၂၀၂၄ ခုနှစ် သင်္ချာဗေဒဟောကိန်း

၂၀၂၄ ခုနှစ်မှာ သင်္ချာဗေဒ(ခေါ်)ဂဏန်းဗေဒင်ပညာအရ မိမိမွေးရက်အလိုက် ကံဇာတာအကောင်းအဆိုးကိုသိစေဖို့ ဖော်ပြပေးပါမည်။ ၂၀၂၄ နှစ်ခုနှစ်သည် ဂဏန်းဗေဒင်ပညာအရ ပေါင်းခြင်း ၈-ရသောနှစ်ဖြစ်သည်။ ၈ ဂဏန်းသည် ဂဏန်းဗေဒင်ပညာအရ စနေဂြိုဟ်လွှမ်းမိုးသောနှစ်ဖြစ်သည်။ မွေးရက်ဂဏန်းအရ နှစ်သစ်ကံဇာတာမှာ –

၁)ဂဏန်းသမားများ ( ၁၊ ၁၀၊ ၁၉၊ ၂၈ ရက်မွေးသူများ)
အကြီးအကဲကောင်းများနှင့်ဆုံတွေ့ရမည်။ လုပ်ငန်းအသက်မွေးဝမ်းကြောင်းနယ်ပယ်မှာ အံ့မခန်းအောင်မြင်မှုများဖြစ်ပေါ်လာမည်။ တက်ကြွသောစိတ်များ တစ်ဖန်နိုးထလာနိုင်မည်။ ကိုယ်ပိုင်စွမ်းရည်များ မြင့်မားလာမည်။ အစိုးရဝန်ထမ်း လုပ်ငန်းပိုင်းမှသူများ ကောင်းသောတိုးတက်မှုများရမည် ။ အိမ်ထောင်ရေးတွင် တင်းမာမှုများ အခက်ခဲများရှိလာနိုင်သည်။

(၂) ဂဏန်းသမားများ ( ၂၊ ၁၁၊ ၂၀၊ ၂၉) ရက်မွေးသူများ
တည်တည်ငြိမ်ငြိမ်ဖြင့် ဆုံးဖြတ်ချက်များလုပ်ကိုင်ဆောင်ရွက်နိုင်မည်။ ပျော်ရွှင်ရယ်မောဖွယ်အခိုက်အတန့်များကြုံရမည်။ လုပ်ငန်း အသက်မွေးဝမ်းကြောင်းတွင် အောင်မြင်တိုးတက်မှုများရမည်။ ညှိနှိုင်းလုပ်ကိုင်ဆောင်ရွက်ခြင်းများမှ အဆင်ပြေမှုရမည်။ မိသားစုဘဝတွင်း ငွေကြေးစီးပွားတိုးတက်မည်။ ရလဒ်ကောင်းများပေါ်ထွန်းမည်။ စိတ်ခံစားမှုကို ထိန်းချုပ်ပြီးလုပ်ကိုင်ဆောင်ရွက်သင့်သောနှစ်ဖြစ်သည်။

(၃) ဂဏန်းသမားများ ( ၃၊ ၁၂၊ ၂၁၊ ၃၀) ရက်မွေးသူများ
လုပ်ငန်း အသက်မွေးဝမ်းကြောင်းပိုင်းတွင် အတက်အကျများတတ်ပြီး မတည်ငြိမ်ဖြစ်တတ်သည်။ ဝင်ငွေးတိုးတက်မှုများကြုံမည်။ ကျန်းမာရေးတွင် ပေါ့ပေါ့ဆဆ မနေအပ်သောနှစ်ဖြစ်သည်။ ဆေးရုံ ဆေးခန်းပြရတတ်ခြင်းဖြစ်တတ်သည်။ အရေးကြီးသော ကိစ္စများ လုပ်ကောင်ဆောင်ရွက်ရာတွင် နားလည်တတ်ကျွမ်းသူများနှင့်ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ပါ။

(၄)ဂဏန်းသမားများ (၄၊ ၁၃၊ ၂၂၊ ၃၁) ရက်မွေးသူများ
ခိုင်မာသောဆုံးဖြတ်ချက် လိမ္မာပါးနပ်မှုကြောင့် တပါးသူများအံ့ဩစေနိုင်သောကိစ္စများ လုပ်ကိုင်ဆောင်ရွက်နိုင်မည်။ ခေါင်းမာတတ်သောအကျင့်ကို လျော့ပါ။ နိုင်ငံခြားခရီးကိစ္စအကြောင်းပေါ်မည်။ လုပ်ငန်း အသက်မွေးဝမ်းကြောင်းတွင် အောင်မြင်မည့်အလားအလာကောင်းများပေါ်ထွန်းလာမည်။ မိသားစုတွင်း ပျော်ရွှင်အေးချမ်းမှုများခံစားရမည်။

