ဒီတစ်နှစ် ၁၃၈၅ အတွင်း အိုးအိမ်နေရာကံဇာတာ ထူးခြားမယ့်သူများ

ကောဇာနှစ်သစ် ၁၃၈၅ ခုနှစ် သက္ကရာဇ် အကူးအပြောင်းမှာ နေ့နံအလိုက် အိုးအိမ် ၊ နေရာ၊ ဌာနကံဇာတာတွေလည်း အပြောင်းအလဲ ဖြစ်ပေါ်လာဖို့ ရှိနေပါတယ်။

ဒီနှစ် မြန်မာသက္ကရာဇ် ၁၃၈၅ မှာ ဘယ်နေ့ ဘယ်နံတွေက နေရာဌာနကံတွေ အားကောင်းလာပြီး ဘယ်နေ့ သားသမီးတွေကတော့ နေရာဌာန အရွှေ့အပြောင်းတွေ ဖြစ်ပေါ်လာနိုင်သလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် တစ်နှစ်တာအတွင်း (အင်္ဂလိပ်လိုဆိုရင် ၁၇.၄.၂၀၂၃ မှ ၁၆.၄.၂၀၂၄ အတွင်း)

(၁) တနင်္လာသားသမီးတွေဟာ အိုးအိမ်နေရာ ပြောင်းရွှေ့ရတတ်ပါတယ်။ အိမ်ငှား၊ တိုက်ခန်းငှားနေရသူတွေ ဟိုရွှေ့ဒီပြောင်း ဖြစ်တတ်ပါတယ်။ နေရေးထိုင်ရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။

အိမ်ပိုင်သမားတွေ အိမ်နေရာ မပြောင်းဖြစ်သည့်တိုင်အောင် အိမ်ပျက်လို့ ပြန်ပြင်ရတာ၊ အိမ်ထဲမှာ ဟိုပစ္စည်း ဒီရွှေ့၊ ဒီပစ္စည်း ဟိုရွှေ့ မကြာခဏ လုပ်ရတတ်ပါတယ်။ (အိမ်ရောင်း၊ တိုက်ခန်းရောင်းလိုသူတွေဆိုရင်တော့ ရောင်းလွယ်၊ ထွက်လွယ်တတ်ပါတယ်၊ ဒီနှစ်ထဲမှာ အရောင်းစွံသွားနိုင်ပါတယ်)

ဝန်ထမ်းတွေဆိုရင်တော့ နေရာဌာန အပြောင်းအလဲ ဖြစ်တတ်ပါတယ်။ နေရာဌာန အရွှေ့အပြောင်းတွေထဲ ပါသွားတတ်ပါတယ်။ ကာလရှည်ကြာ တည်မြဲခဲ့တဲ့ နေရာထိုင်ခုံတွေ လှုပ်လာတတ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၂) ဗုဒ္ဓဟူးသားသမီးတွေဟာ ဒီနှစ်အတွင်း မွေးရပ် (သို့) နေသားကျနေတဲ့ အရပ်ဒေသကနေ အလွန်ဝေးကွာ၊ အလှမ်းကွာလွန်းတဲ့ သူစိမ်းဆန်တဲ့နေရာဒေသတွေဆီ ရောက်တတ်ပါတယ်။ အလုပ် (သို့) ပညာတော်သင်နဲ့ ဖြစ်ဖြစ် နိုင်ငံရပ်ခြား ထွက်ခွာဖို့ ကြိုးစားနေရင် လမ်းကြောင်းသင့်၊ အဆင်ပြေသွားနိုင်ပါတယ်။

ဝန်ထမ်းတွေအဖို့ကတော့ နယ်စွန်နယ်ဖျား (သို့) တခါမှ မရောက်ဖူးတဲ့ဒေသတွေဆီ ရောက်ရတတ်ပါတယ်။မပြောင်းမရွှေ့ဖြစ်ဘူး ဆိုရင်လည်း ရောက်ဆဲ နေရာ၊ ဌာနမှာ မပျော်တော့တာမျိုး ဖြစ်လာတတ်ပါတယ်။

ဒါကတော့ ဒီနှစ် ၁၃၈၅ အတွင်းမှာ နေရာဌာနကံ အားနည်းတတ်တဲ့ နေ့နံတွေကို ဦးစွာ ဖော်ပြပေးတာ ဖြစ်ပြီး အိုးအိမ်၊ နေရာကံတွေ ကောင်းလာမယ့်သူတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ (ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)

(၁) သောကြာသားသမီး
(၂) ကြာသပတေးသားသမီး
(၃) တနင်္ဂနွေသားသမီး

ဒီနေ့ဖွားတွေဟာ အိုးအိမ်နေရာ၊ ရာထူးဌာနကံတွေ အားကောင်းလာနိုင်ပါတယ်။ အိုးအိမ် (သို့) ဆိုင်ခန်းကိစ္စ၊ ရာထူးနေရာကိစ္စ အဆင်ပြေ ချောမွေ့တာ၊ အိုးအိမ်ကောင်း ရရှိတာ၊ လိုချင်တဲ့ နေရာတွေ ရောက်သွားတာမျိုး ကံကောင်းတတ်ပါတယ်။

ဒီနှစ်ထဲ အိမ်ဝယ်၊ တိုက်ခန်းဝယ်၊ မြေဝယ် စတဲ့ကိစ္စတွေမှာလည်း အကျိုးပေးကံကောင်းပြီး ရောင်းဝယ်တာတွေ လုပ်မယ်ဆိုရင်လည်း အမြတ်အစွန်း ရတတ်ပါတယ်။ ဝယ်နိုင်သူများ ဝယ်ထားရင် မမှားဘူးလို့ ဆိုရမှာပါ။

ဖော်ပြပါ အိုးအိမ်နေရာကံဇာတာဟာ မြန်မာနှစ် ၁၃၈၅ ခုနှစ်အတွင်း ကြုံတွေ့လာနိုင်တဲ့ ယေဘုယျကံဇာတာကို အကောင်းအဆိုး ထင်ရှားမယ့် နေ့နံအလိုက် ဟောပြောထားတာဖြစ်ပြီး အသေးစိတ်ကတော့ မိမိတို့ မူလဇာတာ၊ နာမည်အနေအထားတွေပေါ် မူတည် ပြောင်းလဲသွားမှာ ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။

အိုးအိမ်နေရာနဲ့ ပတ်သက်တဲ့ဆုတောင်းတွေ ပြည့်ဝကြပါစေ  – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)