၁၂ ရာသီခွင် တစ်လစာဗေဒင်ဟောစာတမ်း (ဇူလိုင်၊ ၂၀၂၃)

မိဿရာသီဖွား (မတ် ၂၁ – ဧပြီ ၁၉) – လဆန်းပိုင်းမှာ အခက်အခဲ များတတ်ပေမယ့် လ၀က်ကျော်လွန်လာရင် အစစအရာရာ အဆင်ပြေလာမယ်။ အကြီးအကဲ၊ ဆရာသမားတွေက ကူညီမစမယ်။ ငွေကြေးကံ ပုံမှန် ရှိပေမဲ့ အသုံးအစွဲတော့ ထိန်းရလိမ့်မယ်။ ကျန်းမာရေး နည်းနည်း ညံ့နိုင်ပြီး မေတ္တာရေးတော့ သာယာအေးချမ်းမယ်။

ပြိဿရာသီဖွား (ဧပြီ ၂၀ – မေ ၂၀) – ဒီလအစမှာ လုပ်ငန်းဆောင်တာတွေ ချောမွေ့နေရာကနေ နောက်ပိုင်းမှာ ခက်ခဲမှုတွေ များလာနိုင်တယ်။ လုပ်ငန်းသစ်၊ စီမံကိန်းအသစ်တွေ စတင်ရတတ်တယ်။ ခရီးကောင်း ပေါ်မယ်။ ၀င်ငွေဖြောင့်ပေမဲ့ ရုတ်တရက် အကုန်အကျ ပေါ်မယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ကံဇာတာ ညံ့တတ်တယ်။

မေထုန်ရာသီဖွား (မေ ၂၁ – ဇွန် ၂၀) – ကြိုးစားအားထုတ်မှုတွေ အောင်မြင်ဖြစ်ထွန်းမယ်။ လုပ်ငန်းအသစ်တွေ ပေါ်ပေါက်လာတတ်တယ်။ ကျန်းမာရေး အညံ့ကြီး မရှိပေမဲ့ စိုးရိမ်သောကကြောင့် လူကို ထိခိုက်မှု ဖြစ်နိုင်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ သာယာဖြောင့်ဖြူးမယ်။ လူပျိုအပျိုတွေ စန်းပွင့်ပြီး လိုအင်ဆန္ဒ ပြည့်ဝလိမ့်မယ်။

ကရကဋ်ရာသီဖွား (ဇွန် ၂၁ – ဇူလိုင် ၂၂) – ဒီလမှာ အလုပ်တွေ အရမ်း ပင်ပန်းခက်ခဲမယ်။ မျှော်လင့်ထားသလို မဖြစ်ဘဲ အစီအစဉ်တွေ ပျက်ကုန်တတ်တယ်။ ယှဉ်ပြိုင်ရာမှာလည်း ရှုံးနိမ့်တတ်တယ်။ အလုပ်ရှာနေသူတွေဆို အခက်တွေ့နိုင်တယ်။ မေတ္တာရေးမှာ အချင်းချင်းကြား နားလည်မှု လွဲချော်လိမ့်မယ်။ စကားများရတတ်တယ်။

သိဟ်ရာသီဖွား (ဇူလိုင် ၂၃ – သြဂုတ် ၂၂) – လုပ်ငန်းစီးပွား ကံကောင်းမယ့်လ ဖြစ်တယ်။ ရာထူးတက်တာမျိုး၊ ၀င်ငွေတိုးတာမျိုးတွေ ကြုံရနိုင်တယ်။ ကြီးကဲသူတွေက ကူညီမစမယ်။ အသုံးအစွဲ လက်ဖွာမိနေလို့ ထွက်ငွေ များမယ်။ ကျန်းမာရေး ဂရုစိုက်ရမယ်။ မိသားစုထဲမှာ စိတ်ညစ်ရတတ်တယ်။ နှလုံးသားရေးမှာ ကံကောင်းမယ်။

ကန်ရာသီဖွား (သြဂုတ် ၂၃ – စက်တင်ဘာ ၂၂) – လုပ်ငန်းကံဇာတာက အတက်အကျ မတည်မငြိမ် များမယ်။ အသေးအဖွဲကအစ ဂရုစိုက်ရလိမ့်မယ်။ လကုန်ပိုင်းမှာ ၀င်ငွေကောင်းလာမယ်။ ကျန်းမာရေး ပုံမှန်ပဲ ဖြစ်မယ်။ ပျိုရွယ်သူတွေ အချစ်ရေးမှာ ဆန္ဒစောရင် မှားလိမ့်မယ်။ ချစ်သူစုံတွဲတွေကြား တကျက်ကျက် စကားများရမယ်။

