ရာသီဖွားတိုင်းအတွက် စိတ်ဖိစီးမှု ဖြေလျှော့ရေး နည်းလမ်းများ

စိတ်ဖိစီးမှုတွေနဲ့ ကြုံလာရင် ရာသီခွင်အရ ဘယ်လို ရင်ဆိုင်ကိုင်တွယ်ရလဲ ဆိုတဲ့နည်းလမ်းတွေကို လက်တွေ့ ကျင့်သုံးကြည့်နိုင်ဖို့ ဖော်ပြလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ မှ ဧပြီ ၁၉)

တစ်ခုမဟုတ်တစ်ခု လုပ်နေရမှ ကျေနပ်သူတွေ ဖြစ်ပြီး အလုပ်လည်း ကြိုးစားကြသူ ဖြစ်လို့ စိုးရိမ်ပူပန်မှုတွေ များတတ်ပါတယ်။ ဒါကြောင့် နားပြီဟေ့ဆိုရင် အားပါးတရ အိပ်ချလိုက်တာ၊ အိပ်ရေးဝ၀ နားလိုက်တာအပြင် တစ်ရက်လောက် ဘာမှ မလုပ်ဘဲ နားပစ်လိုက်တာတွေက အကောင်းဆုံး နည်းလမ်းပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ မှ မေ ၂၀)

တစ်ခုခုဆို ဇွဲလုံ့လအပြည့်နဲ့ အားစိုက်ရုန်းကန်တတ်တဲ့သူမျိုး ဖြစ်လို့ စိတ်တွေ ဖိစီးလာရင် အားလုံးကို လွှတ်ချပြီး ခရီးတွေ ထွက်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။ ပြီးတော့ ဘယ်သူနဲ့မှ မဆက်သွယ်တော့ဘဲ တစ်ယောက်တည်း အေးဆေး နေလိုက်ရင် စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်သွားမှာပါ။

မေထုန်ရာသီဖွား (မေ ၂၁ မှ ဇွန် ၂၀)

တောင်တွေးမြောက်တွေးနဲ့ အတွေးလွန်ပြီး နေရာတကာ ပါလေရာကြီး လုပ်တတ်သူ ဖြစ်လို့ စိတ်ဖိစီးမှုတွေ များလာတဲ့အခါ တရားထိုင်တာ၊ ယောဂ ကျင့်တာ၊ ခရီးတွေ ထွက်တာမျိုးက သက်သာရာ ရစေပါတယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ မှ ဇူလိုင် ၂၂)

ဘာမဆို ထိခိုက်ခံစားလွယ်တတ်တဲ့ ဖီးလ်သမားကြီးတွေ ဖြစ်ပြီး ချစ်ရသူတွေအတွက် စိတ်ပူတတ်ကြသူ ဖြစ်လို့ စိတ်ညစ် စိတ်ဖိစီးမှုတွေ ဖြစ်လာရင် ကိုယ့်မိသားစုတွေ၊ သူငယ်ချင်းအရင်းအချာတွေနဲ့ တဟီးဟီးတဟားဟား အတူတူ ပျော်လိုက်၊ ရယ်လိုက်ရရင် အိုကေစိုပြေ ငြိမ်းချမ်းသွားမှာပါ။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂)

အရာရာကို ဦးဆောင်ချင် သြဇာပေးချင် ဆရာကြီး လုပ်ချင်လွန်းတဲ့သူတွေ ဖြစ်ပြီး တက်ကြွတဲ့ ကြက်ဖတွေလို စိတ်ဓာတ်ပြင်းတဲ့သူတွေ ဖြစ်လို့ တခါတလေ စိတ်ဖိစီးလာရင် နားအေးပါးအေး တစ်နေရာရာမှာ အားရပါးရကြီး နားပစ်လိုက်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)

