တနင်္ဂနွေနေ့ဖွားများအတွက် မြန်မာနှစ် ၁၃၈၆ ခုနှစ် ကံဇာတာ

မြန်မာနှစ် ၁၃၈၆ ခုနှစ်အတွင်း တနင်္ဂနွေသားသမီးများ ကြုံတွေ့ရမယ့် ကံဇာတာအခြေအနေအရပ်ရပ်ကို ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်းက တွက်ချက်ဟောဆိုပေးထားပါတယ်။ ဆရာ့ဆီက ခွင့်ပြုချက် ယူပြီး ဗေဒင်သုတက ပြန်လည်တင်ပြပေးတာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ဖွားတွေ အားလုံးနီးနီးအတွက် ဒီနှစ်သစ်ကတော့ လူချစ်လူခင်များမယ့် နှစ်တစ်နှစ်ပါပဲ။ တနည်းအားဖြင့် စန်းပွင့်မယ့် နှစ်တစ်နှစ်လို့ ဆိုကြပါစို့။ ဟိုလူက ခေါ်ချင် သည်လူကပြောချင် နဲ့ မျက်နှာပွင့်လန်းမယ့် နှစ်တစ်နှစ်ပါပဲ။

အလုပ်အကိုင် နှင့် စီးပွားရေး

မနှစ်က ရှာရဖွေရ…ခက်ခဲ့သမျှ….လွယ်လွယ်နဲ့မရခဲ့သမျှ…၊ ဒီတစ်နှစ်တော့ ..ရေကန်အသင့် ကြာအသင့် အနေအထားလေးတွေလည်း ပါလာနိုင်ပါတယ်။ ဘေးကျပ်နံကျပ်အခြေအနေ အနည်းငယ် ကြုံနိုင်ပေမယ့်….အသက်မွေးမှုမှာ ကူညီပေးမယ့် ပုဂ္ဂိုလ်တွေလည်း ပေါ်လာတတ်ချိန်ပါ။ ခက်တာက

ဒီတစ်နှစ်ထဲမှာ ကိုယ်တိုင်က….နည်းနည်း ပေါ့လျော့နေမိတတ်ပါတယ်။ အရင်နှစ်တွေလို… ပြင်းပြင်းထန်ထန်ကြိုးစားလို့ သိပ်မရဘဲ…အပျော်အပါးဘက်ပဲ ဖြစ်စေ…၊ ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ပဲ ဖြစ်စေ…၊ ဘာမှ သိပ်လေးလေးနက်နက် လုပ်လို့မရဘဲ ဖြစ်စေ… ဖြစ်နေတတ်ပါတယ်။

အလေးအနက်ကြီးထားပြီး လုပ်ပြန်တော့လည်း …လုပ်သမျှက လမ်းတစ်ဝက်မှာပဲ အကြံပြတ်သွားနေတတ်ပါတယ်။

ဆိုတော့ ဒီတစ်နှစ်ကတော့….အရိပ်အခြည် ကြည့်ပြီး…ကောင်းတဲ့ကံလေးပေါ်လာချိန်မှာ မျောလိုက်နေရမယ့် နှစ်မျိုးဆန်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် မနှစ်ကနဲ့စာရင်တော့.ဒီတစ်နှစ်ဟာ အများစုသော တနင်္ဂနွေနေ့ဖွားတွေအတွက် သက်တောင့်သက်သာ ပိုမိုရှိကြပါလိမ့်မယ်။

စီးပွားရေးအပိုင်းမှာ နာမည်ရဲ့ နောက်ဆုံးမှာ တနင်္လာနံ သို့မဟုတ် ကြာသာပတေးနံ အဆုံးသတ်ခေါ်ထားသူ များအဖို့ ပိုမို ကံအခွင့်အလမ်းသာပါလိမ့်မယ်။ (ဗေဒင်သုတက ဆရာစိုးမိုးထွန်း၏ ခွင့်ပြုချက်ဖြင့် တင်ပြသော ဆောင်းပါး ဖြစ်သည်။ အခြား Website, Facebook, YouTube တို့တွင် ပြန်တင်ခွင့် မပြုပါ)

