အဂၤါၿဂိဳဟ္အသြားအလာႏွင့္ ၁၂ ရာသီဖြားကံဇာတာ

အေနာက္တိုင္း (သာယန) စနစ္အရ ေကာဇာအဂၤါၿဂိဳဟ္သည္ ေမထုန္ရာသီတြင္ ေအာက္တိုဘာ ၃၀ ရက္ေန႔မွ ေနာက္ႏွစ္ ၂၀၂၃ ၊ ဇန္နဝါရီ ၁၂ ရက္ေန႔အထိ အသြားမမွန္ဘဲ ေနာက္ျပန္လွည့္ေနမည္ ျဖစ္သည္။

အဂၤါၿဂိဳဟ္ အသြားအလာ မမွန္သည့္ ၂ လခြဲခန႔္ကာလအတြင္း ၁၂ ရာသီဖြားမ်ားအေပၚ ႐ိုက္ခတ္လာႏိုင္သည့္ ကံဇာတာ အေျခအေန တို႔ကို ႀကိဳတင္သိရွိ သိျပဳႏိုင္ရန္အလို႔ငွာ လိုတိုရွင္း ေဖာ္ျပလိုက္ပါသည္။(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

မိႆရာသီဖြား (မတ္ ၂၁ – ဧၿပီ ၁၉)

နဂိုဗီဇအရ ေသြးဆူေပါက္ကြဲလြယ္သူ ျဖစ္ေသာေၾကာင့္ ေဖာ္ျပပါ ၂ လခြဲအတြင္း လက္လြန္ေျခလြန္ မျဖစ္ေစရန္ သတိျပဳရမည္။ ပတ္ဝန္းက်င္ႏွင့္ မသင့္မျမတ္ ျဖစ္တတ္သည္။ အေျပာအဆို၊ အဆက္အသြယ္တိုင္း ဂ႐ုစိုက္ပါ။

ၿပိႆရာသီဖြား (ဧၿပီ ၂၀ – ေမ ၂၀)

၂ လခြဲအတြင္း ဝင္သမွ် ေငြ အဖတ္မတင္ေအာင္ အသုံးအစြဲ လက္ဖြာမိတတ္သည္။ စုမိေဆာင္းမိထားသည္မ်ား ပြန္းပဲ့ ေလ်ာ့ပါးသြားႏိုင္သည္။ ရွိတာေလးႏွင့္ ထိန္းသုံးႏိုင္ဖို႔သာ ႀကိဳးစားပါ။ အသစ္အဆန္းေနာက္ မလိုက္သင့္။

ေမထုန္ရာသီဖြား (ေမ ၂၁ – ဇြန္ ၂၀)

ဆတ္ဆတ္ထိမခံႏိုင္သူ ျဖစ္လာၿပီး ထစ္ခနဲရွိတိုင္း ေဒါသေရွ႕ထားမိသျဖင့္ အမွားမ်ားတတ္သည္။ မိမိကိုယ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ လိုလာမည္။ ေကာင္းသည့္အခ်က္မွာ လူမႈဆက္ဆံေရးအလြဲမ်ားကို ျပန္တည့္ႏိုင္ျခင္း ျဖစ္သည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ကရကဋ္ရာသီဖြား (ဇြန္ ၂၁ – ဇူလိုင္ ၂၂)

အလုပ္အကိုင္၊ စီးပြားေရး ေရွ႕တိုးရ ေနာက္ဆုတ္ရခက္ေသာအေျခအေန ျဖစ္လာမည္။ လုပ္ငန္းလည္ပတ္မႈပါ ကေမာက္ကမ ျဖစ္လာတတ္သည္။ ေဘးထြက္ကုန္က်စရိတ္မ်ား ေပၚလာမည္။ အေတြးလြန္မိေနတတ္သည္။

သိဟ္ရာသီဖြား (ဇူလိုင္ ၂၃ – ၾသဂုတ္ ၂၂)

မိတ္ေဆြသဂၤဟ၊ အသိုင္းအဝိုင္းမ်ားၾကားတြင္ ဆက္ဆံေရးအဖုအထစ္မ်ား ေပၚေပါက္လာတတ္ခ်ိန္ ျဖစ္သည္။ ဆက္ဆံေနက် လူမ်ားႏွင့္ ကေတာက္ကဆ ျဖစ္လြယ္ေနမည္။ ေငြေၾကးကိစၥလည္း အလိုမက် ျဖစ္ရလိမ့္မည္။

