ဂျူပီတာ အရွှေ့အပြောင်းမှာ ကံကောင်းမယ့် ရာသီခွင်များ

ကောင်းကျိုးချမ်းသာအဖြာဖြာကို ပေးစွမ်းတတ်တဲ့ ဂျူပီတာ (ခေါ်) ကြာသပတေးဂြိုဟ်ကြီးဟာ အနောက်တိုင်း သာယန နက္ခတ်ဗေဒင် အရ ပြိဿရာသီခွင်ကို မေ ၁၆ ရက်မှာ ကူးပြောင်းပြီး နောက်နှစ် ၂၀၂၄ ၊ မေ ၂၅ အထိ တည်ရှိနေမှာ ဖြစ်ပါတယ်။

ကောဇာ ကြာသပတေးဂြိုဟ် ပြိဿရာသီကို ကူးပြောင်းရပ်တည်မယ့် မေ ၁၆ ကနေ ၂၀၂၄ ၊ မေ ၂၅ အတွင်း ဘယ်ရာသီခွင်တွေက ဘယ်လို ကံကောင်းလာမလဲဆိုတာ ဟောကိန်းထုတ် တင်ပြလိုက်ပါတယ်။

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉)
တစ်နှစ်တာအတွင်း ဝင်ငွေလမ်းကြောင်း တည်ငြိမ်မှု ရှိလာပြီး ပုံမှန်ဝင်ငွေအပြင် တခြားရပေါက်ရလမ်းတွေကိုပါ ဖန်တီးနိုင်ပါလိမ့်မယ်။ တပြိုင်တည်းမှာ အသုံးအစွဲ လက်ဖွာတာမျိုးလည်း ဖြစ်တတ်လို့ ဒါကို သတိထားရပါမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀)
ဘဝအဆင့်အတန်း တိုးတက်မြင့်မားလာမယ့်ကာလ ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေးပိုင်း အားကောင်းလာပြီး ဝါသနာပါရာ လုပ်ချင်တာတွေကို လုပ်ခွင့်ရလာပါမယ်။ ငွေကြေး၊ စီးပွားကဏ္ဍမှာပါ အောင်မြင်လာတတ်ပါတယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀)
ဒီတစ်နှစ်တာအတွင်းမှာ ထူးခြားမြင်သာတဲ့ အပြောင်းအလဲကောင်းတွေ ပေါ်မလာနိုင်သေးပေမယ့် နောင်နှစ်မှာ ကံကောင်းဖို့ ရှိနေတဲ့အတွက် ဒီကာလမှာ ကိုယ့်ကိုကိုယ် မြှင့်တင်တာ၊ သီးသန့်ကြိုးစားတာပဲ ပိုကောင်းပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂)
မိတ်ကောင်းဆွေကောင်းတွေ၊ အဆက်အသွယ်ကောင်းတွေ အများကြီးနဲ့ ထိတွေ့ခွင့်ရမယ့်နှစ် ဖြစ်လာပါမယ်။ လူမှုဆက်ဆံရေးနယ်ပယ် ကျယ်ပြန့်လာဖို့ ရှိပါတယ်။ လုပ်ငန်းစီးပွားအကျိုးအမြတ်တွေလည်း တိုးလာပါမယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂)
ခြင်္သေ့ရာသီခွင်တွေအတွက်တော့ တစ်နှစ်တာအတွင်း အလုပ်အကိုင်တွေ ကောင်းပြီး စီးပွားဖြစ်လာနိုင်ပါတယ်။ လူတွေရဲ့အသိအမှတ်ပြု လေးစားမှုတွေ၊ နေရာပေးဆက်ဆံမှုတွေနဲ့အောင်မြင်မှုတွေကို အရယူနိုင်ပါလိမ့်မယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂)
ရပ်ဝေးမြေခြားနဲ့ ဆက်ဆံရတာတွေ နိုင်ငံရပ်ခြားတွေ၊ ခရီးဝေးခရီးရှည်ကြီးတွေပါ သွားလာရကိန်း ရှိနေပါတယ်။ ပညာရေးပိုင်းမှာ အဆင့်မြင့်လမ်းကြောင်းသစ် ပေါ်လာနိုင်ပါတယ်။ ကံစမ်းတာတွေလည်း ထူးခြားတတ်ပါတယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂)
တစ်နှစ်တာအတွင်း တူရာသီဖွားတွေရဲ့ငွေရေးကြေးရေးဆိုင်ရာအခက်အခဲတွေ ပြန်ပြေလည်သွားတတ်ပါတယ်။ အမွေအနှစ်ကိစ္စနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေမှာ အောင်မြင်တတ်ပြီး ချစ်မေတ္တာရေးမှာပါ ကံကောင်းနိုင်ပါလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁)
လွတ်လပ်တဲ့ပျိုရွယ်သူတွေအဖို့ ဖူးစာကံပေါ်မယ့်နှစ် ဖြစ်လာပြီး လက်ထပ်ပေါင်းဖက်ဖို့ ကြံရွယ်နေသူတွေလည်း ဆုတောင်းပြည့်ချိန် ဖြစ်ပါတယ်။ အလုပ်ထဲမှာရော၊ လူမှုဆက်ဆံရေးမှာပါ စိတ်ချမ်းသာ အဆင်ပြေပါလိမ့်မယ်။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁)
ကိုယ့်ရဲ့လူနေမှုစတိုင်နဲ့ ကျန်းမာပျော်ရွှင်မှုကို ဦးစားပေးလိုသူတွေအတွက် ဒီနှစ်မှာ အပြောင်းအလဲကောင်းတွေ စတင်နိုင်လိမ့်မယ်။ အလုပ်သစ် (သို့) စီမံကိန်းအသစ် စတင်ရင်လည်း အောင်မြင်ထွန်းပေါက်မယ့်နှစ် ဖြစ်တယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉)
တစ်နှစ်တာအတွင်း ဝါသနာပါတာတွေကို ကျကျနန လုပ်ခွင့် ရလာမယ်။ အလုပ်မှာ ဖြစ်စေ၊ ဝါသနာမှာ ဖြစ်စေ တီထွင်ဆန်းသစ်မှုတွေ လုပ်နိုင်မယ်။ ပျိုရွယ်သူတွေအဖို့ နှလုံးသားရေးမှာ ရင်ခုန်စရာတွေ များလာတတ်တယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈)
အိုးအိမ်နေရာထိုင်ခင်းနဲ့ ပတ်သက်လို့ ကံကောင်းမယ့်တစ်နှစ်တာ ဖြစ်တယ်။ အိမ် ၊ တိုက်ခန်း၊ ခြံမြေ စသည်ဖြင့် ဝယ်ယူတာ၊ ရင်းနှီးမြှုပ်နှံတာ၊ ပြင်ဆင်တာတွေ ကောင်းတယ်။ မိသားစုထဲမှာ အေးချမ်းတည်ငြိမ်မှုတွေ ရရှိမယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀)
ပညာရပ်၊ ဘာသာရပ်အသစ်တွေ လေ့လာအားထုတ်လို့ ကောင်းတဲ့ကာလ ဖြစ်တယ်။ အဆက်အသွယ်ကောင်း ရရှိလာတတ်တယ်။ အခက်အခဲနဲ့ အကန့်အသတ်တွေ ကြားထဲက လိုချင်တာကို ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။

၁၂ ရာသီဖွားအားလုံး ကံကောင်းပျော်ရွှင် အဆင်ပြေကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)