စနေနေ့ဖွားများအတွက် မြန်မာနှစ် ၁၃၈၆ ခုနှစ် ကံဇာတာ

စနေနေ့ဖွားများအတွက် ယခုနှစ်သည် အပြောင်းအလဲ များစွာ ဖြစ်လွယ်သော ကာလ တစ်ခုလို့ ဆိုနိုင်သလို အများစုအဖို့ မေတ္တာရေးရာ ချစ်မှုရေးရာတို့မှာလည်း ကံကောင်းနိုင်မှု ကြုံနိုင်သော အချိန် ဖြစ်လာပါတယ်။

အပြောင်းအလဲများစွာထဲမှာ မကောင်းတဲ့အစိတ်အပိုင်းတစ်ခုကတော့ …မနေလိုသောနေရာဌာနကို ပြောင်းလဲရတတ်ခြင်း၊ ပြောင်းရွှေ့ရတတ်ခြင်းကံသည် ထိပ်ဆုံးမှာ ပါတတ်ချိန်လို့လည်း ဆိုနိုင်ပါတယ်။

အလုပ်အကိုင် နှင့် စီးပွားရေး

ဒီတစ်နှစ် အလုပ်အကိုင် ကဏ္ဍမှာ ….စနေနေ့ဖွားများအဖို့…ယာယီအလုပ်မျိုးတွေ၊ သောင်မတင် ရေမကျ အခြေအနေတွေ ရောထွေးပါဝင်နေမှာဖြစ်ပါတယ်။  အများစုသော စနေနေ့ဖွားများအဖို့…. ယင်းအခြေအနေမျိုးတွေ ရင်ဆိုင်ရတတ်ချိန်ဖြစ်ပြီး…..

အချို့သော စနေနေ့ဖွားများ အဖို့ကတော့ ….အသက်မွေးမှု အလုပ်အကိုင် တစ်ခုမက ..နှစ်မျိုးနှစ်ခွကို တစ်ပြိုင်နက်တည်း ထိမ်းချုပ်ကိုင်တွယ် လုပ်ကိုင်နိုင်ဖို့ ကြိုးစားနေရတတ်ချိန် ဖြစ်ပါလိမ့်မယ်။

ချစ်မှုရေးရာ နှင့် မေတ္တာရေး

တော်တော်များများသော စနေနေ့ဖွားများအဖို့ မေတ္တာရေး ကံအားသာတတ်ချိန်ပါ။ အိမ်ထောင်သည်များအဖို့ မိမိတို့အိမ်ထောင်ဖက် နှင့် ပတ်သက်စပ်လျဉ်းသော ကောင်းကျိုးသုခ ရရှိလွယ်တတ်သလို..၊ သို့တည်းမဟုတ်..အိမ်ထောင်ဖက် တွင် ထူးထူးခြားခြား ကံကောင်းမှု ပေါ်ပေါက်နေခြင်းမျိုးသော်လည်းကောင်း …တွေ့မြင်ရတတ်ချိန် လို့ ဆိုနိုင်ပါတယ်။

လူပျိုလူလွတ်များအဖို့တော့ ….ဒီတစ်နှစ်သည် ..ဖူးစာရေးနတ် မျက်နှာသာပေးတတ်ချိန် ဖြစ်တာကြောင့်….ကြံစည်ကြိုးကုတ် အစွံထုတ်ကြဖို့…လုံ့လပြုသင့်သော ကာလဖြစ်ပါတယ်။

ကိုယ့်ထက်မြင့်တဲ့သူမျိုးနဲ့ ဖူးစာရေးရှိတတ်ချိန်မို့….ကိုယ်နဲ့အလှမ်းကွာတယ်ဆိုပြီး…ဒီတစ်နှစ်တော့ အားမငယ်လိုက်ဘဲ….အနိုင်ကျဲလိုက်သင့်တဲ့ ကာလ ဖြစ်ပါကြောင်း။

ပညာရေး

တစ်ကျော့ပြန် ပြန်လည်ကြိုးစားရယူနိုင်စွမ်း ရှိလာတတ်ချိန် ပါ။ ဒါကြောင့် …ပြန်လည် ကြိုးစားအားထုတ်ဖို့ မမေ့မလျော့ ..ရှိသင့်ကြပါတယ်။ ကျရှုံးဖူးထားသော စာမေးပွဲမျိုးတွေ သိပ်ပြီး ပြန်ဖြေလို့ ကောင်းတတ်ချိန်..ပြန်ဖြေနိုင်စွမ်း ရှိလာချိန် ဖြစ်ပါတယ်။

ကျန်းမာရေး

အလိုလိုနေရင်း အကြောအချဉ်များ တောင့်တင်းလွယ်နေတတ်ပါတယ်။ အာရုံကြောဝေဒနာ အခံရှိဖူးသူများ…ဒီတစ်နှစ်ထဲမှာ…အာရုံကြောပိုင်းဆိုင်ရာ ဝေဒနာပြန်ပေါ်လာပါမယ်။

နေရထိုင်ရတာ အလိုလိုနေရင်းကို မအီမသာ ဖြစ်နေတတ်ချိန်ဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓဟူးနေ့တွေမှာ အထက်ပါကဲ့သို့ မအီမသာဖြစ်မှုမျိုးကို ပိုမိုသိသိသာသာ ခံစားရတတ်ပါတယ်။