တူရာသီဖွား (စက်တင်ဘာ ၂၃ – အောက်တိုဘာ ၂၂) – အလုပ်အကိုင်တွေ ကောင်းပေမယ့် ကိုယ်တိုင်က သိပ် စိတ်တိုင်းမကျဘဲ ဖြစ်နေမယ်။ ဒါပေမဲ့ ၀င်ငွေရလမ်းဖြောင့်မယ်။ အလျင်စလို မဆုံးဖြတ်ဖို့ကိုသာ သတိပြုရမယ်။ အစားအသောက် ဆင်ခြင်ရမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ အချင်းချင်း ညှိနှိုင်းမှုတွေ လိုအပ်လာလိမ့်မယ်။

ဗြိစ္ဆာရာသီဖွား (အောက်တိုဘာ ၂၃ – နိုဝင်ဘာ ၂၁) – အကောင်းအဆိုးတွေ ရောထွေးနေမယ့်ကာလ ဖြစ်တယ်။ အလုပ်နဲ့ပတ်သက်လို့ အပြောင်းအလဲတွေ ပေါ်ပေါက်တတ်တယ်။ အကျိုးအမြတ်တွေ ရပေမယ့် အကုန်အကျပါ များနေမယ်။ ဗိုက်အောင့်၊ ဗိုက်နာ ဖြစ်တတ်တယ်။ ချစ်မေတ္တာရေးမှာ စိတ်လိုက်မာန်ပါ ဖြစ်တတ်လို့ ဂရုစိုက်ပါ။

ဓနုရာသီဖွား (နိုဝင်ဘာ ၂၂ – ဒီဇင်ဘာ ၂၁) – ဒီလမှာ လုပ်ငန်းကိုင်ငန်းတွေ ကောင်းမယ်။ အကျိုးတူလုပ်ငန်းမျိုး အောင်မြင်တတ်တယ်။ လုပ်ငန်းတိုးချဲ့မှု ဖြစ်လာနိုင်တယ်။ အမြတ်အစွန်း များမယ်။ မိသားစုအတွင်း အပြန်လှန် နားလည်မှု ရလာမယ်။ အကူအညီတွေလည်း ရရှိမယ်။ ပျိုရွယ်သူဆို ဖူးစာဖက်လက်တွဲဖော်နဲ့ ဆုံရတတ်တယ်။

မကာရရာသီဖွား (ဒီဇင်ဘာ ၂၂ – ဇန်နဝါရီ ၁၉) – အလုပ်ကို အခက်အခဲ ပြဿနာ မရှိဘဲ အေးအေးဆေးဆေး လုပ်နိုင်မယ်။ တဖြည်းဖြည်း တိုးတက်ဖြစ်ထွန်းမှုတွေလည်း ရှိလာမယ်။ ကျန်းမာရေးက လနှောင်းပိုင်းမှာ အညံ့ ရှိနိုင်လို့ ကြိုဂရုစိုက်ရမယ်။ စုံတွဲတွေကြား ပဋိပက္ခလေးတွေ ဖြစ်တတ်ပေမဲ့ ပျိုရွယ်သူတွေ စန်းပွင့်တတ်တယ်။

ကုမ်ရာသီဖွား (ဇန်နဝါရီ ၂၀ – ဖေဖော်ဝါရီ ၁၈) – ဒီလ အလုပ်အကိုင်၊ စီးပွားရေးမှာ အခက်အခဲ၊ အတားအဆီး များလာနိုင်တယ်။ ပုံမှန်လည်ပတ်နိုင်ဖို့တောင် မနည်းရုန်းကန်ရတတ်တယ်။ ၀င်ငွေအကျိုးအမြတ် လျော့မယ်။ စိတ်ဖိစီးမှုကြောင့် ရောဂါဝေဒနာ ဖြစ်တတ်တယ်။ မေတ္တာရေးမှာလည်း ကမောက်ကမတွေ ဖြစ်ပွားတတ်တယ်။

မိန်ရာသီဖွား (ဖေဖော်ဝါရီ ၁၉ – မတ် ၂၀) – အလုပ်တွေက လဆန်းပိုင်းတလျှောက် အဆင်မပြေ ဖြစ်တတ်ပေမဲ့ လ၀က်ကျော်ရင် အခြေအနေ ပိုကောင်းလာမယ်။ အလုပ်ထဲ စိတ်မပါဘဲ နားချင်စိတ် များနေမယ်။ ကျန်းမာရေး အားနည်းတတ်တယ်။ အချစ်ရေး၊ အိမ်ထောင်ရေးပိုင်းမှာ တစ်လလုံးနီးပါး မတည်မငြိမ်တွေ ဖြစ်နေတတ်တယ်။

၂၀၂၃ ၊ ဇူလိုင်လမှာ အားလုံး ကံကောင်းကြပါစေ – ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)