ဓာတ်ပျက်ခြင်းအတွက် နည်းတစ်လက်
တစ်ခါတစ်ရံ ဘာလုပ်လုပ် အဆင်မပြေတဲ့အခါမျိုး၊ အလိုလိုနေရင်း စိတ်တိုစိတ်ညစ်နေတာမျိုး နဲ့ ဘာကိုမှ စိတ်မပါတော့တာမျိုးတွေ လူတိုင်း ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြပါလိမ့်မယ်။ အဲဒီအခါမျိုးကို ဗေဒင်ပညာအရ ဓာတ်ပျက်တယ်လို့ သတ်မှတ်ပါတယ်။ ဒီလို ဓာတ်ပျက်တဲ့ အခါမှာ ဓာတ်တူနံတူ ပညာခန်းနဲ့ ကုစားလိုက်မယ်ဆိုရင် ပုံမှန်ကံအနေအထားအတိုင်း ပြန်လည်ရောက်ရှိသွားပါလိမ့်မယ်။
ဒီနေရာမှာ မြေ၊ မီး၊ ရေ၊ လေ ဆိုပြီး ဓာတ်ကြီး ၄ပါး ရှိကြောင်းကို အရင်ဆုံး သိမှတ်ထားရပါမယ်။ ကိုယ့်ရဲ့မွေးနေ့ မွေးနံအလိုက် ဓာတ်ကြီး ၄ ပါးထဲက ဘယ်အုပ်စုထဲ ပါနေသလဲဆိုတာ အရင်ဆုံး ကြည့်ရပါမယ်။ – နေ့နံနှင့် ဓာတ်အုပ်စုများ ခွဲခြားရန်
အထက်ပါအုပ်စုအတိုင်း မိမိတို့ နေ့နံအလိုက် သက်ဆိုင်ရာထောင့်မှာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အရေးကြီးတာတစ်ခုက အချိန်တိကျဖု့ိပါပဲ။  မည်သည့်နေ့ဖွားမဆို ကိုယ့်မွေးနေ့ မနက် ၉း၀၀ နာရီမှ ၉း၀၆ အတွင်း ဖြစ်ပါတယ်။ ကျော်လို့လည်း မရသလို လိုလို့လည်း မရပါ။ အချိန်က ၆မိနစ်ပဲ ရတာ ဖြစ်လို့ ၆ မိနစ်အတွင်း စတင်လုပ်ဆောင်ဖို့ လိုပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မီးဓာတ်အုပ်စု (၁) – မီးဓာတ်အုပ်စုဖြစ်တဲ့ တနင်္ဂနွေနဲ့ စနေနေ့ဖွားများကတော့ ဘုရားစေတီသွားလို့ အဆင်ပြေရင်လည်း ဘုရားစေတီ သွားပြီး ကိုယ့်မွေးနံဂြိုဟ်တိုင်ထောင့်မှာ အလင်းတိုင် ထွန်းညှိ ပူဇော်ခြင်း၊ လျှပ်စစ်မီး အလှူဒါနပြုခြင်းများ ဆောင်ရွက်ပါ။ ပြီးရင် မွေးနံထောင့်မှာ သန့်ရှင်းရေး ကုသိုလ်ပြုပါ။ စေတီ သွားလို့ အဆင်မပြေရင်တော့ နေအိမ်က ဘုရားမှာ ဆောင်ရွက်နိုင်ပါတယ်။
မြေဓာတ်အုပ်စု (၂) – မြေဓာတ်သမားအုပ်စုဖြစ်တဲ့ တနင်္လာနဲ့ ကြာသပတေးနေ့ဖွားများကတော့ ဘုရားစေတီရဲ့ မွေးနံထောင့်တွေမှာ ပန်းကပ်လှူခြင်း၊ ဆွမ်းလှူခြင်း၊ ရွှေသင်္ကန်း ကပ်လှူခြင်း စတဲ့ ကုသိုလ်ဒါနကို  အဆင်ပြေသလို ဆောင်ရွက်ပါ။ ပြီးရင် ကိုယ့်မွေးနံထောင့်မှာ သန့်ရှင်းရေး ကုသိုလ် ပြုပေးပါ။ မွေးနံထောင့်မှာ အဆင်မပြေရင် သတ်မှတ်ချိန်မှာ ကိုယ့်အိမ်ဘုရားမှာ လုပ်ပါ။
လေဓာတ်အုပ်စု (၃) – လေဓာတ်အုပ်စုများဖြစ်တဲ့ အင်္ဂါနဲ့ ရာဟု(ဗုဒ္ဓဟူးညနေဖွား) များအနေနဲ့တော့ သတ်မှတ်ထားတဲ့အချိန် ဘုရားစေတီရဲ့ မွေးနံထောင့်မှာ ယပ်လှူခြင်း ၊ ပန်ကာလှူခြင်း၊ စကြာ လှူခြင်း၊ အမွှေးနံ့သာလှူခြင်း စတဲ့ ကုသိုလ်ဒါန လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်မွေးနံထောင့်မှာ သန့်ရှင်းရေး ကုသိုလ် ပြုပေးပါ။ မွေးနံထောင့်မှာ အဆင်မပြေရင်တော့ ကိုယ့်အိမ်က ဘုရားမှာ လုပ်ပါ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ရေဓာတ်အုပ်စု (၄) – ရေဓာတ်အုပ်စုများ ဖြစ်တဲ့ ဗုဒ္ဓဟူးနဲ့ သောကြာများအနေနဲ့တော့ သတ်မှတ်ထားတဲ့အချိန် ဘုရားစေတီရဲ့ မွေးနံထောင့်မှာ ရေလှူခြင်း၊ ရေသပ္ပါယ်ခြင်း၊ အချိုရည် အအေး စတဲ့ ကုသိုလ်ဒါနတွေ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ ပြီးရင် ကိုယ့်မွေးနံထောင့်မှာ သန့်ရှင်းရေးကုသိုလ် ပြုပေးပါ။ မွေးနံထောင့်မှာ အဆင်မပြေရင်တော့ သတ်မှတ်ထားတဲ့အချိန် ကိုယ့်အိမ်ဘုရားကျောင်းဆောင်မှာ ဆောင်ရွက်ပါ။ ဤကား မြန်မာ့လက်ဆန်းပညာရပ်လာ ဓာတ်တူနံတူဆေးဘက်ယူ အစီအရင်ကဏ္ဍပေတည်း။
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (မြန်မာ့ရိုးရာဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)