၂၀၂၂ ရာသီခွင်ဗေဒင်ဟောစာတမ်း
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ယေဘုယျအားဖြင့် ကံကောင်းမယ့်နှစ်မျိုး ဖြစ်နေတယ်။ တခြားသူတွေ၊ ပြင်ပကိစ္စတွေထက် ကိုယ့်ဘဝ၊ ကိုယ့်ရည်မှန်းချက်အပေါ် အလေးထားအာရုံစိုက်ရမယ်။ ဒီနှစ် အလုပ်အကြံအစည်၊ ကိုယ်ရေးကိုယ်တာကိစ္စတွေမှာ ချောမွေ့ဖြောင့်ဖြူးတာ များမယ်။ အခက်အခဲ ရှိရင်တောင် အသာလေး ဖြတ်ကျော်နိုင်မယ်။ ၉လပိုင်း၊ ၁၀လပိုင်းတွေမှာတော့ လုပ်ကိုင်ကြံစည်မှုတွေ လွဲချော်တတ်တယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – ဒီနှစ်မှာ လူမှုရေး၊ အိမ်ထောင်ရေး၊ အချစ်ရေးကဏ္ဍတွေ အပြောင်းအလဲ ဖြစ်လာနိုင်တယ်။ လူလွတ်တွေ အိမ်ထောင်ကျတတ်သလို အိမ်ထောင်ရှင်တွေကတော့ ပဋိပက္ခ ပြဿနာတွေ ပေါ်ပေါက်လာတတ်တယ်။ အရှုပ်အရှင်းတွေလည်း ဖြစ်ပေါ်လာမယ်။ ဖြစ်လာသမျှအခြေအနေကို လက်သင့်ခံလိုက်တာ ကောင်းမယ်။ မဟုတ်ရင် အရမ်းခံစားရလိမ့်မယ်။ မိသားစုအတွက် တာဝန်ကြီးလာမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – မိသားစုအိမ်တွင်းရေးမှာ ပျော်ရွှင်ချမ်းမြေ့စရာတွေ ဖြစ်လာမယ်။ အိုးအိမ်နေရာကောင်း၊ ဌာနကောင်း ရရှိတတ်တယ်။ အိမ်ပြင်အိမ်ဆောက်လိုသူတွေ လိုအင်ဆန္ဒ ပြည့်ဝလာပြီး အလုပ်အကိုင်၊စီးပွားကံလည်း ကောင်းလာနိုင်တယ်။ ဒါပေမဲ့ ကျန်းမာရေးတော့ ဂရုစိုက်ရမယ်။ အတိုက်အခိုက် များတတ်တယ်။ နှစ်ကုန်ပိုင်းမှာ အိမ်ထောင်ရေး၊ လူမှုရေး စိတ်ညစ်စရာ များမယ်။ သည်းခံပေးဖို့ လိုအပ်မယ်။
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – အပျော်အပါး၊ လောင်းကစားကိစ္စတွေ ကျပ်ကျပ် ရှောင်ရမယ့် နှစ်ဖြစ်တယ်။ လူငယ်တွေ ရည်းစားပူမိတတ်တယ်။ လုပ်ငန်းစီးပွားပိုင်းမှာ ငွေကျပ်တာ၊ ထိန်းသုံးရတာ ဖြစ်မယ်။ ငွေအပေးအယူ သတိပြုရမယ်။ အတတ်ပညာ၊ နည်းပညာအသစ်တွေ လေ့လာလို့ ကောင်းတဲ့နှစ်မျိုး ဖြစ်တယ်။ ခရီးကောင်းတွေ သွားရတတ်ပြီး အဆက်အသွယ်ကောင်း ရမယ်။ ၄ လပိုင်းကျော်ရင် အလုပ်ကံကောင်းမယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အရင်ကထက် အလုပ်တွေ၊ တာဝန်တွေ ဖိစီးများပြားလာမယ်။ နေရထိုင်ရ စိတ်ကျဉ်းကျပ်စရာ လူပင်ပန်းစရာတွေ များမယ်။ ဒါပေမဲ့ ငွေကြေးကံကောင်းပြီး ငွေဝင်လမ်းသစ်မျိုး ပေါ်လာမယ်။ ကံထူးမယ်။ အလုပ်၊ အိုးအိမ်နေရာ ပြောင်းလဲရတတ်တယ်။ ၁ လပိုင်း၊ ၂ လပိုင်းမှာ စိတ်ရှုပ်စရာ ခေါင်းနောက်စရာ များလိမ့်မယ်။ ဟိုအရင်နှစ်တွေနဲ့မတူဘဲ အရာရာ ရင့်ကျက်ပြောင်းလဲ တည်ငြိမ်လာလိမ့်မယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ဒီနှစ်ရဲ့ကံအကောင်းဆုံးစာရင်းမှာ ပါဝင်သူတွေဖြစ်လို့ ခြုံပြောရရင် အစစအရာရာ သာယာဖြောင့်ဖြူးဖို့ များတယ်။ အကောင်းမြင်စိတ်၊ ရွှင်ပြတဲ့စိတ်တွေနဲ့သာ ရင်ဆိုင်ပါ။ အရာရာ လွယ်ကူချောမွေ့ပါမယ်။ ၄လပိုင်း၊ ၅လပိုင်းမှာ ကံပိုကောင်းတတ်ပြီး အဲဒီနောက်မှာလည်း ဝင်ငွေတိုးလာမယ်။ မေတ္တာရေးကဏ္ဍမှာ စိတ်ချမ်းသာစရာတွေများမယ်။ ဒီနှစ်မှာ ဝင်ငွေရလမ်း တိုးတက်မယ့်အခွင့်အရေးပေါ်မယ်။
၁၂ ရာသီဖွားအားလုံး နှစ်သစ်မှာ ဘေးကင်းကျန်းမာ အောင်မြင်နိုင်ကြပါစေ – ဧက (ဗေဒင်သုတ)