တနင်္လာနေ့ဖွားများအတွက် ၁၃၈၂ ခုနှစ်ဟောစာတမ်း

ကောဇာမြန်မာခုနှစ် ၁၃၈၂ ဟာ တနင်္လာနေ့ဖွားတွေအဖို့ …ပညာစရိုက်လွှမ်းမိုးလာခြင်း ခံရသည့် နှစ်တစ်နှစ် ဖြစ်လာစေပါတယ်။ ဒီတစ်နှစ်မှာ ပျိုရွယ်သူ တနင်္လာနေ့ဖွားအပေါင်းကို မေတ္တာရေးကိစ္စမှာ အများစုအဖို့ ကံကောင်းမှု ကြုံရတတ်ပါတယ်။

ကောင်းသော ခရီးသွားလာရခြင်း ၊ ကောင်းသောမင်္ဂလာအခမ်းအနားများမှ ဖိတ်ကြားခံရခြင်း၊ ကောင်းသော လက်ဆောင်များ ရရှိစေတတ်ခြင်းကံလေးတွေလည်း …တနင်္လာနေ့ဖွားများအဖို့ ခံစားရတတ်ချိန်ပါပဲ။

အထူးသဖြင့် ၅နှစ်၊ ၁၂နှစ်၊ ၁၉နှစ်၊ ၂၆နှစ်၊ ၃၃နှစ်၊ ၄၀နှစ်၊ ၄၇နှစ်၊ ၅၄နှစ်၊ ၆၁နှစ်၊ ၆၈နှစ်၊ ၇၅နှစ်၊ ၈၂နှစ်၊ ၈၉နှစ် စတဲ့ အသက်ပိုင်းခြားများအတွင်း ဖြတ်သန်းနေဆဲ တနင်္လာနေ့ဖွားများ အဖို့ ဒီတစ်နှစ် မုချ ပိုကံကောင်းပါမယ်။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

သိပ်ခက်နေပြီး ဝင်ခွင့်မရသည့် သင်တန်းတွေ၊ ကျောင်းတွေ တက်ခွင့်ရတတ်ခြင်းမျိုး၊ သွားဖို့ခက်ခဲနေပြီး သွားခွင့် မရဖြစ်နေသည့် ခရီးမျိုးတွေ သွားခွင့်ရလာတာမျိုး ၊ ထူးထူးခြားခြား လက်ဆောင်ကောင်းတွေ ရရှိတာမျိုးကို …အသက်ပိုင်းတွေမှာပါ တိုက်ဆိုင်နေခဲ့ရင် ပိုမိုခံစားရတတ်ပါတယ်။

မေတ္တာရေးမှာ ကံကောင်းစေတတ်တဲ့နှစ် ဖြစ်ပေမယ့် အပြိုင်အဆိုင် ရည်းစားလုဘက် ပေါ်တတ်ပါသေးတယ်။ အိမ်ထောင်ရှင်များအဖို့ မိမိတို့ အိမ်ထောင်ဖက်ကို ဒီတစ်နှစ်တော့ မျက်စိအောက်မှာ ပို ထားရမယ့် ကိန်းပါပဲ။ ( အမျိုးသားဇာတာမှာကလည်း အချိန်ကိုက်ဆိုသလို…ကိန်းပေါ်နေမှသာ စိုးရိမ်ရမှာပါ။ သာမန်အားဖြင့်ကတော့ စိုးရိမ်စရာမရှိပါခင်ဗျာ။) (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ကောင်းတာတွေ ရှိသလို ဒီတစ်နှစ် ညံ့တာတွေ ပြောရမယ်ဆိုရင်တော့…တနင်္လာနေ့ဖွားများ ဒီတစ်နှစ်မှာ နေရာထိုင်ခင်းကဏ္ဍ၊ နေရေးထိုင်ရေး၊ ရာထူးနေရာ..တာဝန်ကျရာနေရာ စသည်ဖြင့် နေရာတည်းဟူသော ကဏ္ဍအပိုင်းတွေမှာ ကံအင်အား အလွန် နည်းတတ်ပါတယ်။

မနေချင်တဲ့နေရာမှာ နေရတာ၊ တာဝန်ကျတာ၊ နေရေးထိုင်ရေး အဆင်မပြေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အကယ်၍ အသက်ပိုင်းအားဖြင့်လည်း …၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် စသော အသက်ပိုင်းမျိုး ဖြတ်သန်းနေမယ်ဆိုရင်