ကန္ရာသီဖြား (ၾသဂုတ္ ၂၃ – စက္တင္ဘာ ၂၂)

ေဖာ္ျပပါ ၂ လခြဲအတြင္း လုပ္ငန္းစီးပြားပိုင္းတြင္ အတိုက္အခိုက္ ေပါမ်ားလာတတ္သည္။ လုပ္ငန္းအရွိန္အဟုန္ က်သြားသလို ျဖစ္လာမည္။ လုပ္ေနက်အလုပ္မ်ားပင္ လြဲေခ်ာ္မွားယြင္းတတ္သည္။ ေခါင္းေအးေအးထားလုပ္ပါ။

တူရာသီဖြား (စက္တင္ဘာ ၂၃ – ေအာက္တိုဘာ ၂၂)

စီစဥ္ထားေသာ ခရီးကိစၥမ်ား ဖင့္ေႏွးတတ္သည္။ (သို႔မဟုတ္) အစီအစဥ္ ပ်က္တတ္သည္။ သြားရင္းလာရင္းႏွင့္ စိတ္ပ်က္ေဒါသထြက္စရာမ်ား ႀကဳံရတတ္သည္။ ပညာေရး၊ ေလ့လာသင္ၾကားေရးမ်ား ကေမာက္ကမ ျဖစ္မည္။

ၿဗိစာၦရာသီဖြား (ေအာက္တိုဘာ ၂၃ – ႏိုဝင္ဘာ ၂၁)

ေဖာ္ျပပါႏွစ္ကုန္ပိုင္းကာလမ်ားတြင္ ၿဗိစာၦရာသီဖြားမ်ားသည္ စိတ္ေရာလူပါ ဖိအားမ်ိဳးစုံေအာက္ ေရာက္ေနမည္။ သိသာထင္ရွားေသာ အျဖစ္အပ်က္၊ အေကာင္းအဆိုးမ်ား ႀကဳံရတတ္သည္။ က်န္းမာေရးပိုင္းကို ဂ႐ုစိုက္ရမည္။ (ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ)

ဓႏုရာသီဖြား (ႏိုဝင္ဘာ ၂၂ – ဒီဇင္ဘာ ၂၁)

ဓႏုရာသီဖြားမ်ားသည္ ေဖာ္ျပပါလပိုင္းမ်ားအတြင္း အခ်စ္ေရး၊ အိမ္ေထာင္ေရးရာ ပဋိပကၡတို႔ ျဖစ္လာႏိုင္သည္။ ျပႆနာအရင္းအျမစ္ကို မရွာဘဲ ႏွစ္ဦးသားနားလည္မႈကို ျပန္မရႏိုင္ပါ။ စပ္တူရွယ္ယာမ်ား ခဏ ဆိုင္းထားပါ။

မကာရရာသီဖြား (ဒီဇင္ဘာ ၂၂ – ဇန္နဝါရီ ၁၉)

ေန႔စဥ္ လုပ္ေနက်အရာမ်ား ဟန္ခ်က္ ပ်က္ၿပီး ဖ႐ိုဖရဲ ျဖစ္လာမည္။ လုပ္႐ိုးလုပ္စဥ္ တာဝန္ဝတၱရားမ်ားကိုလည္း ပ်က္ကြက္တတ္သည္။ ကိုယ့္ကိုကိုယ္ စိတ္ပ်က္မိသလို ခံစားရမည္။ ေရာဂါေဝဒနာေဟာင္းတို႔ ျပန္ေပၚႏိုင္သည္။

ကုမ္ရာသီဖြား (ဇန္နဝါရီ ၂၀ – ေဖေဖာ္ဝါရီ ၁၈)

စိတ္အားထက္သန္မႈမ်ား၊ တက္ႂကြေပ်ာ္႐ႊင္လိုမႈမ်ား ေပ်ာက္ဆုံးသြားတတ္သည္။ ဘာကိုမွ စိတ္မပါခ်င္ေတာ့ဘဲ တစ္ကိုယ္တည္း ေနလိုစိတ္ မ်ားလာႏိုင္သည္။ အေပ်ာ္အပါး၊ အသြားအလာမ်ားကို စိတ္ဝင္စားမႈ နည္းလာမည္။

