၁၂ ရာသီခွင် တစ်လစာဗေဒင်ဟောစာတမ်း (နိုဝင်ဘာ ၊ ၂၀၂၂)
Unicode Font
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ဒီလထဲမှာ ဘာပဲလုပ်လုပ် အလိုမကျတာ၊ တခါတည်း အဆင်မပြေတာ ဖြစ်မယ်။ လုပ်ရဲကိုင်ရဲစိတ်တွေကနေ ချီတုံချတုံတွေ ဖြစ်လာမယ်။ ဘာကိုမှ မပြတ်သားရဲဘဲ စိတ်ရှုပ်နေရမယ်။ အလုပ်တွေ ပိုရှုပ်လာမယ်။ အပိုတွေ လုပ်လာရမယ်။ ငွေလက်လွန်တာ၊ နားလည်မှု လွဲချော်တာတွေ ဖြစ်မယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ဆုတောင်းတွေ ပြည့်တတ်တဲ့လ ဖြစ်တယ်။ မမျှော်လင့်တဲ့ ကံကောင်းမှု ကြုံရတတ်တယ်။ ဘုရားဖူး (သို့) အပျော်ခရီး ထွက်ရကိန်း ရှိတယ်။ အလုပ်တွေ အောင်မြင်မှု ရမယ်။ လုပ်ငန်း ချဲ့လို့ သင့်လျော်တယ်။ မိသားစု၊ ပတ်ဝန်းကျင်က ကူညီပံ့ပိုးမယ်။ အသုံးအစွဲ လက်ဖွာတာတွေ များလာမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – အလုပ်တာဝန်တွေ အရမ်း များလာမယ်။ တစ်လလုံး လုပ်စရာတွေပဲ ပြည့်နှက်နေမယ်။ အလုပ်များသလောက် နိုင်အောင်လည်း လုပ်နိုင်မယ်။ စိတ်တိုဒေါသထွက်စရာ များမယ်။ ဆတ်ဆတ်ကြဲလို ဖြစ်နေမယ်။ အလုပ်တွေ ကောင်းပေမယ့် ဝင်ငွေအတက်အကျ မတည်ငြိမ်ဘဲ ဖြစ်နေမယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – အလုပ်စီးပွားနဲ့ ငွေကြေးကံဇာတာက အကောင်းရော အညံ့တွေပါ ရောထွေးနေမယ်။ အလုပ်က ခုနေ ကောင်းလိုက်၊ တော်ကြာ ညံ့လိုက် ဖြစ်မယ်။ ငွေကလည်း အဝင်နဲ့အထွက် မြန်ဆန်နေလိမ့်မယ်။ ဒါပေမဲ့ ဒီလထဲမှာ မထင်မှတ်တဲ့ ပျော်ရွှင်ဝမ်းမြောက်စရာကိစ္စတွေ ကြုံတွေ့ရတတ်တယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – စိတ်သစ်လူသစ်လို ဖြစ်လာပြီး အတွေ့အကြုံသစ်တွေ ရလာမယ်။ အသားကျနေတဲ့ဘဝကနေ အချိုးအကွေ့ ဖြစ်လာနိုင်တယ်။ အလုပ်မှာ အခက်အခဲတွေ ပေါ်လာပေမဲ့ ကိုယ့်ရဲ့ အစွမ်းအစနဲ့ ကိုင်တွယ်နိုင်မယ်။ လူယုံ မထားတာ ကောင်းမယ်။ ငွေကြေး ဆုံးရှုံးမှုတချို့ ဖြစ်ပေါ်လာနိုင်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – လုပ်ငန်းအခွင့်အလမ်းသစ်တွေ ပေါ်လာမယ်။ လိုချင်နေတဲ့ အလုပ် (သို့) အခွင့်အရေးကို ရတတ်တယ်။ အလုပ်သစ် စတင်လို့ ကောင်းတယ်။ ငွေကြေးအကျိုးအမြတ်တွေ ပိုရလာမယ်။ အကူအညီလည်း ရရှိမယ်။ ဘယ်အရာမှ တဖြောင့်တည်းမသွားဘဲ အလှည့်အပြောင်း ရှိနေမယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – ကိုယ့်ဂုဏ်သိက္ခာကိုယ့်နာမည်ကို ထိခိုက်စေမယ့်အရာ ရှောင်ပါ။ အပျော်ကနေ အပျက် ဖြစ်တတ်လို့ ဘယ်သူ့ကိုမဆို အလေးထား ဆက်ဆံရမယ်။ လုပ်ငန်းစီးပွားရော ငွေကြေးကံပါ အတော်လေး ကောင်းမွန်နိုင်တယ်။ မိသားစုထဲတော့ စိတ်ညစ်ရမယ်။ ခရီးကိစ္စတွေ ပေါ်လာမယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – လဆန်းပိုင်းမှာ စိတ်ညစ်စရာတွေ၊ ဝမ်းနည်းစရာကိစ္စတွေ ပေါ်လာတတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ပြေလည်သွားမယ်။ ငွေကြေးပိုင်းမှာ အလျင်စလို မလုပ်ဘဲ သတိပြု ဆောင်ရွက်ရမယ်။ အလုပ်ကံဇာတာ ကောင်းဆိုး ဒွန်တွဲနေမယ်။ မေတ္တာရေးမှာ ကံကောင်းမယ့်လ ဖြစ်တယ်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အရင်လတွေထက် ငွေကြေးစီးပွားကံဇာတာ တိုးတက်မှု ရှိမယ်။ လုပ်ငန်းတွေ ပိုသွက်လာပြီး အခွင့်ကောင်းတွေလည်း ကြုံရတတ်တယ်။ ကြိုးစားသမျှတွေ ရလဒ်ပေါ်လာမယ်။ ချစ်သူ (သို့) အိမ်ထောင်ဖက်ကြောင့် စိတ်ချမ်းသာရမယ်။ ငွေအပေးအယူအချေးအငှားတွေတော့ ရှောင်ရမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – ဟိုးအရင်လတွေက ခက်ခဲကြမ်းတမ်းခဲ့သမျှ အသက်ရှူပေါက် ပြန်ချောင်လာမယ်။ ရပ်နားထားတဲ့အလုပ်တွေ ပြန်လည်ပတ်နိုင်မယ်။ အဆက်အသွယ်တွေနဲ့ ပြန်ချိတ်နိုင်မယ်။ ကြိုးစားမှုတွေ အရာထင်လာမယ်။ အခက်အခဲ ရှိလည်း ဖြေရှင်းနိုင်မယ်။ မေတ္တာရေး တည်ငြိမ်တဲ့လ ဖြစ်မယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အိုးအိမ်နေရာ ပြင်ရ ၊ ပြောင်းရတာမျိုး ရှိလာနိုင်တယ်။ ဒီလမှာ နေ့စဉ်လုပ်ငန်းဆောင်တာတွေ အနှောင့်အယှက် များမယ်။ ငယ်သူတွေကြောင့် စိတ်ညစ်ရမယ်။ အလုပ်စီးပွား ကံအားနည်းမယ်။ ဘာလုပ်လုပ် သတိထား ထိန်းလုပ်ရမယ်။ ဟိုဟာမပြီး၊ ဒီဟာမပြီးနဲ့ လက်စမသတ် ဖြစ်မယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – အရင်လတွေက အဆင်မပြေခဲ့သမျှတွေ ဒီက စပြီး တဖြည်းဖြည်းနဲ့ တည်ငြိမ်ကောင်းမွန်စ ပြုလာမယ်။ အတွေးလွန်တာ၊ ခံစားလွယ်တာကို သတိနဲ့ ထိန်းပါ။ စကားမှားတာ၊ စာတွေ မှားပို့တာ ဖြစ်တတ်တယ်။ အလုပ်တွေ ပြေလည်ပြီး ငွေကြေးကံပါ ပွင့်လာမယ်။ ပျော်ရွှင်စရာတွေ ခံစားရမယ်။ ဧက (ဗေဒင်သုတ) ရေးသားသည်။ ပြန်ကူးဖော်ပြခွင့် မပြုပါ။