ချစ်မှုရေးရာ နှင့် အိမ်ထောင်ရေး

အသည်းစွဲအောင် ချစ်မိလောက်စရာ ပေါ်လာတတ်သော နှစ်မျိုးဖြစ်ပါတယ်။ လူပျို အပျိုတို့အဖို့….အချစ်ကို လက်တဲ့မစမ်းမိလိုက်နဲ့….တစ်ကယ်မြတ်နိုးမိ…စွဲမိစေမယ့် အချစ်မျိုး ကြုံသွားနိုင်တဲ့ နှစ်ပါ။ အလိုလိုနေရင်း တစ်စိမ့်စိမ့်ချစ်မိ….လိုလားတပ်မက်မိစေမယ့် …..အချစ်နတ်သမီး ဗီးနပ်စ်ရဲ့ ညှိ့ကြိုးမိနေတဲ့ နှစ်မျိုး ဖြစ်ပါတယ်။

အိမ်ထောင်သည်တွေအဖို့ကတော့…..ချစ်ဒုက္ခကို ပိုမိုခံစားရနိုင်ကိန်းရှိပါတယ်။ အကြောင်းအားလျော်စွာ ချစ်လျက်နဲ့ခွဲနေရခြင်းမျိုးလေးတွေ သော်လည်းကောင်း ပေါ်ပေါက်လာတတ်ချိန်ပါ။

ဘာပဲဖြစ်ဖြစ် ရုပ်ပိုင်းဝေးကွာရမှု အခိုက်အတန့်ကို သီးခံနိုင်ကြဖို့လိုပါတယ်။ စိတ်ပိုင်းဝေးကွားသွားရမှု ..စိတ်သဘောထားမတိုက်ဆိုင် အချင်းများရမှုတွေထက်စာရင်…..အများကြီးသက်သာလို့ပါပဲ။

ပညာရေး

ပညာသင်ကြားခွင့်ကံ တွေ ပွင့်လန်းနေတဲ့ ကာလတစ်ခုပါ။ ပညာသင်ယူခွင့်တွေ အလိုလိုရရှိနေတတ်ပါတယ်။ အတန်းပညာပဲဖြစ်ဖြစ်…ပြင်ပသင်တန်းတွေပဲဖြစ်ဖြစ် …အလိုလို တက်ခွင့် သင့်ခွင့်တွေ ကျရောက်လာပါမယ်။ ပညာရေးကံ အားသာသည့် နှစ်မျိုးဖြစ်ပါတယ်။

ကျန်းမာရေး

အမျိုးသမီးများ …သားအိမ် နှင့် ပတ်သက်ပြီးဖြစ်စေ…မွေးလမ်းကြောင်းနဲ့..မအင်္ဂါ ဆိုင်ရာ ရောဂါဘယ အသေးစားမျိုးတို့ ဖြစ်စေ…ကပ်ငြိလွယ်တတ်သော ကာလပါ။ အထူးသဖြင့် ..ဗုဒ္ဓဟူးနေ့ နဲ့ တနင်္ဂနွေနေ့တို့မှာ ပိုမိုဂရုစိုက်ကြရပါမယ်။ ဆေးဝါးအစားအစာ တစ်မျိုးမျိုးရဲ့ ဘေးထွက်အာနိသင်ကြောင့်ဖြစ်စေ …အဆိုပါ…ဥပါဒ်မျိုးကို ကြုံတွေ့ရကြတတ်တာကိုလည်း …သတိပြုရပါမယ်။

ကျားမ မရွေး ..အသည်းနဲ့ ပတ်သက်ပြီးလည်း …ရောဂါဘယ အနည်းငယ် ဖြစ်ပွားစေလွယ်သော ကာလဖြစ်ပါတယ်။ (ဗေဒင်သုတက ဆရာစိုးမိုးထွန်း၏ ခွင့်ပြုချက်ဖြင့် တင်ပြသော ဆောင်းပါး ဖြစ်သည်။ အခြား Website, Facebook, YouTube တို့တွင် ပြန်တင်ခွင့် မပြုပါ)

