အပါဒါနကာရက အမည်ရှင်များအကြောင်း

အပါဒါနကာရကအမည် သည်လည်း ရှစ်မျိုးတိတိ ရှိပါတယ်။ အောက်ပါအမည်တွဲများသည် အပါဒါနအမည်တွဲများ ဖြစ်ကြပါတယ်။

(၁)  တနင်္ဂနွေနံအစ + ကြာသာပေတးနံအဆုံး

(၂)  တနင်္လာနံအစ + ရာဟုနံအဆုံး

(၃)  အင်္ဂါနံအစ + သောကြာနံအဆုံး

(၄)  ဗုဒ္ဓဟူးနံအစ + တနင်္ဂနွေနံအဆုံး

(၅)  ကြာသာပေတးနံအစ + အင်္ဂါနံအဆုံး

( ၆) သောကြာနံအစ + စေနနံအဆုံး

(၇)  စေနနံအစ + တနင်္လာနံအဆုံး

(၈)  ရာဟုနံ အစ + ဗုဒ္ဓဟူးနံအဆုံး

အစရှိသော အမည်တွဲများသည် အပါဒါနအမည်အမျိုးအစားများ ဖြစ်ကြတယ်။

ဥပမာအားဖြင့် အောင်မင်း ၊ ခင်ခင်ရွှေ ၊ စိန်သောင်း ၊ လင်းဝေအောင် ၊ မျိုးမင်းဆက် ၊ သူရထွန်း ၊ ထွန်းလင်းကိုကို ၊ ရွှေဝါလွင် စသည်ဖြင့် အမည်အမျိုးအစားတွေပါပဲ။

ဒီအမည်အမျိုးအစားတွေရဲ့ ထူးခြားချက်ကတော့ …ကုန်အရောင်းလုပ်ငန်းများမှာ အစွံထုတ်နိုင်သော စွမ်းရည်ပြည့်ဝတတ်ကြခြင်းပဲ ဖြစ်ပါတယ်။

ထို့အတူ ကုန်ထုတ်လုပ်ငန်းများ နဲ့ အိတ်စပို့လုပ်ငန်းနယ်ပယ်တွေမှာ ပိုမိုအောင်မြင်လွယ်တတ်ကြပါတယ်။ အခြားသော သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာထူးခြားချက်တွေလည်း ရှိပါတယ်။

အခြေအနေတစ်ခုခုကို သူတို့ မနှစ်လို မနှစ်သက်တော့ဘဲ စိတ်ဖိစီးမှု ရှိလာမယ်ဆိုရင် ထိုနေရာ ထိုရပ်ဝန်းကို အချိန်မရွေး စွန့်ခွာချန်ထားခဲ့မယ့် စိတ်အားသတ္တိ ရှိနေတတ်ကြခြင်းပဲ ဖြစ်တယ်။ ဒါကြောင့်လည်း မိသားစုပေါင်းများစွာမှာ ပါဝင်နေသော ထိုကဲ့သို့သော အမည်ရှင်တွေသည် …..

ကောင်းသောသဘောအားဖြင့် နိုင်ငံရပ်ခြားကို အလုပ်ထွက်လုပ်ခြင်း ၊ ခရီးသွားလာမှုများခြင်း မကောင်းသော သဘောအားဖြင့် အိမ်မှ ထွက်သွားတတ်ခြင်း ၊ မိသားစုကို စွန့်ခွာသွားတတ်ခြင်း ၊ အလုပ်မှ ထွက်လွယ်ခြင်း နေအိမ်မှ ထွက်ခွာ စွန့်ခွာရန် လွယ်ကူခြင်း  စသော သဘာဝရှိသူတွေ ဖြစ်လာကြပါတယ်။

သူတို့ကို မေးလိုက်ရင် ငါဘယ်သွားမယ်ဆိုတာချည်းပဲ ကြားရတတ်ပါတယ်။ သူတို့ရဲ့ စိတ်သဘာဝကကို တစ်နေရာတည်း အထိုင်လုပ်ရမယ့် အလုပ်တွေမှာ ရေရှည်စိတ်တည်ငြိမ်ဖို့ ခက်ခဲလို့ပါပဲ။

ဒီအမည်ရှင်တွေ အောင်မြင်လာပြီဆိုရင် လည်း အခြားအမည်ရှင်တွေထက် ပိုမိုအောင်မြင်မှု အင်အား မြင့်မားတတ်ကြပါတယ်။

အများအားဖြင့် ..သည်အပါဒါန ကာရက အမည် ရှစ်မျိုးထဲမှာ ….

တနင်္ဂနွေအစ + ကြာသာပတေးအဆုံး အမည်ရှင်တွေဟာ အောင်မြင်မှုပမာဏ ကျယ်ပြန့်တတ်ကြပါတယ်။ အဲ ..ဒုက္ခရောက်ပြီ ပြဿနာတက်ပြီဟေ့ ဆိုရင်လည်း အတိုင်းအဆ ကျယ်ပြန့်တတ်ကြပြန်ပါတယ်။

ဗုဒ္ဓဟူးအစ + တနင်္ဂနွေအဆုံး အမည်ရှင် အမျိုးအစားတွေကတော့ အောင်မြင်ချိန်မှာ အမြင့်ဆုံး အထွဋ်အထိပ် အဆင့် အထိရောက်ရှိတတ်သော အမည်အမျိုးအစားတွေပဲဖြစ်တယ်။

စနေအစ + တနင်္လာအဆုံး အမည်ရှင်အမျိုးအစားတွေကတော့ စိတ်ခံစားမှုကို ဦးစားပေးတတ်ပြီး ….စိတ်ချမ်းသာမယ့်နေရာကိုချည်း ခရီးထွက်သွားလာနေတတ်ပါတယ်။

ဒီအမည်ရှင်အမျိုးအစား အပါဒါနအမည်ရှင်တွေနဲ့ ပတ်သက်ပြီး ဘဝမှာ လုပ်သင့်သော သဘာဝယတြာလေးတွေကိုလည်း ဆက်လက်တင်ပြပေးပါဦးမယ်။

အားလုံးပဲ ဖတ်မှတ်သုတ ရရှိကြပါစေ။

လေးစားစွာဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)