၁၂ ရာသီခွင် တစ်လစာဗေဒင်ဟောစာတမ်း (ဒီဇင်ဘာ ၊ ၂၀၂၂)
Unicode Font
မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – ကံကောင်းမယ့်လ ဖြစ်တယ်။ အလုပ်ရှာနေရင် ရမယ်။ နိုင်ငံခြားခရီးတွေ အောင်မြင်မယ်။ ကြိုးစားခဲ့သမျှ အဆင်ပြေလာမယ်။ အပျော်ခရီးတွေလည်း သွားရတတ်တယ်။ မေတ္တာရေးမှာ ကံတွေ ပွင့်လာမယ်။ ငွေကြေးကိစ္စမှာ လိုအင်ဆန္ဒ ပြည့်မယ်။ ဒါပေမဲ့ ဒီလမှာ ကျန်းမာရေးတော့ ညံ့တတ်တယ်။
ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – အလုပ်အကိုင်ကံဇာတာ ညံ့နိုင်တယ်။ လုပ်ငန်းခွင်မှာ ပြဿနာ ဖြစ်မယ်။ စိတ်နောက်ကိုယ်ပါ လုပ်လို့ အမှား များတတ်တယ်။ အကြီးအကဲတွေဆီက အကူအညီ၊ အကြံဉာဏ် ယူရမယ်။ အလုပ်ကံ အားနည်းပေမဲ့ ငွေတော့ ဝင်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ညံ့မယ်။ စိတ်ဖိစီးမှုတွေ များလိမ့်မယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – လုပ်ငန်းခွင်မှာ ကျေနပ်အားရစရာ ဖြစ်လာမယ်။ ဒါပေမဲ့ စွန့်စားမှုများတဲ့ အလုပ်တွေ ရှောင်သင့်တယ်။ မိသားစုထဲမှာ ပဋိပက္ခ ဖြစ်တတ်တယ်။ ငွေကြေးကံကောင်းပေမဲ့ အသုံးအစွဲတွေ ဆင်ခြင်ရလိမ့်မယ်။ ပြောမှားဆိုမှား မဖြစ်ဖို့ သတိထားရမယ်။ ကျန်းမာရေး အလေးထားရမယ့်ကာလ ဖြစ်တယ်။
ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – လုပ်ငန်းအခြေအနေ တိုးတက်မယ်။ ငွေရလမ်း ပေါ်မယ်။ ကြွေးတွေ ပြန်ရမယ်။ စောင့်နေတဲ့ငွေတွေ ဝင်လာမယ်။ အလုပ်ကံကောင်းပေမဲ့ ကြိုးစားရတာတွေတော့ များမယ်။ ပေါ့ပေါ့ နေလို့ မရဘူး။ အလုပ်ဒဏ် ပိတတ်တယ်။ မိသားစုအရေး အေးချမ်းမယ်။ မေတ္တာရေးမှာ စိတ်ချမ်းသာလိမ့်မယ်။
သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – အလုပ်နဲ့ပတ်သက်လို့ အစစအရာရာ သတိပြုပါ။ လုပ်မှားကိုင်မှား ဖြစ်တတ်တယ်။ မလိုအပ်ဘဲ ငွေထည့်ရင်းနှီးတာ ရှောင်ပါ။ လက်လွတ်စပယ် သုံးစွဲတာတွေ ထိန်းချုပ်ပေးရမယ်။ အလုပ်ရှာနေသူတွေတော့ ရမယ်။ အလုပ်လည်း များမယ်။ နှလုံးသားရေးမှာ ပျော်ရွှင်စရာတွေ ကြုံတတ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – ရပ်ထားတဲ့အလုပ်တွေ ပြန်စခွင့်ရမယ်။ ကြိုးစားထားတာတွေ ဖြစ်မြောက်လာမယ်။ ရာထူးတိုး၊ မျက်နှာကောင်းရတာတွေ ဖြစ်မယ်။ ငွေကြေးကံလည်း အားကောင်းလာမယ်။ ပြဿနာတွေ ဖြေရှင်းနိုင်မယ်။ မေတ္တာရေးမှာပါ ပျော်ရွှင်ရမယ်။ ကျန်းမာရေး ညံ့နေရင် ပြန်သက်သာသွားမယ်။
တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – အလုပ်အကိုင်အခြေအနေ တိုးတက်ဖြစ်ထွန်းမှု ရှိမယ်။ အကျိုးတူအလုပ်တွေ ကောင်းမယ်။ နှေးနေတဲ့အလုပ်တွေ အရှိန်ရလာမယ်။ ဒါပေမဲ့ ငွေကြေးပိုင်းမှာ ဂရုစိုက်ပါ။ ဒီလမှာ ခရီးတွေ ပိုများမယ်။ မေတ္တာရေးမှာ မပွင့်မလင်းတွေ ဖြစ်မယ်။ ကျန်းမာရေးအရ အစား ဆင်ခြင်ရမယ်။
ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – လုပ်ငန်းမှာ အပြိုင်အဆိုင် များမယ်။ လုပ်ငန်းခွင်အတွင်း အငြင်းပွားရန်များရတတ်တယ်။ စပ်တူကိစ္စတွေ ပျက်မယ်။ ငွေလက်လွန်မိလို့ အသုံးကျပ်မယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြင်းထန်နေမယ်။ စိတ်မြန်နေမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ပြဿနာ ကြီးငယ် ပေါ်လိမ့်မယ်။
ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – အလုပ်နဲ့ပတ်သက်လို့ စိုးရိမ်သောကတွေ များမယ်။ စိန်ခေါ်မှုတွေ ပြင်းထန်လာမယ်။ အလုပ်ဒဏ်ပိသလို ခံစားရမယ်။ ကြီးကဲသူတွေကြောင့် စိတ်ညစ်ရမယ်။ အငြင်းပွားရတာတွေ ရှိမယ်။ ငွေကြေး ဆုံးရှုံးတတ်လို့လည်း ဂရုစိုက်သင့်တယ်။ မေတ္တာရေးမှာ နားလည်မှုတွေ ပိုပေးရမယ့်အချိန်ပါပဲ။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – စီးပွားရေးကံဇာတာ မြင့်မားလာမယ်။ ကူဖော်လောင်ဖက်တွေ ရမယ်။ အကြီးအကဲတွေက ကူညီပံ့ပိုးလာမယ်။ အခွင့်အရေးကောင်းတွေ ရမယ်။ အဆက်အသွယ်တွေ ရလာပြီး အကျိုးစီးပွား ဖြစ်မယ်။ မေတ္တာရေးပြဿနာတွေ ဖြေရှင်းနိုင်ပြီး အေးချမ်းမှု ရမယ်။ ကျန်းမာရေး တိုးတက်မယ်။
ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – အလုပ်မှာ အတိုက်အခိုက် များပြီး အနှောင့်အယှက် ပေါ်မယ်။ အလုပ်တွေ ပုံလာလို့လည်း အသည်းအသန် လုပ်ရတတ်တယ်။ ငွေကြေးကံအကောင်းအဆိုး ရောနှောနေမယ်။ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုဘဝမှာတော့ သာယာမယ်။ ကျန်းမာရေးမှာ သွားနဲ့ပတ်သက်လို့ ဝေဒနာ ဖြစ်မယ်။
မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – ဒီလမှာ အလုပ်နဲ့ ပတ်သက်လို့ အဆိုးအကောင်းအခြေအနေမျိုးစုံ ပေါ်လာမယ်။ မရိုးမသားတွေနဲ့ ခပ်ဝေးဝေး ရှောင်ပါ။ ဘယ်အလုပ်မှ အလောတကြီး မလုပ်ပါနဲ့။ မှားတတ်တယ်။ မေတ္တာရေး ကံကောင်းချိန် ဖြစ်ပြီး ပြဿနာတွေ ရှိရင် ပြေလည်သွားမယ်။ ငွေအချေးအငှားတွေ ရှောင်ရမယ်။ ဧက (ဗေဒင်သုတ) ရေးသားသည်။ ပြန်ကူးဖော်ပြခွင့် မပြုပါ။