အထွေထွေသုံးသပ်ချက်

ပျော်သလိုနေပါကွယ့် ဆိုတဲ့ကာလပါ။ ခရီးယာယီတွေ ပေါပါမယ်။ ကြားသုံးကြား…..တင်မက….၊ ကြားမှန်သမျှ အကုန်ဝင်ပါနေရပါမယ်။ ဟိုကြားထဲ ပါလိုက်ရ…သည်ကြားထဲ ဝင်လိုက်ရ နဲ့…..ကိုကိုကြား၊ မမကြားတွေတောင် …ဖြစ်ရတတ်တဲ့ နှစ်မျိုးပါ။

ဆိုတော့….ဒီတစ်နှစ် မှာ တနင်္ဂနွေနေ့ဖွားတွေ အဖို့….ကြားဝင်ဆောင်ရွက်ပေးရသော လုပ်ငန်းဆောင်တာများနဲ့ အသက်မွေးမယ်ဆိုရင် …အလွန်ကောင်းပါသဗျာ။ လူပေါင်းများစွာဟာ တနင်္ဂနွေနေ့ဖွားတွေကို မြင်လိုက်တာနဲ့ကို….ကြားခံအဖြစ် အသုံးပြုအကျိုးဆောင်ပေးရန်…တောင်းဆိုမှု ပြုလာတတ်ပါတယ်။

လောကီအာရုံကာမဂုဏ်က ဖျားယောင်းလာမယ့် နှစ်တစ်နှစ်ပါ။ အင်မတန် အိမ်တွင်းပုန်းပြီး ရိုးရိုးကုပ်ကုပ် နေတတ်သူတွေတောင်….ဒီတစ်နှစ်တော့ သောကြာဂြိုဟ်ရဲ့ ဖျားယောင်းမှုကြောင့်….ဆန်းဆန်းပြားပြား သရိုးသရီ..ခံစားမှုတွေ သက်ရောက်လာစေတတ်ပါတယ်။

အိမ်နီးနားချင်းတွေ…အခန်းနီးနားချင်းတွေ….စသော အနီးအစပ် ပတ်ဝန်းကျင်တွေနဲ့ သဟဇာတဖြစ်မှု နဲပါးရတတ်ခြင်း သော်လည်းကောင်း…သို့မဟုတ်/ထို အနီးနားချင်းတွေ ပျက်ဆီးထိခိုက်ခြင်းများကို သော်လည်းကောင်း…မြင်ရတွေ့ရမယ့် ကာလတစ်ခုလည်း ဖြစ်ပါတယ်။

ဆောင်သင့်ရှောင်သင့်

အနီရဲရဲအရောင် နဲ့ အရှေ့တောင်စူးစူးအရပ်တို့ကို အဓိကရှောင်ကျဉ်သင့်ပါတယ်။ ဒုတိယအားဖြင့်ကတော့ အနက်ရောင် နဲ့ အနောက်တောင့်အရပ်တို့ ဖြစ်ပါတယ်။ နံ့သာရောင် နဲ့ ဝါညိုရောင်ကတော့ အကျိုးပေးအရောင် ဖြစ်ပြီး အနောက်စူးစူးအရပ်ကနေ အကျိုးပေးတတ်ပါတယ်။ ငွေသားစစ်စစ် ဖလားလေး တစ်ခုကို ဧည့်ခန်း မှာ ထားသင့်သော နှစ်ကောင်းမွန်မြတ်တစ်ခု ဖြစ်ပါတယ်ခင်ဗျား။

တနင်္ဂနွေနေ့ဖွား များ အားလုံး ကျန်းမာချမ်းသာခြင်း …၊ လောကီအကျိုးစီးပွား ….လောကုတ္တရာ အကျိုးစီးပွား နှစ်ဖြာသောအကျိုး တိုးတက်နိုင်ကြခြင်း ရှိကြသည် ဖြစ်ကြပါစေသတည်း။

လေးစားစွာဖြင့်

ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း

09 789 333 791 , 09 318 17 287

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)