နေ့နံ (၄) ခုအတွက် ကံဇာတာအကျဉ်း

ဒီနှစ် မြန်မာခုနှစ် ၁၃၈၃ ခုနှစ်အတွက် ဟောစာတမ်းရေးပေးဖို့ ကျန်နေသေးတဲ့ ဗုဒ္ဓဟူး ၊ ရာဟု ၊ ကြာသပတေး၊ သောကြာ လေးခု အတွက် တစ်ခုချင်းဆီ မရေးပေးရသေးမီ အကြမ်းဖျဉ်းနည်းနည်း စရေးပေးလိုက်ပါတယ်။

ဗုဒ္ဓဟူး/ရာဟု နေ့ဖွားများအတွက် သည်တစ်နှစ်သည် အပြောင်းအလဲများကို လက်ခံကြိုဆိုပြီး မဖြစ်မနေ ပြောင်းလဲသင့်တာတွေ ပြောင်းလဲပေးရမယ့်နှစ်ပါပဲ။ အပြောင်းအလဲများကို ကြောက်တတ်သူ သို့မဟုတ် အပြောင်းအလဲ လုပ်ရန် မနှစ်သက်သူတွေ အတွက်ကတော့ သည်တစ်နှစ်ဟာ ခက်ခဲမယ့်ကာလ ဖြစ်ပါလိမ့်မယ်။

အပြောင်းအလဲ လုပ်ရန်ခက်ခဲလာပြီဆိုရင် လူဆိုတာ ကိုယ့်ကိုယ်တောင် စိတ်တိုင်းမကျ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ဒီတစ်နှစ်သည် ဗုဒ္ဓဟူး/ရာဟုများ စိတ်တိုင်းမကျ အလိုမကျမှု များရတတ်သည့် နှစ်လို့ ဆိုနိုင်ပါတယ်။

အကြံပေးရရင်တော့ အပြောင်းအလဲများကို လက်ခံနိုင်အောင် ကြိုးစားပါ။

ကြာသာပတေးတွေ အတွက်ကတော့ ယခုမြန်မာနှစ်ကာလသည် လူချစ်လူခင်များတတ်သော အချိန်ကာလ ဖြစ်ပါတယ်။ အနည်းဆုံး ကိုယ့်ကို တစ်လျှောက်လုံး  အပြစ်တင်လာတဲ့သူကတောင် ..မမ လှလာတယ်နော် ဆိုတာမျိုး ….ဖြစ်လာတတ်ပါတယ်။

ပြောရရင်တော့ စန်းအားလေးကောင်းတဲ့ ကာလပေါ့။  ယာဉ်ကားနဲ့ပတ်သက်ပြီး ဖြစ်စေ၊ ကျောင်း ၊ သင်တန်းကိစ္စနဲ့ ပတ်သက်ပြီး ဖြစ်စေ ကြိုးစားနေတဲ့ ကြာသပတေးလေးတွေ ဒီတစ်နှစ် ကံကောင်းမှု ကြုံလွယ်စေတတ်ပါတယ်။

သောကြာတွေကတော့ ဒီတစ်နှစ်မှာ အကျိုးစီးပွားအရတတ်ဆုံး နေ့နံအမျိုးအစားတွေပါ။ ဘယ်လောက်ပဲ ဘယ်လိုပဲ ခေတ်ဆိုးကို ကြုံကြုံ အများစုသော သောကြာတွေအဖို့ အခက်အခဲကြားကကို အကျိုးစီးပွား ရလွယ်လာကြပါလိမ့်မယ်။

အသေးစိတ်ကတော့ အမည်အဆုံးသတ်မှည့်ထားပုံတွေ ၊ အသက်ပိုင်းခြားတွေနဲ့မှ ….အသေးစိတ် ပိုပြည့်စုံမှာပါ။ လောလောဆယ်တော့ စတိလေးပေါ့။ ခဏခဏ မေးလွန်းလို့ တင်ကြိုရေးပေးလိုက်ရပါတယ်။ အားလုံးသော စာဖတ်သူများ ကျန်းမာချမ်းသာခြင်း ရှိကြပါစေခင်ဗျား။

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း – 09 789 333 791

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)