မိန္ရာသီဖြား (ေဖေဖာ္ဝါရီ ၁၉ – မတ္ ၂၀)

အိုးအိမ္၊ ယာဥ္၊ကားကိစၥမ်ားႏွင့္ မိသားစုေရးရာကိစၥမ်ားတြင္ စိတ္အလိုမက်မႈတို႔ ခံစားလာရမည္။ အိမ္တြင္းေရး ပဋိပကၡမ်ား ရွိလာႏိုင္သည္။ အိမ္အသစ္ ေဆာက္ျခင္း၊ ေျမဝယ္ျခင္း၊ အိမ္ျပင္ျခင္းတို႔ကို ေခတၱ ဆိုင္းသင့္သည္။

အဂၤါၿဂိဳဟ္ အသြားမမွန္ခ်ိန္မွာ ေဘးဘယာတို႔ ေဝးကြာႏိုင္ၾကပါေစ – ဧက (ေဗဒင္သုတ)

Unicode Font

အနောက်တိုင်း (သာယန) စနစ်အရ ကောဇာအင်္ဂါဂြိုဟ်သည် မေထုန်ရာသီတွင် အောက်တိုဘာ ၃၀ ရက်နေ့မှ နောက်နှစ် ၂၀၂၃ ၊ ဇန်နဝါရီ ၁၂ ရက်နေ့အထိ အသွားမမှန်ဘဲ နောက်ပြန်လှည့်နေမည် ဖြစ်သည်။

အင်္ဂါဂြိုဟ် အသွားအလာ မမှန်သည့် ၂ လခွဲခန့်ကာလအတွင်း ၁၂ ရာသီဖွားများအပေါ် ရိုက်ခတ်လာနိုင်သည့် ကံဇာတာ အခြေအနေ တို့ကို ကြိုတင်သိရှိ သိပြုနိုင်ရန်အလို့ငှာ လိုတိုရှင်း ဖော်ပြလိုက်ပါသည်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)

နဂိုဗီဇအရ သွေးဆူပေါက်ကွဲလွယ်သူ ဖြစ်သောကြောင့် ဖော်ပြပါ ၂ လခွဲအတွင်း လက်လွန်ခြေလွန် မဖြစ်စေရန် သတိပြုရမည်။ ပတ်ဝန်းကျင်နှင့် မသင့်မမြတ် ဖြစ်တတ်သည်။ အပြောအဆို၊ အဆက်အသွယ်တိုင်း ဂရုစိုက်ပါ။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)

၂ လခွဲအတွင်း ဝင်သမျှ ငွေ အဖတ်မတင်အောင် အသုံးအစွဲ လက်ဖွာမိတတ်သည်။ စုမိဆောင်းမိထားသည်များ ပွန်းပဲ့ လျော့ပါးသွားနိုင်သည်။ ရှိတာလေးနှင့် ထိန်းသုံးနိုင်ဖို့သာ ကြိုးစားပါ။ အသစ်အဆန်းနောက် မလိုက်သင့်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)

ဆတ်ဆတ်ထိမခံနိုင်သူ ဖြစ်လာပြီး ထစ်ခနဲရှိတိုင်း ဒေါသရှေ့ထားမိသဖြင့် အမှားများတတ်သည်။ မိမိကိုယ်ကို ထိန်းချုပ်နိုင်ဖို့ လိုလာမည်။ ကောင်းသည့်အချက်မှာ လူမှုဆက်ဆံရေးအလွဲများကို ပြန်တည့်နိုင်ခြင်း ဖြစ်သည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)

အလုပ်အကိုင်၊ စီးပွားရေး ရှေ့တိုးရ နောက်ဆုတ်ရခက်သောအခြေအနေ ဖြစ်လာမည်။ လုပ်ငန်းလည်ပတ်မှုပါ ကမောက်ကမ ဖြစ်လာတတ်သည်။ ဘေးထွက်ကုန်ကျစရိတ်များ ပေါ်လာမည်။ အတွေးလွန်မိနေတတ်သည်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)

မိတ်ဆွေသင်္ဂဟ၊ အသိုင်းအဝိုင်းများကြားတွင် ဆက်ဆံရေးအဖုအထစ်များ ပေါ်ပေါက်လာတတ်ချိန် ဖြစ်သည်။ ဆက်ဆံနေကျ လူများနှင့် ကတောက်ကဆ ဖြစ်လွယ်နေမည်။ ငွေကြေးကိစ္စလည်း အလိုမကျ ဖြစ်ရလိမ့်မည်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)