နေရာထိုင်ခင်း ဆောက်လုပ်ခြင်း ၊ ဝယ်ယူခြင်း၊ ဒီတစ်နှစ်မှာ လုံးဝ မပြုသင့်ပါ။ ပြုလိုက်တာနဲ့ ကံဆိုးမှုပါ တွဲပါလာတတ်ပါတယ်။ ဈေးချိုတယ်..တန်တယ်…စိတ်ကြိုက်နေရာလေးလည်း ဖြစ်တယ် ဆိုပြီးတော့ မ၀ယ်လိုက်ပါလေနဲ့။ မိသားစုကို ခိုက်တဲ့ နေရာဌာနမျိုး ဖြစ်လာတတ်ပါတယ်။ ဆိုတော့ သည်တစ်နှစ်တော့ ဖြစ်နိုင်သမျှ နေရာထိုင်ခင်းကဏ္ဍကို အောင့်သာထားပါခင်ဗျား။(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)

ဘယ်လိုမှကို မအောင့်နိုင်ဘူးဆိုရင်တောင် စနေနေ့မှာ အဆောက်အဦး စတင်ဆောက်လုပ်ခြင်း၊ စနေနေ့မှာ စတင်ငွေခြေပြီး အိမ်ယာသစ် ဝယ်ယူခြင်းမျိုးကို တော့ ဖြစ်နိုင်သမျှ ရှောင်ပါလေတော့။ ဒါသည် လက်ကုန်ကို အကြံပြုပေးခဲ့တာပါ။ ဖြစ်နိုင်ရင်တော့ မလုပ်တာအကောင်းဆုံးအချိန်ပါ။

တနင်္လာနေ့ဖွားများ ယခုနှစ်အတွင်း …ရှေးယခင်က အဆင်မပြေ ကျရှုံးခဲ့သော ကဏ္ဍအချို့ကို တစ်ဖန်ပြန်လည် ကြိုးစားလုပ်ကိုင်ကြည့်ရာကနေ ထူးထူးခြားခြား အောင်မြင်လာတတ်ပါတယ်။ အထူးသဖြင့် ဒီကံကို အသက် ၄နှစ်၊ ၁၁နှစ်၊ ၁၈နှစ်၊ ၂၅နှစ်၊ ၃၂နှစ်၊ ၃၉နှစ်၊ ၄၆နှစ်၊ ၅၃နှစ်၊ ၆၀နှစ်၊ ၆၇နှစ်၊ ၇၄နှစ်၊ ၈၁နှစ်၊ ၈၈နှစ်၊ ၉၅နှစ် အတွင်း ဖြတ်သန်းနေသူတွေ ပိုမို ကြုံကြိုက်ရပါလိမ့်မယ်။

တနင်္လာနေ့ဖွားများ သည်တစ်နှစ်မှာ ကံဆိုးကံညံ့များ ဖြေလျော့သက်သာဖို့အတွက် နေရာထိုင်ခင်းအလှူကိုသာ အဓိက လုပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ တစ်ယောက်တည်းနဲ့ ကျောင်းကြီးဆောက် မလှူနိုင်သေးတောင် သိမ်ကျောင်းဇရပ် ဆောက်လုပ်ခြင်း၊ တံတားခင်း ၊လမ်းပြင်ခြင်းမျိုးတွေမှာ ကိုယ်တတ်နိုင်သလောက် မကြာခဏ ကုသိုလ်ပါဝင်ပြီး ယင်းကုသိုလ်ကံသည် မျက်မှောက်ဘ၀မှာတင်..ပြန်လည်အကျိုးပြုပြီး ယခုမျက်မှောက်တွင် ကျရောက်တတ်သည်ဖြစ်သော မကောင်းသော ကံအကျိုးတို့ကို ဖြေပြေသက်သာပါစေသတည်း လို့ ဆုတောင်းကြည့်ပါခင်ဗျား။

အားလုံးသော တနင်္လာနေ့ဖွားအပေါင်း သူတော်ကောင်းတို့သည် ကျန်းမာချမ်းသာခြင်း ရှိကြပါစေသတည်း။ လေးစားလျက်  – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)