ဉာဏ်ကောင်းသလောက် ပေသီးခေါက်လွန်းတဲ့ ၊ အတွေးတွေနဲ့ ချာချာလည်နေတတ်တဲ့သူတွေ ဖြစ်လို့ သူတို့ စိတ်ပင်ပန်းလာတဲ့အခါ စာအုပ်ကောင်းတွေ ဖတ်တာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်တာတွေက အကောင်းဆုံး စိတ်ဖြေရာ ဖြစ်ပါတယ်။

 

တူရာသီဖွား (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂)

အရာရာကို လူတိုင်းကို မျှမျှတတ တွေးမြင်နားလည်ပေးတတ်တဲ့သူ ဖြစ်ပေမဲ့ တခါတလေများ စိတ်ဖိစီးလာရင် ခံစားရ နာကျင်တတ်တာမို့ သီချင်းတွေ နားထောင်ပေးတာ၊ ဂိမ်းလေးဘာလေး ကစားတာနဲ့ စားချင်တာတွေကို စိတ်ကြိုက် တွယ်လိုက်တာတွေက စိတ်ထွက်ပေါက်ကောင်း ဖြစ်ပါတယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

စိတ်ခံစားချက် ပြင်းထန်ပြီး အမှတ်အတေး အစွဲအလန်း ကြီးလှတဲ့သူတွေ ဖြစ်လို့ စိတ်ဖိစီးကို လျှော့မယ်ဆိုရင် ကိုယ့်ရဲ့ အငြိုးအတေးကို ဖြေဖျောက်သင့်ပါတယ်။ ချစ်ရသူတွေနဲ့ အတူနေရင်လည်း စိတ်သက်သာပါလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁)

သာမန်ဘဝကို မနေချင်တဲ့ စွန့်စားချင်လွန်းတဲ့သူတွေ ဖြစ်လို့ စိတ်တွေ ပင်ပန်းနောက်ကျိလာတဲ့အခါ ခရီးတွေ ထွက်ပစ်လိုက်တာ၊ (အထူးသဖြင့်) စွန့်စားရတဲ့ တောတိုး၊ တောင်တက် ခရီးကြမ်းတွေ သွားပစ်လိုက်တာက အကောင်းဆုံး စိတ်ဖြေဆေး ဖြစ်ပါတယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉)

ဘဝကို လက်တွေ့ကျကျ ဖြတ်သန်းတတ်တဲ့ ၊ တာဝန်တွေကို ပခုံးပေါ် ထမ်းတတ်တတ်တဲ့သူတွေ ဖြစ်လို့ သူတို့ စိတ်တွေ ညစ်ထေးဖိစီးလာပြီဆိုရင် လုပ်လက်စတွေ ခဏ ပစ်ချပြီး စိတ်ထဲမှာ လုပ်ချင်တာတွေ၊ ဝါသနာတွေကို အားရပါးရ လုပ်ချလိုက်တာက အကောင်းဆုံး စိတ်သက်သာရာ ရစေပါလိမ့်မယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈)

ဟိုဟိုဒီဒီ စူးစမ်းရတာ၊ လေ့လာဆည်းပူးရတာတွေ ကြိုက်တဲ့သူတွေ ဖြစ်လို့ စိတ်တွေ ပင်ပန်းဖိစီး လာတဲ့အခါမှာ ဝါသနာပါရာတွေ လျှောက်လုပ်တာ၊ ရုပ်ရှင်ကြည့်၊ ခရီးထွက်တာတွေကို လုပ်ပေးသင့်ပါတယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)

တစ်ကိုယ်ရေတကာယ အေးရာအေးကြောင်း နေတတ်တဲ့သူတွေ ဖြစ်လို့ စိတ်တွေ ဖိစီးလေးလံလာပြီဆိုရင် ဘယ်သူနဲ့မှ မတွေ့တော့ဘဲ ကိုယ့်ဖာသာ တစ်ယောက်တည်း ခွေခေါက် အနားယူလိုက်တာက အကောင်းဆုံး ဖြစ်ပါတယ်။

ရာသီဖွားအားလုံး စိတ်ဖိစီးမှုတွေ ကင်းဝေးကြပါစေ – ဗေဒင်သုတက တင်ဆက်ပါသည်

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)