ဘယ်နေ့ ဘာလုပ်သင့်သလဲ ၊ အသုံးချဂဏန်းဗေဒင်

တွက်နည်းကတော့ ဇာတာရှင်ရဲ့မွေးရက် /မွေးလနဲ့ မိမိ စတင် လုပ်ကိုင်မယ့် ရက်လနှစ်တွေကို တစ်လုံးတည်း ကျန်အောင် ပေါင်းပါ ။ ထိုပေါင်းရကိန်းဟာ အဲဒီနေ့အတွက် မိမိရဲ့ကံကြမ္မာကိုဖော်ပြပါတယ်။

ဥပမာ ၂၆ – ၅ – ၁၉၉၅ မှာ မွေးတဲ့ဇာတာရှင်တစ်ဦးဟာ ၂၈ – ၁၀ – ၂၀၂၂ မှာ ကိစ္စတစ်ခုခု လုပ်မယ်ဆိုပါစို့။
မွေးရက် – ၂၆
မွေးလ – ၅
သိလိုတဲ့ရက် – ၂၈
သိလိုတဲ့လ – ၁၀
သိလိုတဲ့နှစ် – ၂၀၂၂
……………………………………
စုစုပေါင်း – ၂၀၉၁ = (၂ + ၀ + ၉ + ၁ = ၁၂ = ၁ + ၂ = ၃) ၃ – ဂဏန်း ရပါတယ်။ (၃) ဂဏန်းရလို့ စိုးမိုးဂဏန်း (၃) ရဲ့အဟောကို ဖတ်ရှုရပါမယ်။

ထိုနည်းအတိုင်း မိမိတို့ တွက်လိုတဲ့ ရက် / လ / နှစ်နဲ့မိမိတို့ရဲ့ စိုးမိုးဂဏန်းကို ရှာရပါမယ် ၊ အဲဒီစိုးမိုးဂဏန်းဟာ မိမိတို့ရဲ့ ကံဇာတာပင် ဖြစ်ပါတယ်။

စိုးမိုးဂဏန်း( ၁ ) လုပ်ငန်းစီမံချက် အကြံဉာဏ်သစ်တွေကိုဖော်ပြခြင်း။လုပ်ငန်းကို စတင်အကောင်အထည် ဖော်ခြင်း ။ ဘာသာစကားသင်တန်းတက်ရောက် သင်ကြားခြင်း။အပေါင်းအသင်းသစ်များတိုးပွားခြင်း (စိုးမိုးဂဏန်း ၁ ဂဏန်းကျတဲ့ရက်မှာ အလုပ်အကိုင်သစ် စတင် လုပ်ကိုင်သင့်ပါတယ် )

စိုးမိုးဂဏန်း( ၂ ) ဘဏ္ဍာရေးအခြေအနေ တိုးတက်ခြင်း။ဘဝကြင်ဖော် ရွေးချယ်ခြင်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးစားခြင်း။ စာချုပ်ချုပ်ဆိုခြင်း။အခြားသူရဲ့ယုံကြည်မှုကိုရရှိခြင်း။ ခွဲခွဲခြားခြား သိနားလည်ခြင်းနဲ့စကားအပြောအဆို လိမ်မာပါးနပ်ခြင်း။  (စိုးမိုးဂဏန်း ၂ ဂဏန်းကျတဲ့ရက်မှာ အကြွေးတောင်းခြင်း။ စပ်တူစပ်ဖက်လုပ်ကိုင်ခြင်း စတဲ့ ကိစ္စတွေကို ဆောင်ရွက်နိုင်ပါတယ် ။ )

စိုးမိုးဂဏန်း ( ၃ ) ရည်မှန်းချက်ဖြစ်မြောက်ခြင်း။ စာတမ်းဖတ်ပွဲတွင် ပါဝင်ခြင်း။ မှန်ကန်တဲ့အကြံဉာဏ် ရယူခြင်း ။ ရင်းနှီးမြှုပ်နှံမှုအသစ်ပြုလုပ်ခြင်း။အကူအညီ ရမှု သို့မဟုတ် အသာရမှုအတွက် အားထုတ်ခြင်း။ ခန့်အပ်လွှာ ပေးအပ်ခြင်း။ ဘာသာရပ်အသစ် လေ့လာသင်ကြားခြင်း။ အယ်ဒီတာများနဲ့ တိုးတက် ဆက်သွယ်ခြင်း။

