မက္ကဆီကန်ဘုရင်နဲ့ ဒင်္ဂါးပြားနိမိတ်

၁၈၆၄ ကနေ ၁၈၆၇ ခုနှစ်အထိ မက္ကဆီကိုနိုင်ငံကို သုံးနှစ်တာ အုပ်ချုပ်စိုးစံခဲ့တဲ့ မက်စီမီလီယန်လို့ အမည်ရတဲ့ ဘုရင်တစ်ပါး အကြောင်း ပြောပြချင်ပါတယ်။

သူနန်းတက်တဲ့အချိန်မှာ အဲဒီခေတ်ရဲ့ ထုံးစံအတိုင်း ဘုရင့်ရုပ်ပုံနဲ့ ဒင်္ဂါးပြားတွေ သွန်းလုပ်ကြပါတယ်။ ဒင်္ဂါး စလုပ်တယ်ဆိုရင်ပဲ ပုံစံခွက်က အက်ကြောင်း ထလာပြီး ဒင်္ဂါးမျက်နှာပြင်က ဘုရင့်ရုပ်ပုံ နဖူးနေရာလောက်မှာ အက်ကြောင်းရာ စပေါ်လာပါတယ်။

ဒါနဲ့ ဒင်္ဂါးသွန်းလုပ်တဲ့သူတွေက ၃၂ ပြားလောက်အထိ ဖြစ်ဖြစ်ညှစ်ညှစ်နဲ့ သွန်းလုပ်အပြီးမှာတော့ အဲဒီအက်ကြောင်းရာဟာ ပိုမို သိသာ ထင်ရှားလာပါတယ်။

အော်..ကြားဖြတ်ပြောရဦးမယ်။ ဘုရင်ကြီး နန်းတက်တော့ သူ့အသက်က ၃၂ နှစ်တဲ့။ ထားပါဦး ခဏ။ အခုနက ဒင်္ဂါးသွန်းလုပ်သူတွေက စုစုပေါင်း ၃၆ ခုအထိ သွန်းလုပ် အပြီးမှာတော့ အက်ကွဲကြောင်းက ဘုရင့်ရုပ်ပုံ တစ်ခုလုံး ပုံပျက်လုနီးနီးအထိ ဖြစ်လာတဲ့အတွက် ဆက်မလုပ်တော့ဘဲ ရပ်တန့်လိုက်ရပါတယ်။

ဆက်ပြီးတော့ ဒင်္ဂါးပြားနဲ့ ဘုရင်နဲ့ ကြားက ဆက်စပ်မှုကို သွားရအောင်ပါ။ အဲဒီ မက်စီမီလီယန်ဘုရင်ကြီးဟာ အသက် ၃၂ နှစ်မှာ နန်းတက်ခဲ့ပြီး နောင်သုံးနှစ်အကြာ အသက် ၃၆ နှစ်မှာ နန်းချခံရပါတယ်။ နိမိတ်အတိုင်းဆိုရင် ဒင်္ဂါး ၃၂ ပြားအရောက်မှာ အက်ကြောင်းရာ စထင်ရှားလာတဲ့လို့ နန်းတက်ခြင်းကိုက ဘုရင်ကြီးအတွက် ကိုယ့်သေတွင်းကိုယ် စတူးတာနဲ့ ဆင်တူနေပါတယ်။

ဒင်္ဂါးပြား အရေအတွက် ၃၆ ခုမြောက်မှာ အက်ကြောင်းရာ ထင်ရှားလွန်းလို့ ရပ်လိုက်ရတဲ့အတွက် ဘုရင်ကြီးဟာ အသက် ၃၆ နှစ်မှာပဲ နန်းချခံရရုံတင်မက သေနတ်နဲ့ပါ ပစ်သတ် ကွပ်မျက် ခံလိုက်ရပါတယ်။ တိုက်ဆိုင်တာတစ်ခုလည်း ရှိပါသေးတယ်။

ဒင်္ဂါးပြားပေါ်မှာ အက်ကြောင်းရာက နဖူးမှာ အထင်ရှားဆုံးပေါ်ခဲ့သလိုပဲ တစ်ကိုယ်လုံး ကျည်ရာ ဗရပွဖြစ်နေတဲ့ ဘုရင်ကြီးရဲ့ နဖူးကိုလည်း ကျည်တစ်ထောင့်ကသာ တည့်တည့် ၀င်ပြီး ဦးခေါင်းခွံတစ်ခုလုံး အက်ကြောင်းထ ကြေမွခဲ့ခြင်းပါပဲ။

စူးစမ်းလေ့လာတတ်မယ်၊ သတိဥာဏ်ပညာ အားကောင်းမယ်ဆိုရင် နိမိတ်၊ တဘောင်တွေက ကမ္ဘာ့နိုင်ငံ အသီးသီးမှာ လူမျိုးဒေသမရွေး ပေါ်ပေါက်လေ့ ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဧက (ဗေဒင်သုတ)

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)