နံတော်စဉ်သက်စစ်ဗေဒင်ဟောကိန်း
ဒီနည်းကတော့ ရှေးမြန်မာ့လက်ဆန်းဗေဒင်ပညာရှင်ကြီးတွေ လျှို့ဝှက်သုံးခဲ့တဲ့ နည်းပညာတစ်ခုဆို မမှားပါဘူး။ မြန်မာ့ရိုးရာဗေဒင်ပညာရပ်ရဲ့ နေ့ဖွားအလိုက် နှစ်အလိုက် ကိုယ်တိုင်တွက်စစ်နိုင်တဲ့ နံတော်စဉ်သက်စစ် ဟောကိန်းကို ကိုယ်တိုင် တွက်ကြည့်နိုင်အောင် ဖော်ပြလိုက်ပါတယ်။
နံတော်စဉ်ဟောကိန်းဖြစ်လို့ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးရဲ့ ဗုဒ္ဓဝင်ဖြစ်စဉ်အချို့နဲ့ ဆက်စပ်ဟောရတဲ့ ပညာခန်းဖြစ်ပြီး အင်္ဂဝိဇ္ဇာမှာလည်း နံတော်စဉ်ဟောကိန်း သီးသန့်ရှိနေပါသေးတယ်။
တွက်နည်းကိုစသွားဖို့အတွက် ဉီးစွာပထမအနေနဲ့ မိမိတို့ရဲ့ ဂြိုဟ်သက်တွေကို သိထားဖို့လိုပါတယ်။
နေ့သား ဂြိုဟ်သက်
၁နွေ ၆
၂င်္လာ ၁၅
၃င်္ဂါ ၈
၄ဟူး ၁၇
ရာဟု ၁၂
၅တေး ၁၉
၆ကြာ ၂၁
စနေ ၁၀
ဒီဂြိုဟ်သက်တွေကို သိပြီဆိုရင် သက်စစ်နံတော်စဉ်ကို တွက်စစ်လို့ရပါပြီ။  လက်ရှိကိုယ့်ရဲ့ ရောက်ဆဲအသက်ကို သိရပါမယ်။ ရောက်ဆဲအသက်ကို ယူတဲ့အခါ ပြည့်ပီးသား အသက်ထက် ပိုယူရပါတယ်။ ဉပမာ အသက် ၃၀ နှစ် ပြည့်ပီးသူဆို ၃၁နှစ် ယူရပါမယ်။ ၅၀ ပြည့်ပီးသူဆို ၅၁ နှစ်ယူရပါမယ်။
ဒီလက်ရှိအသက်ပိုင်းမှာ ကိုယ့်ဇာတာကို သိဖို့ ရှေ့ကပြောခဲ့တဲ့ ကိုယ့်မွေးနံဂြိုဟ်သက်နဲ့ လက်ရှိရောက်ဆဲ အသက်ပိုင်းကို ပေါင်းပါ။ ပေါင်းလို့ရတဲ့ ရလဒ်ကို ၇ နဲ့စားပြီး အကြွင်းအတိုင်း အဟောဖတ်နိုင်ပါပြီ။
ဥပမာ အသက် ၃၂နှစ် ဗုဒ္ဓဟူးသားကို တွက်မည်ဆိုပါစို့။ အသက် ၃၂ ကို ဗုဒ္ဓဟူး ဂြိုဟ်သက် ၁၇နဲ့ ပေါင်းပါ။ ၄၉ ရပါမယ်။ ၎င်း ၄၉ ကို ၇နဲ့စားတဲ့အခါ ဝ-ကြွင်းလို့ ဝကြွင်းအဟောကို ဖတ်လို့ရပြီ ဖြစ်ပါတယ်။  (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
-၁ခုကြွင်းအဟော
ဘုရားရှင် တေဇောဓာတ်လောင်ကျွမ်းတဲ့အခါဖြစ်လို့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးညံ့တာ၊ အကြံအစည် ပျက်ပြားတာ၊ စိတ်ဝမ်းကွဲစရာတွေဖြစ်တတ်တဲ့အတွက် သတိနှင့်လုပ်ကိုင်ရမယ့်နှစ်မျိုးဖြစ်ပါတယ်။
-၂ခုကြွင်းအဟော
ဘုရားရှင် တောထွက်တော်မူတဲ့အခါဖြစ်လို့ ခရီးထွက်ရန် အကြောင်းပေါ်တတ်ခြင်း၊ မိသားစု ရင်းနှီးသူတွေနဲ့ ခွဲခွာရတတ်ခြင်း ရှိတတ်ပါတယ်။
-၃ခုကြွင်းအဟော
ဘုရားရှင်ပရိနိဗ္ဗာန်ပြုတဲ့အခါဖြစ်လို့ ကျန်းမာရေး မပေါ့အပ်တဲ့နှစ်တစ်ခုဖြစ်ပါတယ်။ ပူပန်ကြောင့်ကျ များရတတ်ပြီး မကောင်းတဲ့ကာလဖြစ်လို့ ရတနာသုံးပါး ဆည်းကပ်သင့်ပါတယ်။
-၄ခုကြွင်းအဟော
ဗောဓိပင်နဲ့ ရွှေပလ္လင်ကို အောင်မြင်တော်မူတဲ့နေ့ဖြစ်လို့ လုပ်ကိုင်ကြံစည်မှုတွေအောင်မြင်မယ့်နှစ်ပါပဲ။ လူချစ်လူခင်များတာ၊ ဘုန်းကံတောက်ပတာနဲ့ လုပ်သမျှအရာထင်တဲ့နှစ်မျိုးပါပဲ။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
-၅ခုကြွင်းအဟော
ပဋိသန္ဓေနေတဲ့အခါဖြစ်လို့ အကျဉ်းကျတတ်တဲ့အခါမျိုးဖြစ်ပါတယ်။ သူများစကားနားယောင်မိလို့ အခက်ခဲတွေ တွေ့ရတတ်ပါတယ်။ သွားလာလှုပ်ရှားမှုသတိပြုရပါမယ့်နှစ်ပါပဲ။
-၆ခုကြွင်းအဟော
မြတ်စွာဘုရား ဖွားမြင်တော်မူတဲ့အခါဖြစ်လို့ အခက်အခဲအကျပ်တည်းကနေ လွတ်မြောက်မယ့်နှစ်မျိုးပါ။ ချစ်သူခင်သူ ကူညီမစသူ ပေါမယ်။ မိခင်ကျန်းမာရေးတော့ အားနည်းတတ်ပါတယ်။
-ဝကြွင်းအဟော
ဓမ္မစကြာဟောတော်မူတဲ့အခါဖြစ်လို့ သတင်းစကားကောင်းကြားရမယ့်နှစ်မျိုးပါ။ အကြံဉာဏ်ကောင်းတွေ လက်ခံရရှိမယ်။ ကောင်းသောအသိပညာတွေ တိုးပွားမယ့်နှစ်မျိုး ဖြစ်ပါတယ်။
ဒါကတော့ ရှေးမြန်မာ့လက်ဆန်းပညာရှင်ကြီးတွေ တီထွင်ခဲ့တဲ့ သက်စစ်နံတော်စဉ်ဟောကိန်းဖြစ်ပြီး ကိုယ်တိုင် တွက်စစ်လိုက်နာအသုံးပြုခြင်းဖြင့် အကျိုးဖြစ်ထွန်းကြပါစေသတည်း…
ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ
ဆရာလင်းဝေအောင် (မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)