စိုးမိုးဂဏန်း ( ၄ ) ကလေးတွေအတွက်ပညာရေး ဆိုင်ရာအထောက်အကူပစ္စည်းများကိုစီမံပေးခြင်း။ စာချုပ် ချုပ်ဆိုခြင်း။လုံခြုံရေးစီမံဆောင်ရွက်ခြင်း။ အိမ်မှုရေးရာ အတွက်စီစဉ်ဆောင်ရွက်ခြင်း။ ဆရာဝန်နဲ့ တိုင်ပင်ခြင်း။လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ရောင်းဝယ်ခြင်း ။

စိုးမိုးဂဏန်း( ၅ ) ကလေးများနဲ့ ကစားခြင်း။ပါတီပွဲသို့ တက်ရောက်ခြင်း။ စာပေစာယူသင်တန်းတက်ခြင်း။ မိတ်ဆွေသစ်များ ရရှိတတ်ခြင်း။ ခရီးတိုအတွက် စီမံဆောင်ရွက်ရခြင်း ။

စိုးမိုးဂဏန်း( ၆ ) တင့်တယ်မှုနဲ့ဆွဲဆောင်မှုရှိအောင် စီမံခြင်း။ချစ်မှုရေးရာတိုးတက်မှု ရှိခြင်း။ အလှပြင်ဆိုင်သို့ သွားရောက်ခြင်း။ ရန်ကြွေးများကို ပြေလည်စေခြင်း ။ စာဖတ်ပြီး အနားယူခြင်း။ ညီလာခံ တက်ရောက်ခြင်း ။

စိုးမိုးဂဏန်း( ၇ ) မလိုသောစကားပြောဆိုမှုကို ထိန်းသိမ်းခြင်း။အစာကြေညက်အောင် ဂရုစိုက်ခြင်း။ ငြိမ်းအေးခြင်းနဲ့ သမာဓိတည်ကြည်ခြင်း။ စိတ်ပညာ တိုးတက်လေ့လာခြင်း ။ မိသားစုကိစ္စအတွက် ဆုံးဖြတ်ဆောင်ရွက်ခြင်း။ ကလေးမွေးစားခြင်း။ ဂုရုတစ်ယောက် ဒါမှမဟုတ် ဝိညာဉ်ပိုင်းဆိုင်ရာ ဆရာတယောက်နဲ့ တိုင်ပင်ခြင်း ။

စိုးမိုးဂဏန်း ( ၈ ) ဂမ္ဘီရပညာရပ်များလေ့လာလိုက်စားခြင်း။အကြားအမြင်ပညာရပ်များလေ့လာ ဆည်းပူးခြင်း။ စိတ်ပိုင်းဆိုင်ရာ ကုသမှုတိုးတက်ခြင်း။ ချစ်မှုရေးရာ ရှိခြင်း။ ထီ သို့မဟုတ် ပြိုင်ပွဲတစ်ခုမှာ ကံကောင်းခြင်း ။ အလှူ ခံဋ္ဌာနသို့လှူ ဒါန်းခြင်း၊ ယှဉ်ပြိုင်ရွေးချယ်ခံရခြင်း ။ ငွေကြေးကိစ္စနဲ့ အခြေအနေ စောင့်ကြည့်ခြင်း ။

စိုးမိုးဂဏန်း ( ၉ ) အလှူခံဋ္ဌာနသို့ သွားရောက်ခြင်း။ ပိုင်ဆိုင်မှုစာရွက်စာတမ်း ရောင်းဝယ်ခြင်း ။ စိတ်ပိုင်းဆိုင်ရာ ကုသမှု လက်တွေ့ကျင့်ကြံခြင်း ။ ဂုဏ်သိက္ခာနဲ့ကျော်ကြားမှုကို ရရှိခြင်း ။ မှားယွင်းမှုများကို အမှန်ဖြစ်အောင် ဆောင်ရွက်ခြင်း။ တေးဂီတပွဲတော်တက်ရောက်ရခြင်း။စဦးအလုပ် ပြန်လုပ်ရခြင်း။ ပျော်ပွဲစား သို့မဟုတ် ခရီးတစ်ခု သွားရခြင်းတို့ဖြစ်ပါတယ် ။

မိမိတို့ရဲ့အမှုကိစ္စ တွေအတွက် အထက်ပါအတိုင်း တွက်ချက် အဟောထုတ်ကာ ကောင်းမှု /ဆိုးမှု ။ သင့်၏ /မသင့်၏ စတာတွေ ကို အလွယ်တကူ သိရှိပြီး ဆင်ခြင်နိုင်မှာဖြစ်ပါတယ် ။ Source – ဆရာအောင်ဆက် ပြန်လည် တင်ပြသူ – ဆရာကျော်စိုးလင်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)