ဖော်ပြပါ ၂ လခွဲအတွင်း လုပ်ငန်းစီးပွားပိုင်းတွင် အတိုက်အခိုက် ပေါများလာတတ်သည်။ လုပ်ငန်းအရှိန်အဟုန် ကျသွားသလို ဖြစ်လာမည်။ လုပ်နေကျအလုပ်များပင် လွဲချော်မှားယွင်းတတ်သည်။ ခေါင်းအေးအေးထားလုပ်ပါ။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)

စီစဉ်ထားသော ခရီးကိစ္စများ ဖင့်နှေးတတ်သည်။ (သို့မဟုတ်) အစီအစဉ် ပျက်တတ်သည်။ သွားရင်းလာရင်းနှင့် စိတ်ပျက်ဒေါသထွက်စရာများ ကြုံရတတ်သည်။ ပညာရေး၊ လေ့လာသင်ကြားရေးများ ကမောက်ကမ ဖြစ်မည်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)

ဖော်ပြပါနှစ်ကုန်ပိုင်းကာလများတွင် ဗြိစ္ဆာရာသီဖွားများသည် စိတ်ရောလူပါ ဖိအားမျိုးစုံအောက် ရောက်နေမည်။ သိသာထင်ရှားသော အဖြစ်အပျက်၊ အကောင်းအဆိုးများ ကြုံရတတ်သည်။ ကျန်းမာရေးပိုင်းကို ဂရုစိုက်ရမည်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)

ဓနုရာသီဖွားများသည် ဖော်ပြပါလပိုင်းများအတွင်း အချစ်ရေး၊ အိမ်ထောင်ရေးရာ ပဋိပက္ခတို့ ဖြစ်လာနိုင်သည်။ ပြဿနာအရင်းအမြစ်ကို မရှာဘဲ နှစ်ဦးသားနားလည်မှုကို ပြန်မရနိုင်ပါ။ စပ်တူရှယ်ယာများ ခဏ ဆိုင်းထားပါ။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)

နေ့စဉ် လုပ်နေကျအရာများ ဟန်ချက် ပျက်ပြီး ဖရိုဖရဲ ဖြစ်လာမည်။ လုပ်ရိုးလုပ်စဉ် တာဝန်ဝတ္တရားများကိုလည်း ပျက်ကွက်တတ်သည်။ ကိုယ့်ကိုကိုယ် စိတ်ပျက်မိသလို ခံစားရမည်။ ရောဂါဝေဒနာဟောင်းတို့ ပြန်ပေါ်နိုင်သည်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)

စိတ်အားထက်သန်မှုများ၊ တက်ကြွပျော်ရွှင်လိုမှုများ ပျောက်ဆုံးသွားတတ်သည်။ ဘာကိုမှ စိတ်မပါချင်တော့ဘဲ တစ်ကိုယ်တည်း နေလိုစိတ် များလာနိုင်သည်။ အပျော်အပါး၊ အသွားအလာများကို စိတ်ဝင်စားမှု နည်းလာမည်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)

အိုးအိမ်၊ ယာဉ်၊ကားကိစ္စများနှင့် မိသားစုရေးရာကိစ္စများတွင် စိတ်အလိုမကျမှုတို့ ခံစားလာရမည်။ အိမ်တွင်းရေး ပဋိပက္ခများ ရှိလာနိုင်သည်။ အိမ်အသစ် ဆောက်ခြင်း၊ မြေဝယ်ခြင်း၊ အိမ်ပြင်ခြင်းတို့ကို ခေတ္တ ဆိုင်းသင့်သည်။

အင်္ဂါဂြိုဟ် အသွားမမှန်ချိန်မှာ ဘေးဘယာတို့ ဝေးကွာနိုင်ကြပါစေ – ဧက (ဗေဒင်သုတ)

(ေဗဒင္သုတ၏ မူပိုင္ေဆာင္းပါး ျဖစ္သည္။ အျခားေသာ Social Media Platform မ်ား ႏွင့္ Website မ်ားတြင္ ျပန္လည္ကူးယူေဖာ္ျပျခင္းကုိ ခြင့္မျပဳပါ။ ဖတ္ရႈအားေပးမႈအတြက္ ေက်းဇူးတင္ပါသည္)