ကံတွေသည် ပေါင်းစပ်လာနိုင်ပါတယ်။ မောင်က နဲ့ မောင်ခ သည် သူငယ်ချင်း ဖြစ်ကြတယ် ဆိုပါစို့။ မောင်က သည်လည်း အသက်ဘေးကြုံမယ့်ကံ ရှိတယ်။ မောင်ခကတော့ မတော်တဆမှု ဖြစ်စေတတ်ရုံ ကံရှိတယ် ဆိုကြပါစို့။
![](http://www.baydin.info/wp-content/uploads/2019/04/SayarSMT.jpg)
မောင်ကနဲ့ မောင်ခသည် အတူပေါင်းသင်း သွားလာနေခြင်းအားဖြင့် မတော်တဆကံကို ပိုမို လက်ယပ် ဖိတ်ခေါ်လာစေပါတယ်။ ဖြစ်ပြီ။ ဆိုင်ကယ်နဲ့သွားကြတယ်။ မှောက်တယ်။ ကားနဲ့ခိုက်မိမယ်။ မောင်ကသည် အသက်ဘေးကြုံမယ့်ကံရှိသူပီပီ နေရာတင် ပွဲချင်းပြီး။ မောင်ခကတော့ အသက်တော့ မသေ။ သို့သော် ကျိုးပဲ့စုတ်ပြတ် ဆေးရုံမှာ လနဲ့ချီ ဖြစ်သွားစေတယ်။
![](http://www.baydin.info/wp-content/uploads/2020/09/jointkarma111.jpg)
ဒါက ဥပမာလေးပါ။ နောက်ဥပမာလေးတစ်ခု…ကောင်မလေးတစ်ယောက်ရှိတယ်။ ဒီကလေးမသည် မွေးကတည်း နွမ်းပါးခဲ့ပေမယ့် ချမ်းသာမယ့်ကံလေးကလည်း ရှိတယ်ဆိုပါစို့။ ကောင်လေးတစ်ယောက်ရှိတယ်။ ဒီကောင်လေးသည်လည်း မွေးကတည်းက နွမ်းပါးတယ်။ ဒါပေသိ…သူ့အတိတ်ကံဒါနမျိုးစေ့က ရင့်သန်ခဲ့ဖူးသူ ဖြစ်နေမယ်။
ကောင်မလေးနဲ့ကောင်လေး တွေ့ ၊ ချစ်ကြိုက်ကြ၊ ပေါင်းသင်းလက်ထပ်မိကြ၊ တစ်နေ့ ကောင်လေးရဲ့ ကုသိုလ်ကံက ပေါ်လာတယ်။ ထီဆုကြီးပေါက်။ ကောင်မလေးလည်း ရေမြင့်တော့ကြာတင့် လှူနိုင်ပေးနိုင် သုံးနိုင်စွဲနိုင်သည့် ဘဝရောက်ကရော။ (ဗေဒင်သုတ၏ မူပိုင် ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည် ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ)
![](http://www.baydin.info/wp-content/uploads/2020/09/jointkarma222.jpg)
အထက်ပါဥပမာနှစ်ခုကို မူတည်ပြီး ပြောပြချင်တာက ကုသိုလ်ကံအကျိုးပေးတွေပဲဖြစ်ဖြစ်… အကုသိုလ်ကံ အကျိုးပေးတွေပဲ ဖြစ်ဖြစ်…တူရာတူရာ စုမိလာရင် ပိုမိုသန်စွမ်းအားကြီးလာကြပါတယ်။
ဒါကြောင့်လည်း အစုလိုက်အပြုံလိုက် စပ်တူထီပေါက်ကြတာတွေ…အစုလိုက်အပြုံလိုက် .မတော်တဆမှုဖြင့် အသက်ဆုံးရှုံးကြ ၊ ဆေးရုံဆေးခန်း ပြေးကြရတာတွေ ဖြစ်ပေါ်လာကြတာပါ။
နောက်ထပ် ကံအကျိုးပေးတွေနဲ့ပတ်သက်ပြီး ၊ ကံမတူရင်တောင် ကံမှီလို့ရတဲ့ နည်းလေးတွေ၊ ကောင်းကံကို ကူးစေပြီး ၊ မကောင်းကံကို ရှောင်လွှဲနိုင်ဖို့ ကြိုးစားရသည့် နည်းလေးတွေ အကြောင်းလည်း ကျွန်တော် တွေးမိတာလေးတွေ တင်ပြရေးသားပေးသွားပါဦးမယ်ခင်ဗျား။
လေးစားလျက် – ဆရာစိုးမိုးထွန်း (ခေါ်) ဆရာဝေသာလီမောင်ဖုန်း
![](http://www.baydin.info/wp-content/uploads/2019/02/addresssmt.jpg)
(ဗေဒင်သုတ၏ မူပိုင်ဆောင်းပါး ဖြစ်သည်။ အခြားသော Social Media Platform များ နှင့် Website များတွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါ။ ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးတင်ပါသည်)