တရုတ်ရိုးရာဗေဒင်ပညာအရ ၂၀၂၂-ခုနှစ်သည် ရေကျား(Water Tiger) နှစ် ဖြစ်သည်။ ကမ္ဘာတဝန်း ကြီးမားသော ပြိုင်ဆိုင်မှုများ ပြင်းထန်လာမည့် အနေအထားဖြစ်သည်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ခိုင်မာသူများ အောင်မြင်မှု ရရှိလာမည့်နှစ်ဖြစ်သည်။ အပြောင်းအလဲနှင့်တိုးတက်မှုကို ဖန်တီးလိုသူများအတွက် ကောင်းမွန်သော အခွင့်အလမ်းသစ်များ ပေါ်ပေါက်လာမည်။ ကမ္ဘာလုပ်ငန်းစီးပွား လည်ပတ်မှုလည်း မြင့်မားလာမည်။ *ကြွက်နှစ်ဖွားများအတွက်ကံဇာတာ* 1912 ၊ 1924 ၊ 1936 ၊ 1948 ၊ 1960 ၊ 1972 ၊ 1984 ၊ 1996 ၊ 2008 ၊ 2020 ခုနှစ်များတွင် မွေးဖွားသူများသည် ကြွက်နှစ်ဖွားများ ဖြစ်သည်။ (ဇန်နဝါရီလ နောက်ဆုံးပတ်နှင့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမွေးသူများသည် တရုတ်ပြက္ခဒိန်အရ နှစ်ဖွားပြောင်းလဲနိုင်ပါသည်။) ကံကောင်းမွန်သောနှစ်ဖြစ်သည်။ […]