အာယုဂြိုဟ် အနေအထား ကောင်းချိန်မို့….ဗုဒ္ဓဟူးနေ့နဲ့ တနင်္လာနေ့များကလွဲရင် ..ကျန်နေ့ရက်များမှာ ကျန်းမာရေးစတင်ယိုယွင်းမှုမျိုး ဖြစ်ဖို့ခဲယဉ်းစေတတ်ပါတယ်။ အများစုအဖို့ ကျန်းမာရေး ကောင်းမွန်နိုင်သော နှစ်မျိုးလို့ ဆိုနိုင်ပါလိမ့်မယ်။

အထွေထွေ

ဒီတစ်နှစ် စနေနေ့ဖွားတွေကို အညံ့နိုင်ဆုံးကံကတော့…..နေရတာမပျော်တဲ့ စိတ်. နှိပ်စက်ဖိစီးတတ်ခြင်းပါပဲ။ ငွေတွေသိန်းချီအောင် ဝင်နေပါစေ၊ ရွှေဇွန်းခယင်းနဲ့ပဲ စားနေရပါစေ၊ အချစ်ဆုံးသူနဲ့ပဲ အတူတူနေနေရပါစေဦး….နေရထိုင်ရတာ အဆင်မပြေ သလို ဖြစ်ဖြစ်လာပြီး ငြီးငွေ့စိတ် ပင်ပန်းစိတ် ဝင်လာတတ်သော ကာလမျိုး ဖြစ်ပါတယ်။

ဒီအခြေအနေကြီးနဲ့ပဲ …ကြာတော့ ပျင်းလာ ငြီးငွေ့စိတ်ကုန်လာပြီ ဆိုတဲ့ စိတ်မျိုး မကြာမကြာ ဝင်လာတတ်သော နှစ်တစ်နှစ်ပါပဲ။

ဝန်ထမ်းအချို့လည်း …မပျော်ပိုက်တဲ့နေရာ…မနေလိုတဲ့ဌာနမျိုးကို ပြောင်းရရွှေ့ရ တတ်ပါတယ်။ နယ်စွန်နယ်ဖျားတွေ၊ သူများမသွားလိုတဲ့ နေရာတွေကို …အလွယ်တစ်ကူကိုယ့်မှာ တာဝန်ကျပြီး သွားနေရတတ်တဲ့ကာလ ဖြစ်ပါတယ်။

ချစ်၍ခင်၍ ပေးသော လာဘ်မျိုး…ဝင်လွယ်သော အချိန်ပါ။ ပျိုရွယ်သူအဖို့ တိုးတိုးတိတ်တိတ် လက်ထပ်ခြင်းမျိုးဖြစ်စေ…၊ လူနည်းစုနဲ့ အကျဉ်းရုံးလက်ထပ်ခြင်းမျိုး ဖြစ်စေ… ကြုံလွယ်သောကာလမျိုးလည်းဖြစ်ပါတယ်။

အချို့သော စနေနေ့ဖွားများ…မရွယ်ဘဲစော်ကဲမင်းဖြစ်သလို…. မထင်မှတ်ထားဘဲ… (ကိုယ်နဲ့ မသက်ဆိုင်ဘဲ) ကောင်းကျိုးသုခ ခံစားရခြင်းမျိုးလည်း ထူးထူးခြားခြား ပေါ်လာတတ်ချိန် ဖြစ်ပါတယ်။

ဆောင်အပ်/ရှောင်အပ်

မေတ္တာရေး နဲ့ ကျန်းမာရေးအတွက်ဆိုရင်….တနင်္လာနေ့ ကို သတိပြုဆင်ခြင်အနေအပ်ဆုံးကာလ ဖြစ်ပါတယ်။ အသက်မွေးမှုအတွက် အလုပ်အတွက် ..စသည်ဖြင့်တွေကတော့ သောကြာနေ့ကို သတိပြု လုပ်ကိုင်ရမှာ ဖြစ်သလို…၊ လက်ထပ်ထိမ်းညားလိုသူများအဖို့လည်း……သောကြာနေ့ကိုတော့ ရှောင်ရှားသင့်လှပါတယ်။

ဗုဒ္ဓဘာသာဝင်များအဖို့ကတော့ ကြာသာပတေးထောင့်မှာ ကောင်းမှုကုသိုလ် မကြာမကြာ ပြုပြီး အဓိဌာန်စသည်တို့ဝင်ခြင်းဖြင့် ကံကောင်းမှု မုချ ပေါ်လွယ်တတ်သော ကာလ ဖြစ်ပါတယ်။

တစ်နှစ်တာကာလပတ်လုံးမှာ…အနီရဲရဲအရောင် နဲ့ အနက်ရောင် ကို အဓိက ရှောင်အပ်ပြီး .. …ရွှေအိုရောင် ရင့်ရင့် နဲ့…ခရမ်းရင့်ရောင်များကတော့ မိမိတို့အတွက် ဆောင်သင့်သောအရောင်များ ဖြစ်ပါလိမ့်မယ်။

ထီကံစမ်းလိုသူများအဖို့….၄၊ ၈၊ ၅ ဂဏန်းများ နဲ့ …သောကြာ နေ့ ဗုဒ္ဓဟူးနေ့နဲ့ ကြာသာပတေးနေ့များ မှာ ကံစမ်းသင့်ချိန် ဖြစ်ပါတယ်ခင်ဗျား။

ယခုနှစ်အခါသမယအတွင်း စနေနေ့ဖွားအပေါင်းသူတော်ကောင်းတို့သည် စိတ်၏ ကျန်းမာခြင်း ၊ ကိုယ်၏ ချမ်းသာခြင်း ဖြင့် ပြည့်စုံနိုင်ကြသည် ဖြစ်ကြပါစေသတည်း။

လေးစားစွာဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)