(၅) ဂဏန်းသမားများ (၅၊ ၁၄၊ ၂၃) ရက်မွေးသူများ
လုပ်ငန်းစီးပွားတိုးချဲ့မှုများတွင် အောင်မြင်မှုများဖန်တီးနိုင်မည်။ မိသားစုဘဝအနိမ့်အမြင့် အတက်အကျများတတ်သော်လည်း အခြေအနေကို ထိန်းသိမ်းစွာကိုင်တွယ်နိုင်မည်။ လက်တွဲဖော်နှင့် ညှိနှိုင်းမှုများလုပ်ဆောင်ရမည် ။ ငွေကြေးသုံးစွဲမှုများ စနစ်တကျဆောင်ရွက်သင့်သည်။ မေတ္တာရေး အိမ်ထောင်ရေးတွင် သဘောထားကွဲလွဲမှုများရှိတတ်သည်။ ပညာရပ်သင်ကြားခြင်း သင်တန်းကိစ္စများကောင်းသည်။

(၆) ဂဏန်းသမားများ ( ၆၊ ၁၅၊ ၂၄) ရက်မွေးသူများ
မိသားစုနှင့် ပျော်ရွှင်မှုများဖန်တီးနိုင်မည်။ မင်္ဂလာဆောင်ရန်ရည်ရွယ်ထားသူများ အထမြောက်အောင်မြင်မည်။ ငွေကြေး လက်လွန်တတ်သည်။ ငွေကုန်ကြေးကျများတတ်သည်။ သူတပါးအပေါ်အလွယ်တကူယုံခြင်းများရှောင်ပါ။ လုပ်ငန်းခွင်အတွင်း အကူညီကောင်းများရရှိမည်။ ငွေအချေးအငှားကိစ္စများတွင် သတိပြုရမည့်နှစ်ဖြစ်သည်။

(၇) ဂဏန်းသမားများ(၇၊ ၁၆ ၊ ၂၅) ရက်မွေးသူများ
ပညာရေးနယ်ပယ်တွင် အထူးအောင်မြင်မှုရမည့်နှစ်ဖြစ်သည်။ သင်တန်းကိစ္စနှင့် အင်တာဗျူးကိစ္စများတွင် ကြိုးစားသမျှအရာထင်လာမည်။ လုပ်ငန်းစီးပွား အသက်မွေးဝမ်းကြောင်းတွင် တိုးတက်မှုများရမည်။ မိသားစုတွင်း စိတ်ပင်ပန်းစရာများတတ်မည်။ ငွေကြေးအခက်အခဲများရှိတတ်သော်လည်း မိတ်ဆွေ သူငယ်ချင်းများထံမှအကူညီရမည်။

(၈) ဂဏန်းသမားများ ( ၈၊ ၁၇ ၊ ၂၆) ရက်မွေးသူများ
ပုံမှန်လည်ပတ်နေမည့်နှစ်တစ်ခုဖြစ်သည်။ အကောင်းအဆိုး ရောနှောနေသော နှစ်မျိုးဖြစ်သည်။ လုပ်ငန်းတိုးတက်မှုရရှိရင် ပိုမိုကြိုးပမ်းအားထုတ်ဖို့လိုအပ်သည်။ စီးပွားရေးတွင် အကျိုးမြတ်ရရှိမှုအပေါ် စိတ်တိုင်းမကျဖြစ်တတ်သည်။ သို့သော် ငွေကြေးဓနတိုးပွားမှုများ ဖြစ်ထွန်းမည်။ ဝင်ငွေကောင်းသလို အကုန်အကျလည်းများတတ်သည်။ မိသားစုဘဝတွင် ပျော်ရွှင်ရမည်။ အလှူဒါနပြုရမည်။

(၉) ဂဏန်းသမားများ(၉၊ ၁၈၊ ၂၇) ရက်မွေးသူများ
လုပ်ငန်းခွင်အတွင်း ရလဒ်ကောင်းများရရှိမည်။ စိတ်လိုက်မာန်ပါပြောဆိုလုပ်ကိုင်ခြင်းကြောင့် လူမှုဆက်ဆံရေးထိခိုက်တတ်ခြင်းသတိပြုပါ။ စီးပွားရေးကောင်းမွန်မည်။ ငွေရေးကြေးရေးတွင် အောင်မြင်မှုများရရှိမည်။ အချစ်ရေးတွင် အနိမ့်အမြင့်အတက်အကျများနေမည်။ အိမ်ထောင်သည်များ မိမိကိုယ်ကျင့်သိက္ခာကိုထိန်းသိမ်းရမည့်နှစ်ဖြစ်သည်။

အခြားSocialMedia Platform များတွင်ကူးယူဖော်ပြခြင်းခွင့်မပြုပါ။

ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ

ဆရာလင်းဝေအောင်
(မြန်မာ့ဆန်းကျမ်းဗေဒင်နှင့် ကေပီရှေ့ဆောင်နက္ခတ်ပညာရှင်)
09 795837130

 

(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)