one feature

အကြွင်း (၁) ရသော အသက်ပိုင်းများ ကံဇာတာ

ဘယ်နေ့သားသမီးမဆို မိမိရဲ့ အသက်ကို တည်ပါ။ ၇ ဖြင့် စားပါ။ အကြွင်း (၁) ရခဲ့မယ်ဆိုရင် ထိုအသက်ပိုင်းမျိုးမှာ…

(၁) စပ်တူ အစုစပ် ရှယ်ယာ ဘာဆိုဘာမှ မလုပ်သင့်ပါ။ (၂) အလှုအတန်း လုပ်ဖို့ စိတ်ကူးရှိခဲ့ရင် ဖြစ်မြောက်လွယ်ပါတယ် (၃) အကူအညီကောင်းတွေ ကယ်တင်မယ့်သူတွေ တွေ့ရတတ်ပါတယ်။ ဒါကြောင့် အခက်အခဲ ကြုံနေရင် ရိုးသားစွာ ဝန်ခံပြီး အကူညီတောင်းပါ။

(၄) စာရင်းဇယားတွေ ၊ အတွက်အချက်တွေ ကိုယ်ထင်ထားတာတွေ လွဲချော်မှားယွင်းလွယ်သော အသက်ပိုင်းမျိုး ဖြစ်ပါတယ်။ ဘယ်လောက်ပဲ တော်သည့် သင်္ချာသမားမျိုးပဲ ဖြစ်စေ ဒီအသက်ပိုင်းမျိုးတွေ ရောက်လာရင် သတိချွတ်ချော် လွဲမှားမှုများ ရှိလာတတ်ပါတယ်။ ဒါကြောင့် အထူး သတိထားပြီး စာရင်းဇယားများကို ကိုင်တွယ်သင့်သည့် အသက်ပိုင်းမျိုးပါ။ (၅) ဘာတစ်ခုမှ စွန့်စား မလုပ်သင့်ပါ။ စွန့်စားမိခြင်းနဲ့အတူ ကံဆိုးမိုးမှောင် ကျခြင်းမျိုးပါ တွဲပါလာတတ်ပါတယ်။ (၆) ဝတ်ကောင်းစားလှတွေ ၊ အစားအသောက်ကောင်းတွေ လက်ဆောင်ရလွယ်တတ်သော အသက်ပိုင်းလည်း ဖြစ်ပါတယ်။

ဒီအသက်ပိုင်းမျိုးတွေ ရောက်လာတိုင်းမှာ….နေ့သားအားလုံးဟာ အောက်ပါအတိုင်း ကောင်းအား၊ ဆိုးအားတွေ ရရှိလာပါတယ်။

အမည်မှည့်ခေါ်ထားပုံအရ..အကောင်းအဆိုး အင်အားပမာဏ လုံးဝ ကွာခြားသွားနိုင်သလို….၊ မူလမွေးဇာတာအပေါ် မူတည်ပြီးလည်း အကျိုးအပြစ်များ ပြောင်းလဲသွားမယ် ဆိုတာကိုတော့ မမေ့အပ်ပါ။ ဥပမာအားဖြင့် ဒီအသက်ပိုင်းမျိုးတွေ ရောက်ချိန်တိုင်းမှာ … တနင်္လာ အစ + စနေ အဆုံး အမည်ရှင်တွေ (ကျော်ထွန်း၊ ငြိမ်းနိုင်၊ ခန့်ထက်) အားလုံးအဖို့ အထူးဂရုစိုက် ဖြတ်သန်းကြသင့်ပါတယ်။

ဖတ်မှတ်သုတ ရရှိကြပါစေ – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း 09 789333791

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)