကျူး စွန့်စားလုပ်ကိုင်ခြင်းမျိုးတွေကိုလည်း ရှောင်ကျဉ်သင့်သော ကာလ ဖြစ်ပါတယ်။

တစ်ချိုု့သော တနင်္လာနေ့ဖွားတွေ အဖို့ ဒီတစ်နှစ် ကောင်းသော ယာဉ်ကား ဝင်ခြင်းမျိုး၊ ကောင်းသော ခရီးသွားလာခြင်း ၊ ကောင်းသော အမွေအနစ် ဆက်ခံရခြင်း ကံမျိုးတွေ ကြုံနိုင်သော ကာလ လည်း ဖြစ်တယ်။

ဆောင်သင့်/ရှောင်သင့်

ဒီတစ်နှစ်အတွက် တနင်္လာနေ့ဖွားတွေအဖို့…ဆိုးကျိုးအပေးနိုင်ဆုံးဂြိုဟ်သည် ဗုဒ္ဓဟူး/ရာဟု ဖြစ်ပါတယ်။ ဒါကြောင့်….အစိမ်းရောင်အမျိုးမျိုးကို သတိပြုပြီးသုံးစွဲအပ်သလို…အနောက်မြောက်အရပ်ဒေသကိုလည်း အသွားအလာ ဆင်ခြင်ရမယ့် အခြေအနေဖြစ်ပါတယ်။

သောကြာဂြိုဟ်ကတော့ တစ်နှစ်တာကာလပတ်လုံး အကျိုးပေးအား အကောင်းဆုံးအဖြစ် ရပ်တည်မှာ ဖြစ်လို့ ခရမ်းပြာရောင် သည် ..ကံကောင်းစေတတ်သော အရောင်ဖြစ်သလို… မြောက်စူးစူးအရပ်သည်လည်း လာဘ်လာဘနဲ့ အထောက်အပံ့ကောင်းကို ဖြစ်စေပါလိမ့်မယ်။

ဆောင်သင့်တာကတော့……အားကောင်းသော သံလိုက်တုံးလေး တစ်တုံးကို ခရမ်းပြာရောင် ကတ္တီပါစလေးနဲ့ ထုပ်ပြီး ဆောင်ထားသင့်လှပါတယ်ခင်ဗျား။

မြန်မာနှစ်သစ်မှာ တနင်္လာနေ့ဖွားများ အားလုံး….ကိုယ်စိတ်နှစ်ဖြာ..ကျန်းမာချမ်းသာပြီး လောကီအကျိုးစီးပွား လောကုတ္တရာအကျိုးစီးပွား နှစ်ဖြာကို….မျှတစွာ ရရှိနိုင်ကြသည်ဖြစ်သော်…

(မည်သည့် စီးပွားဖြစ်လုပ်ကိုင်နေသော အွန်လိုင်းလူမှုကွန်ယက် စာမျက်နှာများတွင် မဆို ကူးယူဖော်ပြခြင်း၊ ခွင့်ပြုချက် မရဘဲ အသုံးပြုခြင်းများ မပြုရန် အသိပေးအပ်ပါသည်)

လေးစားမှုဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း
09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)